Tuesday, September 30, 2014

၂ နှစ်အရွယ်ကလေးကို အဖိုးဖြစ်သူက ရေနှစ်သတ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်

အသက် ၂ နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံး မှုကို သေမှုသေခင်းဖြင့်အမှုဖွင့် စစ်ဆေးနေရာမှ အဖိုးဖြစ်သူမှ သတ်ခဲ့ သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လူသတ်မှုသို့ ပြောင်းလဲ အမှုဖွင့် ခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၈ ရက်၊ ည ၁၀ နာရီခန့်က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ ရုံးက သတင်းထုတ် ပြန်ထားသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက်၊ နံနက် ၅ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၈) ရပ်ကွက်၊ ရဲကျော်သူ လမ်းဘေးတွင် အသက် ၂ နှစ်အရွယ်ကလေးငယ်မှာ ပက်လက် အနေအထားဖြင့် ပါးစပ်တွင်အမြှုပ်များ ထွက်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသဖြင့် ဒဂုံဆပ်ကမ်းမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂၀/၁၄) ဖြင့်အမှုဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ အဆိုပါမိန်းကလေးငယ်သည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၈) ရပ်ကွက်၊ ရဲကျော်သူလမ်းတွင် နေထိုင်သူဖြစ်ပြီး မိဘဖြစ်သူမှာခရီးထွက်ရန်ရှိသဖြင့် တစ်လမ်းတည်းတွင်နေထိုင်သည့် ၎င်း၏အဖိုးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးခင်မောင်ညွန့်ထံ အပ်နှံထားခဲ့သည်ကို တွေ့ရှိခဲ့သည်။

ယင်းသို့အပ်နှံခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် ဦးခင်မောင်ညွန့်မှ မြေးဖြစ်သူ မိန်းကလေးကို ထမင်းခွံ့နေစဉ်တွင် မြေးဖြစ်သူမှ၎င်း၏လက်ကိုကိုက်သဖြင့် ဘီလူးစီးသည်ဟု ထင်မှတ် ပြီး နေအိမ်အောက်တွင် ရေနှစ်သတ်ခဲ့သည်ကို စစ်ဆေးသိခဲ့ရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြ ထားသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဦးခင်မောင်ညွန့်ကိုအရေးယူပေးပါရန် ရဲအုပ်သက်နိုင်က တရားလိုပြုတိုင် တန်းပြီး ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက (ပ) ၄၀၈/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် စက်တင်ဘာ ၂၈ ရက်တွင်ပြောင်းလဲအမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

Mizziam News Daily

No comments:

Post a Comment