Wednesday, September 24, 2014

အိတ်ဇောသံဆူညံစွာ မောင်းနှင်သည့်ဆိုင်ကယ်များအား မန္တလေးမြို့တွင် စည်ပင်ဥပဒေအရ အရေးယူမည်

ဆိုင် ကယ်စီးလူငယ်တချို့မှာ အိတ်ဇော သံဆူညံစွာဖြင့် မန္တလေးမြို့တွင်း မောင်းနှင်လျက်ရှိသည်ကို စစ်ဆေး တွေ့ရှိရသောကြောင့် နဂိုအိတ်ဇော မဟုတ်ဘဲ အသံဆူညံစေသည့် အိတ် ဇောများဖြင့် အစားထိုးပြောင်းလဲ တပ်ဆင်ထားသော ဆိုင်ကယ်များ ကို စည်ပင်သာယာရေးဥပဒေပုဒ်မ -၂၆ဖြင့် အရေးယူသွားမည်ဖြစ် ကြောင်း အမှတ်(၁၁)ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

အိတ်ဇောသံဆူညံစွာဖြင့် မောင်း နှင်ခြင်းသည် အများပြည်သူအား စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည့်
အပြင် မော်တော်ယာဉ် ဥပဒေအရ လည်း ကိုက်ညီမှုမရှိသောကြောင့် အရေးယူရခြင်းဖြစ်ရာ စည်ပင်သာ ယာရေးဥပဒေပုဒ်မ-၂၆အရ ငွေ ဒဏ်ချမှတ်နိုင်သကဲ့သို့ ထောင်ဒဏ် အဖြစ် အများဆုံး၃နှစ်အထိချမှတ် ခြင်း ခံရနိုင်ကြောင်း မန္တလေးမြို့ အမှတ်(၁၁) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ မှူးရုံးမှ ရဲမှူးသိန်းကိုကိုက ပြောသည်။
''တချို့မော်တော်ဆိုင်ကယ်ပိုင် ရှင်တွေက ကညနမှာ မှတ်ပုံတင် ထားတဲ့အတိုင်းမဟုတ်ဘဲ စက်သံ လုံခြုံစေတဲ့ အိတ်ဇောတွေကို ဖြုတ် ပြီးတော့ အသံကိုဆူညံစွာထွက်ပေါ် စေတဲ့ အိတ်ဇောပိုက်တွေ ပြောင်း လဲတပ်ဆင်မောင်းနှင်နေတာကို စစ် ဆေးတွေ့ရှိရပါတယ်။ အများစုက တော့ ဆိုင်ကယ်ကို စတန့်ထွင် မောင်းနှင်ချင်တဲ့ လူငယ်တွေဖြစ်ပြီး နေ့ခင်းဘက်ထက် ညခင်းဘက်တွေ မှာ အဲဒီလိုဆူညံစွာ မောင်းနှင်မှု ပို များတာကြောင့် ညပိုင်းမှာ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းထိန်း သိမ်းရေးအတွက် တာဝန်ထမ်း ဆောင်နေတဲ့ လှည့်ကင်းတွေနဲ့ တွေ့ ရင်လဲ ဥပဒေအရအရေးယူခြင်း ခံရမှာ ဖြစ်ပါတယ်'' ဟု ယင်းက ထပ်မံရှင်းပြသည်။

လက်ရှိတွင် မန္တလေးခရိုင်အ တွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များနှင့် မော်တော်ဆိုင်ကယ် များအား ထိရောက်စွာဖမ်းဆီး အ ရေးယူနိုင်ရေးအတွက် ဌာနပေါင်း စုံအဖွဲ့များပူးပေါင်းပါဝင်သည့် အဖွဲ့ ၃၁ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ အိတ်ဇောသံဆူညံစေသည့် ဆိုင် ကယ်များအား ဖမ်းဆီးအရေးယူခြင်း ကို စက်တင်ဘာလ ဒုတိယပတ်တွင် စတင်လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် အစီးရေ ၂ဝကျော်အား အရေးယူ နိုင်ခဲ့ပြီးဖြစ်သည်။

Yangon Media Group

No comments:

Post a Comment