Friday, September 12, 2014

မသန်စွမ်း ဘတ်စကက်ဘော မိန်းကလေး ရေကူး ချန်ပီယံဆု ဆွတ်ခူး

Photo: မသန်စွမ်း ဘတ်စကက်ဘော မိန်းကလေး ရေကူး ချန်ပီယံဆု ဆွတ်ခူး

စက်တင်ဘာ ၁၂ ရက် ၊ ၂၀၁၄ ခုနှစ်

ဘတ်စကက်ဘော မိန်းကလေးဟု လူသိများသော မသန်စွမ်း အမျိုးသမီး ငယ်သည် စက်တင်ဘာ ၁ ရက်က ယူ နန်ပြည်နယ်၌ ကျင်းပသော ပါရာဂိမ်း မီတာ ၁ဝဝ ရေကူး ပြိုင်ပွဲ၌ ရွှေတံဆိပ် ဆု ဆွတ်ခူး ရရှိခဲ့ကာ တရုတ်နိုင်ငံသား တို့အား နှစ်ထောင်း အားရစေခဲ့သည်။

ချန်ရန်ဟုန်သည် ၂ဝဝဝ ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှု ကြောင့် ခြေထောက်နှစ်ဖက် စလုံး ဆုံးရှုံး ခဲ့ရသည်။ ယခု အခြေအနေ ရောက်ရန် အတွက် ခါးအောက်တွင် ဘတ်စကက်ဘော ခုကာ လက်နှစ်ဖက် သုံး၍ လမ်းလျှောက် ကျင့်ခဲ့ရသည်။

ချန်သည် ၂ဝဝ၇ ခုနှစ်တွင် ရေကူး လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့ပြီး ယူနန် လူငယ်ရေကူးကလပ် အသင်းဝင် တစ်ဦးဖြစ် လာခဲ့သည်။ ထို့နောက် ပြီးခဲ့သောနှစ်က ကျင်းပခဲ့ သည့် ယူနန် ပါရာဂိမ်း ပြိုင်ပွဲ တွင် ရွှေတံဆိပ် သုံးဆု ရရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ်က ကျင်းပခဲ့သည့် အသက် ၁၈ နှစ် အောက် မသန်စွမ်းရေကူး ပြိုင်ပွဲ တွင် ရွှေတံဆိပ် တစ် ခုနှင့် ငွေတံဆိပ်နှစ်ခု ရရှိ ခဲ့သည်။
၎င်း၏ စွမ်းဆောင်ရည်အား နိုင်ငံ သားများက ချီးကျူးထောပနာပြုခဲ့ကြ သည်။
”ဒီမိန်းကလေးကို အထက်တန်း ကျောင်းသားဘဝက ကြည့်ဖူးတဲ့ ယာဉ် အန္တရာယ် ပညာပေး ဗီဒီယိုထဲမှာ မြင်ဖူး တယ်။ ဘတ်စကက် ဘောလုံး အသစ်အ လှူရှင် ကို စောင့်မျှော်နေ ပါတယ်လို့ သူ ပြောခဲ့တဲ့ စကားကို ကျွန်တော် မှတ်မိနေ သေးတယ်။ အခုလို ပြန်မြင်တွေ့ရတာ ဝမ်းသာပါတယ်” ဟု နိုင်ငံသား တစ်ဦးက ဆိုသည်။

TW
Ref: China Daily

No comments:

Post a Comment