Thursday, September 11, 2014

ရေပေါ်ရောက်မှ သတင်းထုတ်တော့မည်ဆိုသည့် ဓမ္မစေတီခေါင်းလောင်းသတင်းမှတ်စု

Photo: ရေပေါ်ရောက်မှ သတင်းထုတ်တော့မည်ဆိုသည့်
ဓမ္မစေတီခေါင်းလောင်းသတင်းမှတ်စု
=====================================================

သူသူထက်လွင် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၅)။

ရန်ကုန်၊

ပြီးခဲ့သည့်လ၂၆ရက် မှ စက်တင်ဘာ ၁ဝရက်အထိ ၁၅ရက်တိုင်တိုင် ဆယ်ယူရေးလုပ်ငန်းစဉ်များဖြစ်သော သောင်တူးခြင်း၊ သဲနုန်းတူးခြင်းများကို ဆက်လက်ဆောင်ရွက်နေသည့် ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပတ်သက် ပြီး ရေပေါ်ဆယ်ယူနိုင်မှသာ သတင်းထုတ်ပြန်တော့မည်ဟု ဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ပြောဆို လိုက်သည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ဝင်များသည် သြဂုတ်၇ရက်မှ၁၅ရက်အထိ ရှစ်ရက်တိုင်တိုင်ရှာဖွေ ခဲ့ပြီး သြဂုတ်၁၅ရက်ညတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ကာ ၁၉ရက်ကြာ ခေါင်းလောင်းဆယ်ယူ ရေးလုပ်ငန်းစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်သည့်သတင်းများကို ပြည်သူလူထုစိတ်ဝင်စားမှုအမြင့်ဆုံးအခြေအနေ အထိ ရောက်ရှိခဲ့သည်နှင့်အတူ ဓမ္မစေတီခေါင်းလောင်းကြီး တကယ်ရှိ၊ မရှိဆိုသည့် ကိုယ်စီ၊ ကိုယ်စီယုံကြည် ချက်များဖြင့် ငြင်းခုံမှုများလည်းရှိခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူခွင့်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုချက်ကို ဇူလိုင်၁၄ရက် က ရရှိထားပြီး ဇူလိုင်၂၄ရက်တွင်တော့ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးနှင့်ပတ်သက်သော စာနယ်ဇင်းရှင်း လင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် လွန်ခဲ့သည့် ၁၆ နှစ်ကတည်းက တွေ့ရှိထားပြီးဖြစ်သည့် ခေါင်းလောင်းကြီး ကို ရွှေတိဂုံစေတီပေါ်သို့အရောက်ဆယ်တင်သွားမည်ဟု ရေတပ်အရာရှိဟောင်းတစ်ဦးဖြစ်သူ ဦးစံလင်းက ပြော ဆိုလိုက်သည်။ 

ယင်းသို့ဆယ်ယူရန်အတွက် မြန်မာငွေကျပ်သိန်း ၁၈ဝဝဖြင့် ဆလုံလူမျိုးရေငုပ်သမား ၁ဝဦး အ သုံးပြုမည်ဟုလည်း ၄င်းက ပြောဆိုခဲ့သည်။ 

ရန်ကုန်မြစ်အတွင်း ရေအောက်အနက် ၅၂ပေခန့်တွင် တည်ရှိသည် ဟုဆိုကာ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများကို သြဂုတ်၇ရက်တွင် စတင်ခဲ့သည်။

သြဂုတ်၁၅ရက်ညဘက်တွင် ရေအောက်၌ ခေါင်းလောင်းနှစ်လုံးတွေ့ပြီဟု ဦးစံလင်းဦးဆောင်သော ရှာဖွေ ဆယ်ယူရေးကော်မတီက သတင်းထုတ်ပြန်သည်။

