Tuesday, September 30, 2014

ခြေထောက်မှာ ဘုရားပုံကို ဆေးမင်ကြောင်ထိုးတဲ့ နိုင်ငံခြားသားကို ပြည်နှင်ဒဏ်ပေး

ခြောက်ထောက်မှာ ဗုဒ္ဓရုပ်ပွားတော်ပုံကို ဆေး မင်ကြောင် ထိုးထားပြီးတော့ ရွှေတိဂုံဘုရားပေါ် သို့ တက်လာတဲ့ စပိန်နိုင်ငံသား တစ်ဦးကို
သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
အဲဒီ စပိန်နိုင်ငံသားကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဗီဇာပိတ်သိမ်းပြီးတော့ ပြည်နှင်ဒဏ် ပေးလိုက်ပြီလို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်က အရာရှိတစ်ဦးက ပြောပါတယ်။
ညာဘက်ခြေထောက်မှာ ဗုဒ္ဓရုပ်ပွားတော်ပုံတော်ကို ဆေးမင်ကြောင် ထိုးထားတဲ့ အသက် ၂၈နှစ်အရွယ် စပိန်နိုင်ငံသား Mr.Centellel ဟာ စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည် ၁နာရီခွဲအချိန်မှာ ရွှေတိဂုံဘုရားပေါ်သို့ တက်လာခဲ့ပါတယ်။

သူ့ကို ဘုရားဂေါပကတွေ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရှိခဲ့တဲ့အတွက် Tourist Police တွေနဲ့ သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနသို့ အကြောင်းကြားခဲ့တယ်လို့ အထက်ပါ လေဆိပ်အရာရှိက ဆိုပါတယ်။ စပိန်နိုင်ငံသားဟာ ဘုရားပေါ် တက်လာချိန်မှာ သရီးကွာလား ဘောင်းဘီဝတ်ထားတော့ တခြားသူတွေ မြင်ရင် ရုန်းရင်း ဆန်ခတ်ဖြစ်မှာ စိုးရိမ်တယ်။ အဲဒါကြောင့် သူကို လာလမ်းအတိုင်း ပြန်ခိုင်းလိုက်တာလို့ သူက ရှင်းပြပါတယ်။



Mr.Centellel ဟာ စက်တင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ နှစ်နာရီအချိန်မှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ကနေ ပြည်တွင်းသို့ ဝင်ရောက်လာသူ ဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော် ပုံကို ခြေထောက်မှာ ဆေးမင်ကြောင် ထိုးထားတဲ့အတွက် စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၇နာရီ ၅၀မိနစ်မှာ ထိုင်းလေကြောင်းလိုင်းနဲ့ ပြန်လွှတ်လိုက်ပြီလို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနကနေ သိရပါတယ်။

ဩဂုတ်လ ၃ ရက်နေ့က ရှမ်းပြည်နယ် ညောင်ရွှေမြို့သို့ လာရောက်လည်ပတ်တဲ့ ကနေဒါနိုင်ငံသား Mr Polley Jason Scott မှာလည်း ခြေထောက်မှာ ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင်ကြောင် ထိုးထားတဲ့ အတွက် ပြည်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။

The Voice weekly








No comments:

Post a Comment