Wednesday, September 10, 2014

ပြည်မြို့ တိုက်ဖြူဗလီကြီးအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လေ့လာခွင့်ပြု

ပြည်မြို့ရှိ ဘာသာပေါင်း စုံငြိမ်းချမ်းရေးအဖွဲ့နှင့် လူငယ် များအား စက်တင်ဘာ ၉ ရက်က ပြည်မြို့ ဆွေးနွေးဘုရားလမ်းရှိ တိုက်ဖြူဗလီကြီးအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လေ့လာ ခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ဖြူဗလီကြီးတွင် Religion for Peace Interfaith Youth Network ၏ ဘာသာပေါင်းစုံ လပတ်အစည်းအဝေး   အမှတ်စဉ် (၉)  ကျင်းပပြုလုပ်ခဲ့သည်။ ဟိန္ဒူဘာသာရေးခေါင်းဆောင်များ၊ 
ဗုဒ္ဓဘာသာသံဃာတော်များ၊  ခရစ်ယာန်ဘာ သာရေးခေါင်းဆောင်များ၊  အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ ၀င်များတက်ရောက်ကာအကြံပြုဆွေးနွေးခဲ့ကြသည်။


 ‘‘ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေးအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်လာ တာ ပြည်မြို့ကတော့ အောင်မြင် မှုအရှိဆုံးလို့ ဆိုရမှာပဲ။ မေတ္တာ ကို အခြေခံထားပြီး ငြိမ်းချမ်းရေး ကိုသာ  လုပ်ဆောင်ကြခြင်းဖြစ် တယ်။ မာန်ထားခြင်း၊ ၀ါကြွား ခြင်းတွေ မထားကြဘဲ လူသားအ ချင်းချင်း အတူတူထားရှိ လုပ် ဆောင်ကြတယ်။ တစ်ဦးချင်း၊ တစ် ယောက်ချင်း ပုဂ္ဂိုလ်ရေး ခိုက်ရန် ဖြစ်တာကြောင့် အသံသိုးသိုးသဲ့ သဲ့လေးတွေ ထွက်တာကလွဲလို့ အားလုံးဟာ ငြိမ်းချမ်းစွာ ရှိနေပါ တယ်’’ ဟု ဘာသာပေါင်းစုံ ငြိမ်း ချမ်းရေးအဖွဲ့မှ ဘာသာရေးဆ ရာတစ်ဦးက ပြောသည်။

တိုက်ဖြူဗလီကြီးအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လေ့ လာ ခွင့်ပြုခဲ့ရာ ဘာသာကြီး လေးခု မှ ခေါင်းဆောင်များ၊ ငြိမ်းချမ်း ရေး အဖွဲ့ဝင် လူငယ်များက လေ့ လာခဲ့ကြသည်။

တိုက်ဖြူဗလီကြီးကို ကျောင်း ကြီးအိုးတန်းရပ်ကွက်  ဆွေးနွေး ဘုရားလမ်းတွင် တည်ဆောက် ထားခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ ကျော်ရှိပြီဖြစ်ပြီး  ဗလီမတည် ဆောက်မီကပင် အစ္စလာမ်ဘာသာဝင် ထွက်ရပ်ပေါက်တစ်ဦး၏ ရုပ် အလောင်း အုတ်ဂူရှိခဲ့ကြောင်း၊ ထူးခြားသည်မှာ အမျိုးသမီးများ ၀တ်ပြုဆုတောင်းရန်  နေရာရှိ ကြောင်း၊ ပြည်မြို့တွင်  ရှီးဟိုက်  ဗလီနှစ်လုံးနှင့် ဆွန်နီဗလီခုနစ် လုံးရှိရာ တိုက်ဖြူဗလီကြီးမှာ ဆွန် နီဗလီအမျိုးအစားဖြစ်ကြောင်း သိရသည်။

 ပြည်မြို့ရှိ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ လပတ်အ စည်းအဝေးများကို လစဉ်ဆွေး နွေးခြင်း၊  အကြံပြုခြင်းများ ပြု လုပ်ခဲ့ရာ  ငါးလခန့်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တစ်ဘာသာနှင့် တစ် ဘာသာတို့၏ အခြေခံဘာသာရေး တရားများကို လေ့လာနိုင်ရန်၊ ယုံ မှားသံသယများ ပပျောက်ပြီး မှန် မှန်ကန်ကန် သိရှိစေရန်၊ ဘာသာ ရေးစာအုပ်များ မျှဝေလေ့လာရန် ဆောင်ရွက်လျက်ရှိပြီး ဆွေးနွေးမှု အမှတ်စဉ် (၁၁) နှင့် လူငယ် ဆွေးနွေးပွဲများကို အောက်တိုဘာလအတွင်း ကမ်းနားလမ်းရှိ ဟိန္ဒူ ဘုရားရှိခိုးကျောင်း၌ ပြုလုပ်သွား ရန်ရှိကြောင်း သိရသည်။

7 Day Daily

No comments:

Post a Comment