''တွေ့တယ်ဆိုတာက ရေငုပ်အဖွဲ့တွေ၊ ရေငုပ်သမားတွေကပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုကော်မတီ)တွေက ဓမ္မစေတီခေါင်းလောင်းလို့အတည်ပြုပေးလို့မရသေးဘူး။ ခေါင်းလောင်း က ရေငုပ်သမားတွေပြောတဲ့စကားအရ နှစ်လုံးတွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ်လုံး။ သူတို့ပြောတာက တွေ့ပြီ၊ တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခုလောလောဆယ် သောင်တူးစက်နဲ့ တူးနေတာနှစ်ရက် ရှိပြီ။ သဲတွေစုပ်နေတုန်းပဲ။ အတည်ပြုပေးဖို့အချိန်ယူရမယ်'' ဟု  ဓမ္မစေတီမွန်ခေါင်းလောင်းတော် ဆယ်ယူရေး အ ထောက်အကူပြု ဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ) နိုင်ဝဲ့က ပြောဆိုခဲ့သည်။

သြဂုတ်၂၆ရက်တွင် ဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းတွေ့ရှိပြီဟု ပြန် ကြားရေးအဖွဲ့ဝင်များမှတစ်ဆင့် တရားဝင်ထုတ်ပြန်လိုက်သည်။ ရေအောက်မှဓမ္မစေတီခေါင်းလောင်းအား ဆွဲတင်ဆယ်ယူနိုင်ရန် နိုင်ငံတော်နှင့်ညှိနှိုင်းပြီး သင်္ဘောကြီးတစ်စင်းတောင်းယူသွားမည်ဟုလည်း ပြောဆိုသွားခဲ့သည်။

စက်တင်ဘာ၅ရက်က ရေအောက်တွင်တွေ့ရှိထားသောခေါင်းလောင်းကို ဓမ္မစေတီခေါင်းလောင်းဟုတ် မဟုတ် နိုင်ငံတော်မှ စစ်ဆေးအတည်ပြုနိုင်မည့်နေရာသို့ ခေါင်းလောင်းအားကြိုးချည်ပြီး နေရာရွှေ့ပေးမည်ဖြစ် ကြောင်း ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းကဆိုသည်။

အချိန်အားဖြင့် တစ်လတိတိကြာမြင့်သွားသည့် စက်တင်ဘာ ၇ရက်တွင်တော့ ခေါင်းလောင်းကို ဆယ်ယူ နိုင်ခြင်းမရှိသေးဘဲ သဲနုန်းများကို သောင်တူးစက်ဖြင့်တူးနေသည့်အဆင့်တွင်ပင် ရှိသေးသည်။

စက်တင်ဘာ ၉ရက်တွင်တော့ ခေါင်းလောင်းအခြေအနေထူးခြားမှု မရှိသေးဘဲဖြစ်နေကာ ခေါင်းလောင်းကြီး ကို မရမချင်းဆယ်ယူသွားမည်ဟု ဆယ်ယူရေးအထောက်အကူပြုပြန်ကြားရေးအဖွဲ့မှဦးသန်းစိန်ကပြောသည်။

စက်တင်ဘာ ၁ဝရက်တွင် ခေါင်းလောင်းဆယ်ယူရေးအတွက် တူးဖော်ရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး အချိန်စောင့်ဆိုင်းပေးရန် ၄င်းက ပြောသည်။

''ခေါင်းလောင်းကိုကြိုးချည်တယ်ဆိုတာလဲ ကိုယ့်ဘက်ကအထင်နဲ့ပဲပြောနေတာ၊ ဦးစံလင်းကပြောတာမဟုတ် လို့ အတည်ပြုလို့မရဘူး။ ခေါင်းလောင်းကြီးတွေ့တော့ အန်ကယ်က နိုင်ငံတော်ကို အပ်မယ်။ ဆယ်မယ်ဆိုပြီး ပြောလိုက်တာ တစ်မျိုးဖြစ်သွားတယ်။ ကျန်တဲ့အပိုင်းကတော့ အတည်ပြုပေးလို့မရပါဘူး'' ဟု မွန်ဓမ္မစေတီ ခေါင်း လောင်းဆယ်ယူရေးအထောက်အကူပြု ဆပ်ကော်မတီဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။

