Friday, September 12, 2014

ဒီမိုကရေစီနိုင်ငံဖြစ်ရန်အတွက် တည်ငြိမ်မှုနှင့်လုံခြုံမှုရှိရန် ဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား


ဒီမိုကရေစီနိုင်ငံဖြစ်ရန်အတွက် တည်ငြိမ်မှုနှင့်လုံခြုံမှုရှိရန် ဦးစားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၁၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဖွင့်မိန့်ခွန်းပြော ကြားစဉ် ပြောကြား ခဲ့ခြင်းဖြစ်သည်။
 
သူရဦးရွှေမန်းက လက်ရှိကာလသည် မိမိတို့နိုင်ငံမှာ လွန်ခဲသည့် နှစ်ပေါင်း ၅ဝ ကထက်စာရင် ဒီမိုကရေစီအရှိဆုံးအချိန်လို့ ဆိုနိုင်ကြောင်း၊ ဒါပေမဲ့ ပြည်သူများ မျှော်လင့်သလို မဖြစ်သေးတာ ၊ မျှော်လင့်သလောက် မရနိုင်သေးတဲ့ အခြေအနေဆိုတာလည်း အမှန်ပင်ဖြစ်ကြောင်း၊ သို့သော်လည်းပဲ ရရှိထားတဲ့ ဒီလိုအခြေအနေကောင်းကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် စိတ်ကောင်းစေတနာကောင်းနဲ့ယှဉ်ပြီး ဆက်လက်ဖော်ဆောင်ကြ ရမှာ ဖြစ်ကြောင်း ပြော ကြားသည်။
 
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူဖြစ်စေသည့် စဉ်းစားမှု၊ သုံးသပ်မှုအကြံပြုလုပ်ဆောင်မှုများ အမှန်တကယ်လိုအပ်လျက်ရှိကြောင်း၊ ဒီလိုအချိန်မှာ ကျွန်တော်တို့အနေနဲ့ လူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခု ပါတီတစ်ခုအတွက် မဟုတ်ဘဲ နိုင်ငံတော်နှင့်ပြည်သူ အားလုံးအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အခြားဘယ်သူကမှ ကန့်ကွက်ပြောဆိုခြင်း လက်မခံဆန့်ကျင်ခြင်းပြုလိမ့်မည်မဟုတ်ဘူးလို့ ယုံကြည်ကြောင်း၊ တကယ်လို့ ကန့်ကွက်ပြောဆိုမှုရှိတယ်ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်မှုတွေကို မျက်ကွယ်ပြုတဲ့သူတွေ အဖြစ် ပြည်သူများက ရှုမြင်ပြီး ပြည်သူများရဲ့ ယုံကြည်မှုကျဆင်းသလို သမိုင်းမှာလည်း အစွန်းအထင်းဖြစ်နိုင်ပြီး ဒီထက်ပိုပြောမယ်ဆိုရင် သမိုင်းတရားခံလည်း ပြောကောင်းပြောလာနိုင်တာကို သတိပြုကြရမှာဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
 
“ကျွန်တော်တို့တစ်တွေဟာ နိုင်ငံသားပြည်သူများ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ဖို့ဆိုရင် တည်ငြိမ်မှုနဲ့ လုံခြုံမှုရှိအောင် ဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရာမှာ လက်ရှိအခြေအနေထက် ပိုကောင်းတဲ့တည်ငြိမ်မှုနဲ့ လုံခြုံမှုရရှိရေးကိုလည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း ဖြစ်စေ၊ ပါတီအချင်းချင်းဖြစ်စေ၊  ဥပဒေပြုလွှတ်တော်နဲ့ နိုင်ငံတော် အစိုးရအုပ်ချုပ်ရေးအဖွဲ့ ဖြစ်စေ၊ လွှတ်တော်နှင့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လုပ်ငန်းများ လုပ်ဆောင်ကြတဲ့အခါ အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေအောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄ မှာ နိုင်ငံတော်၏ အချုပ်အခြာသည် နိုင်ငံသားများထံမှ ဆင်းသက်လာပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟု ပြဌာန်းထားဖွင့်ဆိုထားကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ရှင်များဖြစ်ကြတဲ့ နိုင်ငံသားများ၏ သဘောထားအမှန်များနဲ့အညီ ဖော်ဆောင်နိုင်ဖို့ အတွက် နိုင်ငံသားပြည်သူများကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များအချင်းချင်းဖြစ်စေ၊အခြားမည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ ဆွေးနွေး
ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း နာယကက ပြောကြားသည်။
 
ဥပဒေပြုရေးသည် ပြည်သူများနှင့်တကွ ခံစားနေရတဲ့အခက်အခဲများကို ဖြေရှင်းပေးဖို့ တာဝန်ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များဟာ သက်ဆိုင်ရာဒေသအသီးသီးက တာဝန်ရှိသည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် လူမှုရေးအသင်းအဖွဲ့များအပြင် ပြည်သူလူထုကပါ အလေးထားတိုင်ပင်အပ်တဲ့ ဂုဏ်ထူးဝိသေသရှိတာနဲ့အညီ လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်ခုချင်းကစပြီး ကျေးရွာရပ်ကွက်မြို့နယ် တစ်ခုလုံး တိုးတက်ဖို့ ဆောင်ရွက်ရာမှာ တာဝန်ရှိကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်၊ ပြည်သူကိုအခြေပြုသည့်ခေတ်တွင် အောက်ခြေမှာ ဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို အောက်ခြေအဖွဲ့အစည်းများက တာဝန်ယူတာဝန်ခံပြီး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်နိုင်ပါ လျက်နဲ့ အောက်ကတင်ပြလာရင် အထက်ကို လွှဲလိုက် အထက်ကလာရင် အောက်ကိုလွှဲချလိုက်တဲ့စနစ် ယခင်ပြောနေကျစကားအရဆိုရင် ဘော်လီဘောပုတ်နေမှုများကို ဒီမိုကရေစီစနစ်နဲ့ နိုင်ငံကောင်းအောင် တည်ဆောက်တဲ့ အခုအချိန်မှာ ရှောင်ရှားကြရမှာဖြစ်ကြောင်း၊ အပြောတစ်မျိုးအလုပ်တစ်မျိုးမဖြစ်ဖို့ လိုအပ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ သတိရှိရှိနဲ့လုပ်ဖို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
လွှတ်တော် (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အရေးကြီးတဲ့ အကြောင်းကိစ္စရပ်များရှိတယ်လို့ ခန့်မှန်းသိပြီးဖြစ်ကြောင်း၊ ပြည်သူ့အသံ၊ ဆန္ဒများကို ဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ ပြည်သူတွေရဲ့ စစ်မှန်တဲ့အသံ၊ စစ်မှန်တဲ့ဆန္ဒဖြစ်စေဖို့ ညှိနှိုင်းဆောင်ရွက်မှု၊ တိုင်ပင်မှု၊ ဆုံးဖြတ်အတည်ပြုခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ကြဖို့ မှာကြားလိုကြောင်း ပြောကြားသည်။
 
“အခုအစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ လုပ်ငန်းတာဝန်များကို ရှေ့တစ်ဆင့်တက်ပြီး လွှတ်တော်တွင်းမှာ ဆောင်ရွက်ဖို့ ရှိပါတယ်။ နှစ်စဉ် ယခုကာလမှာ မဖြစ်မနေဆောင်ရွက် ရမယ့် ပြည်ထောင်စုရဲ့ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဆွေးနွေးဆောင်ရွက်ရမှာဖြစ်ပါ တယ်။ ဒါ့အပြင် လွှတ်တော်အသီးသီးမှာ ဆောင်ရွက်နေဆဲ ဥပဒေကြမ်းများထဲက ဦးစားပေးဆောင်ရွက်သင့်တဲ့ ဥပဒေကြမ်းများကိုလည်း အတည်ပြုပြဌာန်းနိုင်ဖို့ ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်စားလှယ်များအနေနဲ့ ယခင်အကြိမ်ကထက်ပိုတဲ့ အလုပ်တာဝန်များကို ကြုံ တွေ့ကြရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မိမိရဲ့အခွင့်အရေးများကို မှန်မှန်ကန်ကန် ရယူဆောင်ရွက်ရမှာ ဖြစ်သလို အခြားကိုယ်စားလှယ်များရဲ့အခွင့်အရေးကို မထိခိုက်စေဘဲ တန်ဖိုးရှိလှတဲ့ လွှတ်တော် အချိန်များကို မဆုံးရှုံးရအောင် သတိပြုဆောင်ရွက်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ လွှတ်တော်ရဲ့အခန်းကဏ္ဍနဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်မှသာ မိမိတို့ မျှော်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီစနစ် နိုင်ငံတော်သစ်တစ်ရပ်ပေါ်ထွန်းရေးကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကောင်းစေတနာနဲ့ မျှမျှတတ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်”ဟု ပြည်ထောင်စု လွှတ်တော် နာယကက ပြောကြားသည်။

Eleven

ဒီမိုကရေစီနိုင်ငံဖြစ်ရန်အတွက် တည်ငြိမ်မှုနှင့်လုံခြုံမှုရှိရန် ဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

