Thursday, September 11, 2014

RSO အခြေစိုက်ခွင့်ပေးရန် အစီအစဉ်မရှိဟု ကေအိုင်အိုပြော

 ကေအိုင်အေထိန်းချုပ် နယ်မြေအတွင်း ရိုဟင်ဂျာတပ်မ တော် (RSO) ထူထောင်အခြေ စိုက်ခွင့်ပြုရန် တောင်းဆိုခဲ့သော ဘင်္ဂါလီအဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံခဲ့ ခြင်းသည် တရားဝင်တွေ့ဆုံခဲ့ ခြင်း မဟုတ်ကြောင်းနှင့် ရိုဟင် ဂျာတပ်မတော် ထူထောင်အ ခြေစိုက်ခွင့်ပေးရန် ကိစ္စနှင့်ပတ် သက်၍ မည်သည့်အစီအစဉ်မှ မရှိကြောင်း ကေအိုင်အိုက ငြင်း ဆိုလိုက်သည်။

ကေအိုင်အိုမှ ဗိုလ်မှူးကြီး ဂျိမ်းစ်နှင့် BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ
ဦးမောင်ကျော်နု၊ ဘာသာရေးခေါင်းဆောင်အချို့နှင့် RSO တာဝန်ခံ တစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ တို့၂၀၁၄ မတ်လအတွင်းက ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သော ရုပ်သံမှတ်တမ်းတစ်ခု အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည်။ ယင်းရုပ်သံမှတ်တမ်းတွင် ဦးမောင်ကျော်နုနှင့် အဖွဲ့က ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ရိုဟင်ဂျာတပ်မတော်ကို ဖွဲ့စည်း၍ အခြေစိုက်ခွင့်ပြုရန် တောင်းဆိုခဲ့ သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုသို့ ဆက်သွယ်မေး မြန်းခဲ့ရာ‘‘တစ်ဦးတစ်ယောက်အ နေနဲ့ ပုဂ္ဂိုလ်ရေးအရတွေ့ဆုံခဲ့တာ ပါ။ ကေအိုင်အေအနေနဲ့ တရား ၀င်တွေ့တာ မဟုတ်ပါဘူး’’ ဟု ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးကဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသော ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန် မော်ကလည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှု အရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရား ၀င်ဆွေးနွေးခြင်းမဟုတ်ဘဲ ဗိုလ်မှူးကြီး ဂျိမ်းစ်အနေဖြင့် လည်း ဗဟိုကော်မတီသို့ပြန်လည်တင်ပြခြင်း မရှိပေ။ ပြည်တွင်း၌ ဖြစ်ပွားနေသည့် ကိစ္စရပ်များ အပေါ် ကေအိုင်အိုအနေဖြင့် လက်နက်တပ်ဆင်ပေးခြင်း၊စစ်သင်တန်းပေးခြင်းမရှိကြောင်းနှင့် အထက်ပါ ကိစ္စနှင့် ပတ်သက်၍လည်း မည်သည့်အစီအစဉ်မျှမရှိကြောင်း DVB သတင်းဌာနသို့ ပြောကြား ထားသည်။

ကေအိုင်အိုနှင့်  တွေ့ဆုံခဲ့ သော အဆိုပါဘင်္ဂါလီအဖွဲ့က၎င်း တို့သည် ရိုဟင်ဂျာ တိုင်းရင်းသား များဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန် မာ အစိုးရဘက်ကမူ ရိုဟင်ဂျာတိုင်းရင်းသား ဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားသည်။

မြန်မာ့တပ်မတော် အဆင့် မြင့်အရာရှိအချို့က  တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဒေသအ ချို့တွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှုများပြုလုပ်နေမှုရှိ ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေရန် တပ်မတော်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်းပြောကြား ထားသည်။ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)နှင့်ရိုဟင် ဂျာလွတ်မြောက်ရေးအဖွဲ့(RLO)ကို ဦးဆောင်သော ဘင်္ဂါလီလူမျိုး များသည် ၁၉၈၈ခုနှစ် ၁၉၉၄ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်များတွင်မောင် တောဒေသကို သိမ်းပိုက်ရန်ဝင် ရောက်အကြမ်းဖက်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မ တော်နှင့်လုံခြုံရေး တပ်ဖွဲ့များက ကာကွယ်နိုင်ခဲ့ကြောင်းရခိုင်ပဋိပ က္ခစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ တွင်ဖော်ပြထားသည်။

ကေအိုင်အို ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် ကလည်း ၎င်းနှင့် ရင်းနှီးသည့် ကချင်အမျိုးသမီးတစ်ဦး၏ ခင် ပွန်း အမေရိကန်နိုင်ငံသားတစ်ဦး ဖိတ်ကျွေးသော ညစာစားပွဲသို့ သွားရာ မျက်နှာစိမ်း မလေးရှား နှင့် ရခိုင်ပြည်နယ်ဘက်မှ မွတ် စလင် ခုနစ်ဦးခန့်နှင့် မမျှော်လင့် ဘဲ တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး တရားဝင် ဆွေးနွေးခဲ့ခြင်း မဟုတ်ဘဲ ယင်း ရုပ်သံမှတ်တမ်းကို ယူကျု့ဘ်တွင် ဖြန့်ဝေနေခြင်းမှာ ကေအိုင်အိုအဖွဲ့ အတွင်း အချေအတင်ဖြစ်အောင် လုပ်လို၍ ဖြစ်နိုင်ကြောင်း DVB သတင်းဌာနအား ပြောကြားထား သည်။

လက်ရှိအချိန်တွင် ကေအိုင် အို ထိန်းချုပ်နယ်မြေ၌ ရက္ခိုင့် တပ်မတော် (AA)နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဌာနချုပ်တို့ တည်ရှိ သည်။

7 Day Daily

No comments:

Post a Comment