လက်ရှိအခြေအနေတွင် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများကို သောင်တူးစက်ဖြင့်ဆောင်ရွက်နေဆဲ သာဖြစ်သည်။

#TheYangonTimes
ပြီးခဲ့သည့်လ၂၆ရက် မှ စက်တင်ဘာ ၁ဝရက်အထိ ၁၅ရက်တိုင်တိုင် ဆယ်ယူရေးလုပ်ငန်း စဉ်များဖြစ်သော သောင်တူးခြင်း၊ သဲနုန်းတူးခြင်းများကို ဆက်လက်ဆောင်ရွက်နေသည့် ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပတ်သက် ပြီး ရေပေါ်ဆယ်ယူနိုင်မှသာ သတင်းထုတ်ပြန်တော့မည်ဟု ဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ပြောဆို လိုက်သည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ဝင်များသည် သြဂုတ်၇ရက်မှ၁၅ရက်အထိ ရှစ်ရက်တိုင်တိုင်ရှာဖွေ ခဲ့ပြီး သြဂုတ်၁၅ရက်ညတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ကာ ၁၉ရက်ကြာ ခေါင်းလောင်း ဆယ်ယူ ရေးလုပ်ငန်းစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်သည့်သတင်းများကို ပြည်သူလူထုစိတ်ဝင်စားမှုအမြင့်ဆုံးအခြေအနေ အထိ ရောက်ရှိခဲ့သည်နှင့်အတူ ဓမ္မစေတီခေါင်းလောင်းကြီး တကယ်ရှိ၊ မရှိဆိုသည့် ကိုယ်စီ၊ ကိုယ်စီယုံကြည် ချက်များဖြင့် ငြင်းခုံမှုများလည်းရှိခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူခွင့်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုချက်ကို ဇူလိုင်၁၄ရက် က ရရှိထားပြီး ဇူလိုင်၂၄ရက်တွင်တော့ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးနှင့်ပတ်သက်သော စာနယ်ဇင်းရှင်း လင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် လွန်ခဲ့သည့် ၁၆ နှစ်ကတည်းက တွေ့ရှိ ထားပြီးဖြစ်သည့် ခေါင်းလောင်းကြီး ကို ရွှေတိဂုံစေတီပေါ်သို့အရောက်ဆယ်တင် သွားမည်ဟု ရေတပ် အရာရှိဟောင်းတစ်ဦးဖြစ်သူ ဦးစံလင်းက ပြော ဆိုလိုက်သည်။

ယင်းသို့ဆယ်ယူရန်အတွက် မြန်မာငွေကျပ်သိန်း ၁၈ဝဝဖြင့် ဆလုံလူမျိုးရေငုပ်သမား ၁ဝဦး အ သုံးပြုမည်ဟုလည်း ၄င်းက ပြောဆိုခဲ့သည်။

ရန်ကုန်မြစ်အတွင်း ရေအောက်အနက် ၅၂ပေခန့်တွင် တည်ရှိသည် ဟုဆိုကာ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများကို သြဂုတ်၇ရက်တွင် စတင်ခဲ့သည်။

သြဂုတ်၁၅ရက်ညဘက်တွင် ရေအောက်၌ ခေါင်းလောင်းနှစ်လုံးတွေ့ပြီဟု ဦးစံလင်းဦးဆောင်သော ရှာဖွေ ဆယ်ယူရေးကော်မတီက သတင်းထုတ်ပြန်သည်။

''တွေ့တယ်ဆိုတာက ရေငုပ်အဖွဲ့တွေ၊ ရေငုပ်သမားတွေကပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်း ဆယ်ယူရေး အထောက်အကူပြုကော်မတီ)တွေက ဓမ္မစေတီခေါင်းလောင်းလို့အတည်ပြုပေးလို့ မရသေးဘူး။ ခေါင်းလောင်း က ရေငုပ်သမားတွေပြောတဲ့စကားအရ နှစ်လုံးတွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ်လုံး။ သူတို့ပြောတာက တွေ့ပြီ၊ တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခုလောလောဆယ် သောင်တူးစက်နဲ့ တူးနေတာနှစ်ရက် ရှိပြီ။ သဲတွေစုပ်နေတုန်းပဲ။ အတည်ပြုပေးဖို့အချိန်ယူရမယ်'' ဟု ဓမ္မစေတီမွန်ခေါင်းလောင်းတော် ဆယ်ယူရေး အ ထောက်အကူပြု ဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ) နိုင်ဝဲ့က ပြောဆိုခဲ့သည်။

