Tuesday, September 16, 2014

သန္တိသုခကျောင်းတိုက်အတွင်း သံဃာများ၊ တုတ်၊ ဓားများဖြင့် ရှိနေသည်ဟု သီတဂူဆရာတော်မမိန့်ကြားကြောင်း စီမံအုပ်ချုပ်ဆရာတော်များ မြွက်ကြား

သန္တိသုခကျောင်းတိုက် တွင် ဆရာတော်၊ သုံးဆယ်တို့ သည် တုတ်၊ ဓားတို့နှင့် ရှိနေ၍ အရေးယူရန် လိုအပ်နေကြောင်း သီတဂူ ဆရာတော်ကြီးက မိန့် ကြားခဲ့ခြင်းမရှိဟု သီတဂူကျောင်းတိုက်ရှိ စီမံအုပ်ချုပ်ရေး ဆရာတော်များက မြွက်ကြားသည်။
သန္တိသုခ ကျောင်းတိုက်မှ ဖယ်ရှားရန် မဟနဆုံးဖြတ်ချက် ပါ အချက်သုံးချက်တွင် ပါဝင် သည့် သံဃာ့အစည်းအဝေးတွင်အထက်ပါ အကြောင်းအရာကို ဒကာတစ်ဦးနှင့် လာရောက်လျှောက်ထားကြောင်း
မဟနဥက္ကဋ္ဌ ဆရာတော်က မိန့်ကြားသည်ဟု ဆရာတော် ဦးဥတ္တရ(အင်္ဂလန်ဆရာတော်)က မိန့်ကြားမှုအပေါ် သီတဂူကျောင်းတိုက်ရှိ စီမံအုပ်ချုပ်ရေး ဆရာတော်များက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
‘‘သီတဂူ ဆရာတော်ကြီး ကိုယ်ပိုင်ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ၊ ဘယ်ဒကာကိုမှ သွား ရောက်ပြောကြားခြင်း၊ ပြောခိုင်း လေ့မရှိပါဘူး’’ ဟု စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ပညောဘာသက မိန့်ကြားသည်။
သီတဂူ ဆရာတော်ကြီး သည် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အ စည်းထံကိုမှ သန္တိသုခအရေးကိစ္စ နှင့် ပတ်သက်၍ အကြောင်းတစ် စုံတစ်ရာမှ မိန့်ကြားခဲ့ခြင်းမပြုခဲ့ကြောင်း ဒေါက်တာ ပညောဘာသက ထပ်လောင်းမြွက်ကြား သည်။ ‘‘သီတဂူဆရာတော်ကြီးရဲ့ သတင်းတွေထွက်နေသော် လည်းကောင်း၊ ပြောဆိုမှု မမှန်မကန်မှု၊ စာတွေရှိနေရင်လည်းကောင်း၊ဒါက လုပ်ကြံသတင်းတွေပါဖြစ် ပါတယ်’’ ဟု စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာကောဝိဒကဆက်လက် မြွက်ကြားသည်။
ထိုကဲ့သို့ သတင်းထွက်ပေါ် မှုတွင် မည်သည့်ပုဂ္ဂိုလ်ကိုမှ အ ရေးယူဆောင်ရွက်ခြင်းမရှိဘဲ သီ တဂူဆရာတော်ကြီးဂုဏ်သိက္ခာ အတွက် ပြန်လည်ဖြေရှင်းခြင်းဖြစ် ကြောင်း အထက်ပါဆရာတော် များက မိန့်ကြားသည်။
သီတဂူ ဆရာတော်ကြီးနှင့် ပတ်သက်သော သတင်းများကို ရေးသားပါက စီမံအုပ်ချုပ်ရေး အဖွဲ့ထံသို့ အတည်ပြုချက် တောင်းခံပြီးမှ သတင်းထုတ်ပြန်ရန် ဆရာတော်များက မေတ္တာရပ်ခံခဲ့သည်။
လက်ရှိသီတဂူဆရာတော် ကြီးသည် စက်တင်ဘာ ၁၇ ရက် ကိုရီးယားနိုင်ငံတွင် နှစ်ရက်ကြာ ကျင်းပမည့် ဘာသာရေးညီလာခံအစည်းအဝေးသို့ တက်ရောက် ရန် ယနေ့ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment