Monday, September 8, 2014

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများရှိခဲ့သော်လည်း သိပ္ပံနည်းဖြင့်သာ ရှာဖွေသင့်ကြောင်း ဒေါက်တာချစ်စံဝင်းပြော

Photo: ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများရှိခဲ့သော်လည်း
သိပ္ပံနည်းဖြင့်သာ ရှာဖွေသင့်ကြောင်း ဒေါက်တာချစ်စံဝင်းပြော 
Monday, September 8, 2014

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများ ရှိခဲ့ သော်လည်း ခေါင်းလောင်းဆယ်ယူရန် သိပ္ပံ နည်းပညာများကို အသုံးပြုရှာဖွေသင့်ကြောင်း မြန်မာသမိုင်းအဖွဲ့ဝင်၊ ရှေးဟောင်းသုတေ သီ ဒေါက်တာချစ်စံဝင်းက ပြောသည်။

အဆိုပါ ခေါင်းလောင်းဆယ်ယူ ရာတွင် ခေါင်းလောင်းကိုစိတ်စွဲပြီး သေဆုံး သူများမှာ မကျွတ်မလွတ်ဘဲ ပူးကပ်ခြင်း များရှိခဲ့ကြောင်း သိရသည်။
''ပူးတာတွေတော့ ဖြစ်ခဲ့ဖူးတယ်။ ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရခဲ့တဲ့ ဒေါ်ခင်အေးသိန်းကတော့ သူ့ကိုယ်တွေ့ အဖြစ်အပျက်ကို ပြောပြဖူးတယ်။ အမျိုးသမီး တစ်ယောက်က ညောင်လေးပင်မှာ ပူးပြီး ပြောတယ်။ ပြင်သစ်လိုလဲ မဟုတ်၊ စပိန်လို လဲမဟုတ်ဘူး။ ပေါ်တူဂီစကားနဲ့ ပြောတာ။ ဝင်ပူးတာက ငဇင်ကာဖြစ်တယ်လို့ ပြော တယ်။ ခေါင်းလောင်းကြီးကိုစွဲပြီး မကျွတ် ဘူးလို့ပြောတယ်။ အဲဒီလို အဖြစ်အပျက်တွေ ကတော့ အများကြီးပဲ၊ ယုံကြည်လို့တော့ မရပါဘူး။ ဆရာကတော့ နဂါးမေးပြီး ဗေ ဒင်မေးပြီးတော့ ရှာလို့မရဘူး။ ရိုးရာနည်း တွေနဲ့အတူ သိပ္ပံနည်းကျ ရှာဖွေဖို့လိုတယ်'' ဟု ဒေါက်ချစ်စံဝင်းက ပြောသည်။

သိပ္ပံနည်းပညာများဖြစ်သော ရူပ ဗေဒနည်းပညာဖြင့် အသံလှိုင်းအား ထုတ် လွှင့်ရှာဖွေခြင်းနှင့် ဓာတုဗေဒနည်းပညာ များဖြစ်သော ကြေးဓာတ်များသော ရေပြင် နေရာတွင် ရှာဖွေခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လက်ရှိဆယ်ယူရေးအ ဖွဲ့အား လေးစားအသိအမှတ်ပြုကြောင်း ပြောသည်။
''ဦးစံလင်းတို့ ရှာဖွေနေတယ်။သူတို့ရှာဖွေတာကို လေးစားတယ်။ ရှာတွေ့ ရင်ကောင်းမယ်။ နဂါးတွေနဲ့ရှာရင်တော့ မရနိုင်ဘူး။ သံတုံးက ရေထဲကျသွားတာကို ခေတ်မီ ရူပဗေဒ၊ ဓာတုဗေဒနည်းပညာ မပါဘဲ ဒီခေါင်းလောင်းကြီး ဘယ်လိုမှမရ နိုင်ဘူး''ဟု ယင်းက ဆက်ပြောသည်။

ခေါင်းလောင်းဆယ်ယူရေးအ တွက် သတင်းများထုတ်ပြန်ရာတွင် နဂါး များ ပါလာသောကြောင့် ဝေဖန်မှုများခံရ ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက် ၍ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြု ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းက ''အန်ကယ့်ကို အချို့တွေ က နဂါးပြန်ကြားရေး ဦးကြည်ဝင်းလို့တောင် ပြောကြတယ်။ အန်ကယ် သည်းခံပါတယ်။ အန်ကယ်တို့က ဝိပဿနာသမားတွေဆို တော့ သည်းခံပါတယ်''ဟု ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ် ယူရေးကို ယခင်ယဉ်ကျေးမှုဝန်ကြီးဦးကျော် ဆန်းလက်ထက်တွင် စာတမ်းဖတ်ပွဲများပြု လုပ်ကာ စင်ကာပူမှပညာရှင်များ၊ ရေကြောင်း ကျွမ်းကျင်ပညာရှင်များ၊ အလှူရှင်များနှင့် ဆွေးနွေးခဲ့ဖူးကြောင်းနှင့် ယဉ်ကျေးမှုဝန်ကြီး အပြောင်းအလဲဖြစ်သွားပြီးနောက် ယဉ် ကျေးမှုဝန်ကြီးဌာနမှ နှုတ်ဆိတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