Written by: 
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်
စက်တင်ဘာ ၁၁ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်
ဒီမိုကရေစီနိုင်ငံဖြစ်ရန်အတွက် တည်ငြိမ်မှုနှင့်လုံခြုံမှုရှိရန် ဦးစားပေးလုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၁၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဖွင့်မိန့်ခွန်းပြော ကြားစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
သူရဦးရွှေမန်းက လက်ရှိကာလသည် မိမိတို့နိုင်ငံမှာ လွန်ခဲသည့် နှစ်ပေါင်း ၅ဝ ကထက်စာရင် ဒီမိုကရေစီအရှိဆုံးအချိန်လို့ ဆိုနိုင်ကြောင်း၊ ဒါပေမဲ့ ပြည်သူများ မျှော်လင့်သလိုမဖြစ်သေးတာ၊ မျှော်လင့်သလောက် မရနိုင်သေးတဲ့ အခြေအနေဆိုတာလည်း အမှန်ပင်ဖြစ်ကြောင်း၊ သို့သော်လည်းပဲ ရရှိထားတဲ့ ဒီလိုအခြေအနေကောင်းကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် စိတ်ကောင်းစေတနာကောင်းနဲ့ယှဉ်ပြီး ဆက်လက်ဖော်ဆောင်ကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။
 
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူဖြစ်စေသည့် စဉ်းစားမှု၊ သုံးသပ်မှုအကြံပြုလုပ်ဆောင်မှုများ အမှန်တကယ်လိုအပ်လျက်ရှိကြောင်း၊ ဒီလိုအချိန်မှာ ကျွန်တော်တို့အနေနဲ့ လူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခု ပါတီတစ်ခုအတွက်မဟုတ်ဘဲ နိုင်ငံတော်နှင့်ပြည်သူအားလုံးအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အခြားဘယ်သူကမှ ကန့်ကွက်ပြောဆိုခြင်း လက်မခံဆန့်ကျင်ခြင်းပြုလိမ့်မည်မဟုတ်ဘူးလို့ ယုံကြည်ကြောင်း၊ တကယ်လို့ ကန့်ကွက်ပြောဆိုမှုရှိတယ်ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်မှုတွေကို မျက်ကွယ်ပြုတဲ့သူတွေအဖြစ် ပြည်သူများက ရှုမြင်ပြီး ပြည်သူများရဲ့ ယုံကြည်မှုကျဆင်းသလို သမိုင်းမှာလည်း အစွန်းအထင်းဖြစ်နိုင်ပြီး ဒီထက်ပိုပြောမယ်ဆိုရင် သမိုင်းတရားခံလည်း ပြောကောင်းပြောလာနိုင်တာကို သတိပြုကြရမှာဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
 
“ကျွန်တော်တို့တစ်တွေဟာ နိုင်ငံသားပြည်သူများ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ဖို့ဆိုရင် တည်ငြိမ်မှုနဲ့ လုံခြုံမှုရှိအောင် ဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရာမှာ လက်ရှိအခြေအနေထက် ပိုကောင်းတဲ့တည်ငြိမ်မှုနဲ့ လုံခြုံမှုရရှိရေးကိုလည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း ဖြစ်စေ၊ ပါတီအချင်းချင်းဖြစ်စေ၊  ဥပဒေပြုလွှတ်တော်နဲ့ နိုင်ငံတော်အစိုးရအုပ်ချုပ်ရေးအဖွဲ့ ဖြစ်စေ၊ လွှတ်တော်နှင့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လုပ်ငန်းများလုပ်ဆောင်ကြတဲ့အခါ အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေအောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။
 
 
စက်တင်ဘာ ၁၁ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်အစည်းအဝေးကို တွေ့ရစဉ် 
 
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄ မှာ နိုင်ငံတော်၏ အချုပ်အခြာသည် နိုင်ငံသားများထံမှ ဆင်းသက်လာပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟု ပြဌာန်းထားဖွင့်ဆိုထားကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ရှင်များဖြစ်ကြတဲ့ နိုင်ငံသားများ၏ သဘောထားအမှန်များနဲ့အညီ ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံသားပြည်သူများကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များအချင်းချင်းဖြစ်စေ၊ အခြားမည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း နာယကက ပြောကြားသည်။
 
