Thursday, September 11, 2014

စစ်တွေတွင် ပုဒ်မ ၁၄၄ စက်တင်ဘာ ၁၁ ရက်ရုပ်သိမ်းမည်


၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့၌ ထုတ်ပြန်ခဲ့သည့်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ကို စက်တင်ဘာ ၁၁ ရက်တွင် ပြန် လည်ရုပ်သိမ်းတော့မည်ဟု ပြည် နယ်အစိုးရအဖွဲ့မှ သတင်းရရှိ သည်။
စစ်တွေမြို့တွင် ပဋိပက္ခဖြစ် စဉ်များကြောင့် ပုဒ်မ ၁၄၄ထုတ် ပြန်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်ကာ ကြည့်ကာ ညမထွက်ရအချိန်ကို တဖြည်း ဖြည်း လျှော့ချပေးခဲ့သည်။ ယခုအခါ ဒေသဆိုင်ရာ အဖွဲ့အစည်း များ စနစ်တကျထိန်းသိမ်းကြပ် မတ်နိုင်မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ ဖြန့်ခွဲနေရာချ ဆောင်ရွက် ထားရှိမှုတို့ကြောင့် ပိုမိုတည် ငြိမ်အေးချမ်းလာ၍ ပုဒ်မ ၁၄၄ ပြန်လည်ရုပ်သိမ်းခြင်းမှာ သင့် လျော်သည့် လုပ်ရပ်တစ်ခုဖြစ် ကြောင်း စစ်တွေမြို့ခံများကပြော သည်။

ပုဒ်မ ၁၄၄ ဆက်လက်ထုတ် ပြန်ထားခြင်းကြောင့် ရခိုင်ပြည် နယ်၏ဟိုတယ်နှင့်ခရီး သွားလာ ရေး လုပ်ငန်းများ၊ နယ်စပ်ကုန် သွယ်လုပ်ငန်းများနှောင့်နှေးခဲ့ရ ပြီး နိုင်ငံသားတစ်ဦးချင်း၏ ရပိုင်ခွင့်များ ဆုံးရှုံး ခဲ့သည်ဟုဆိုသည်။
ရခိုင်ပြည်နယ်မြို့နယ်အသီး သီးတွင် ထုတ်ပြန်ထားသည့်ပြစ် မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ မှာ သက်ဆိုင်ရာမြို့နယ်များ၏တည် ငြိမ်အေးချမ်းမှုပေါ်မူတည်ကာ အချိန်တိုးမြှင့်ခြင်း၊ အချိန်လျှော့ ချခြင်းနှင့် ပြန်လည်ရုပ်သိမ်းခြင်း များဆောင်ရွက်နေကြောင်း သိရ သည်။

7 Day Daily

No comments:

Post a Comment