သြဂုတ်၂၆ရက်တွင် ဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းတွေ့ရှိပြီဟု ပြန် ကြားရေးအဖွဲ့ဝင်များမှတစ်ဆင့် တရားဝင်ထုတ်ပြန်လိုက်သည်။ ရေအောက်မှဓမ္မစေတီခေါင်းလောင်းအား ဆွဲတင်ဆယ်ယူနိုင်ရန် နိုင်ငံတော်နှင့်ညှိနှိုင်းပြီး သင်္ဘောကြီးတစ်စင်းတောင်းယူသွားမည် ဟုလည်း ပြောဆို သွားခဲ့သည်။

စက်တင်ဘာ၅ရက်က ရေအောက်တွင်တွေ့ရှိထားသောခေါင်းလောင်းကို ဓမ္မစေတီခေါင်းလောင်းဟုတ် မဟုတ် နိုင်ငံတော်မှ စစ်ဆေးအတည်ပြုနိုင်မည့်နေရာသို့ ခေါင်းလောင်းအားကြိုး ချည်ပြီး နေရာရွှေ့ပေး မည်ဖြစ် ကြောင်း ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းကဆိုသည်။

အချိန်အားဖြင့် တစ်လတိတိကြာမြင့်သွားသည့် စက်တင်ဘာ ၇ရက်တွင်တော့ ခေါင်းလောင်းကို ဆယ်ယူ နိုင်ခြင်းမရှိသေးဘဲ သဲနုန်းများကို သောင်တူးစက်ဖြင့်တူးနေသည့်အဆင့်တွင်ပင် ရှိသေးသည်။

စက်တင်ဘာ ၉ရက်တွင်တော့ ခေါင်းလောင်းအခြေအနေထူးခြားမှု မရှိသေး ဘဲဖြစ်နေကာ ခေါင်းလောင်း ကြီး ကို မရမချင်းဆယ်ယူသွားမည်ဟု ဆယ်ယူရေးအထောက်အကူပြုပြန်ကြားရေး အဖွဲ့မှ ဦးသန်းစိန်ကပြောသည်။

စက်တင်ဘာ ၁ဝရက်တွင် ခေါင်းလောင်းဆယ်ယူရေးအတွက် တူးဖော်ရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး အချိန်စောင့်ဆိုင်းပေးရန် ၄င်းက ပြောသည်။

''ခေါင်းလောင်းကိုကြိုးချည်တယ်ဆိုတာလဲ ကိုယ့်ဘက်ကအထင်နဲ့ပဲပြောနေတာ၊ ဦးစံလင်းကပြောတာမဟုတ် လို့ အတည်ပြု လို့မရဘူး။ ခေါင်းလောင်းကြီးတွေ့တော့ အန်ကယ်က နိုင်ငံတော်ကို အပ်မယ်။ ဆယ်မယ်ဆိုပြီး ပြောလိုက်တာ တစ်မျိုးဖြစ်သွားတယ်။ ကျန်တဲ့အပိုင်းကတော့ အတည်ပြုပေးလို့မရပါဘူး'' ဟု မွန်ဓမ္မစေတီ ခေါင်း လောင်းဆယ်ယူရေးအထောက်အကူပြု ဆပ်ကော်မတီဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။

လက်ရှိအခြေအနေတွင် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများကို သောင်တူးစက်ဖြင့်ဆောင်ရွက်နေဆဲ သာဖြစ်သည်။

Yangon Media Group

No comments:

Post a Comment