ဥပဒေပြုရေးသည် ပြည်သူများနှင့်တကွ ခံစားနေရတဲ့အခက်အခဲများကို ဖြေရှင်းပေးဖို့ တာဝန်ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များဟာ သက်ဆိုင်ရာဒေသအသီးသီးက တာဝန်ရှိသည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် လူမှုရေးအသင်းအဖွဲ့များအပြင် ပြည်သူလူထုကပါ အလေးထားတိုင်ပင်အပ်တဲ့ ဂုဏ်ထူးဝိသေသရှိတာနဲ့အညီ လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်ခုချင်းကစပြီး ကျေးရွာရပ်ကွက်မြို့နယ်တစ်ခုလုံး တိုးတက်ဖို့ ဆောင်ရွက်ရာမှာ တာဝန်ရှိကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်၊ ပြည်သူကိုအခြေပြုသည့်ခေတ်တွင် အောက်ခြေမှာ ဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို အောက်ခြေအဖွဲ့အစည်းများက တာဝန်ယူတာဝန်ခံပြီး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်နိုင်ပါလျက်နဲ့ အောက်ကတင်ပြလာရင် အထက်ကို လွှဲလိုက် အထက်ကလာရင် အောက်ကိုလွှဲချလိုက်တဲ့စနစ် ယခင်ပြောနေကျစကားအရဆိုရင် ဘော်လီဘောပုတ်နေမှုများကို ဒီမိုကရေစီစနစ်နဲ့ နိုင်ငံကောင်းအောင်တည်ဆောက်တဲ့ အခုအချိန်မှာ ရှောင်ရှားကြရမှာဖြစ်ကြောင်း၊ အပြောတစ်မျိုးအလုပ်တစ်မျိုးမဖြစ်ဖို့ လိုအပ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ သတိရှိရှိနဲ့လုပ်ဖို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
လွှတ်တော် (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အရေးကြီးတဲ့အကြောင်းကိစ္စရပ်များရှိတယ်လို့ ခန့်မှန်းသိပြီးဖြစ်ကြောင်း၊ ပြည်သူ့အသံ၊ ဆန္ဒများကို ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ ပြည်သူတွေရဲ့ စစ်မှန်တဲ့အသံ၊ စစ်မှန်တဲ့ဆန္ဒဖြစ်စေဖို့ ညှိနှိုင်းဆောင်ရွက်မှု၊ တိုင်ပင်မှု၊ ဆုံးဖြတ်အတည်ပြုခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ကြဖို့ မှာကြားလိုကြောင်း ပြောကြားသည်။
 
“အခုအစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ လုပ်ငန်းတာဝန်များကို ရှေ့တစ်ဆင့်တက်ပြီး လွှတ်တော်တွင်းမှာ ဆောင်ရွက်ဖို့ရှိပါတယ်။ နှစ်စဉ်ယခုကာလမှာ မဖြစ်မနေဆောင်ရွက်ရမယ့် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဆွေးနွေးဆောင်ရွက်ရမှာဖြစ်ပါ တယ်။ ဒါ့အပြင် လွှတ်တော်အသီးသီးမှာ ဆောင်ရွက်နေဆဲ ဥပဒေကြမ်းများထဲက ဦးစားပေးဆောင်ရွက်သင့်တဲ့ ဥပဒေကြမ်းများကိုလည်း အတည်ပြုပြဌာန်းနိုင်ဖို့ ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်စားလှယ်များအနေနဲ့ ယခင်အကြိမ်ကထက်ပိုတဲ့ အလုပ်တာဝန်များကို ကြုံ တွေ့ကြရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မိမိရဲ့အခွင့်အရေးများကို မှန်မှန်ကန်ကန် ရယူဆောင်ရွက်ရမှာ ဖြစ်သလို အခြားကိုယ်စားလှယ်များရဲ့အခွင့်အရေးကို မထိခိုက်စေဘဲ တန်ဖိုးရှိလှတဲ့ လွှတ်တော် အချိန်များကို မဆုံးရှုံးရအောင် သတိပြုဆောင်ရွက်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ လွှတ်တော်ရဲ့အခန်းကဏ္ဍနဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်မှသာ မိမိတို့ မျှော်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီစနစ် နိုင်ငံတော်သစ်တစ်ရပ်ပေါ်ထွန်းရေးကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကောင်းစေတနာနဲ့ မျှမျှတတ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် နာယကက ပြောကြားသည်။
- See more at: http://news-eleven.com/politic/%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%B1%E1%80%9B%E1%80%85%E1%80%AE%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9B%E1%80%94%E1%80%B9%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%90%E1%80%8A%E1%80%B9%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%99%E1%82%88%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%9C%E1%80%B6%E1%80%AF%E1%80%BB%E1%80%81%E1%80%B6%E1%80%B3%E1%80%99%E1%82%88%E1%80%9B%E1%80%BD%E1%80%AD%E1%80%9B%E1%80%94%E1%80%B9-%E1%80%A5%E1%80%AE%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%B1%E1%80%95%E1%80%B8%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%96%E1%80%AD%E1%80%AF%E1%82%94#sthash.A6mkvtlu.dpuf

No comments:

Post a Comment