YangonMediaGroup
ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများ ရှိခဲ့ သော်လည်း ခေါင်းလောင်းဆယ်ယူရန် သိပ္ပံ နည်းပညာများကို အသုံးပြုရှာဖွေသင့်ကြောင်း မြန်မာသမိုင်းအဖွဲ့ဝင်၊ ရှေးဟောင်းသုတေ သီ ဒေါက်တာ ချစ်စံဝင်းက ပြောသည်။

အဆိုပါ ခေါင်းလောင်းဆယ်ယူ ရာတွင် ခေါင်းလောင်းကိုစိတ်စွဲပြီး သေဆုံး သူများမှာ မကျွတ်မလွတ်ဘဲ ပူးကပ်ခြင်း များရှိခဲ့ကြောင်း သိရသည်။

''ပူးတာတွေတော့ ဖြစ်ခဲ့ဖူးတယ်။ ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရခဲ့တဲ့ ဒေါ်ခင်အေးသိန်းကတော့ သူ့ကိုယ်တွေ့ အဖြစ်အပျက်ကို ပြောပြဖူးတယ်။ အမျိုးသမီး တစ်ယောက်က ညောင်လေးပင်မှာ ပူးပြီး ပြောတယ်။ ပြင်သစ်လိုလဲ မဟုတ်၊ စပိန်လို လဲမဟုတ်ဘူး။ ပေါ်တူဂီစကားနဲ့ ပြောတာ။ ဝင်ပူးတာက ငဇင်ကာဖြစ်တယ်လို့ ပြော တယ်။ ခေါင်းလောင်းကြီးကိုစွဲပြီး မကျွတ် ဘူးလို့ပြောတယ်။ အဲဒီလို အဖြစ်အပျက်တွေ ကတော့ အများကြီးပဲ၊ ယုံကြည်လို့တော့ မရပါဘူး။ ဆရာကတော့ နဂါးမေးပြီး ဗေ ဒင်မေးပြီးတော့ ရှာလို့မရဘူး။ ရိုးရာနည်း တွေနဲ့အတူ သိပ္ပံနည်းကျ ရှာဖွေဖို့လိုတယ်'' ဟု ဒေါက်ချစ်စံဝင်း က ပြောသည်။

သိပ္ပံနည်းပညာများဖြစ်သော ရူပ ဗေဒနည်းပညာဖြင့် အသံလှိုင်းအား ထုတ် လွှင့်ရှာဖွေခြင်းနှင့် ဓာတုဗေဒနည်းပညာ များဖြစ်သော ကြေးဓာတ်များသော ရေပြင် နေရာတွင် ရှာဖွေခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လက်ရှိဆယ်ယူရေးအ ဖွဲ့အား လေးစားအသိအမှတ်ပြုကြောင်း ပြောသည်။
''ဦးစံလင်းတို့ ရှာဖွေနေတယ်။သူတို့ရှာဖွေတာကို လေးစားတယ်။ ရှာတွေ့ ရင်ကောင်းမယ်။ နဂါးတွေနဲ့ရှာရင်တော့ မရနိုင်ဘူး။ သံတုံးက ရေထဲကျသွားတာကို ခေတ်မီ ရူပဗေဒ၊ ဓာတုဗေဒနည်းပညာ မပါဘဲ ဒီခေါင်းလောင်းကြီး ဘယ်လိုမှမရ နိုင်ဘူး''ဟု ယင်းက ဆက်ပြောသည်။

ခေါင်းလောင်းဆယ်ယူရေးအ တွက် သတင်းများထုတ်ပြန်ရာတွင် နဂါး များ ပါလာသောကြောင့် ဝေဖန်မှုများ ခံရ ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက် ၍ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အ ထောက် အကူပြု ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းက ''အန်ကယ့်ကို အချို့တွေ က နဂါးပြန်ကြားရေး ဦးကြည်ဝင်းလို့တောင် ပြောကြတယ်။ အန်ကယ် သည်းခံပါတယ်။ အန်ကယ်တို့က ဝိပဿနာသမားတွေ ဆို တော့ သည်းခံပါတယ်''ဟု ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ် ယူရေးကို ယခင်ယဉ်ကျေးမှုဝန်ကြီးဦးကျော် ဆန်းလက်ထက်တွင် စာတမ်းဖတ်ပွဲများပြု လုပ်ကာ စင်ကာပူမှပညာရှင်များ၊ ရေကြောင်း ကျွမ်းကျင်ပညာရှင်များ၊ အလှူရှင် များနှင့် ဆွေးနွေးခဲ့ဖူးကြောင်းနှင့် ယဉ်ကျေးမှုဝန်ကြီး အပြောင်းအလဲဖြစ်သွားပြီးနောက် ယဉ် ကျေးမှု ဝန်ကြီးဌာနမှ နှုတ်ဆိတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

YangonMediaGroup

No comments:

Post a Comment