Friday, October 17, 2014

ယူ ၁၉ မြန်မာနည်းပြသုံးသပ်ချက်

Photo: Friday, October 17, 2014

ပြိုင်ဘက်ခြေစွမ်းနှင့် မိမိအသင်း၏ လက်ရှိအခြေအနေကို ရင်ဖွင့်ပြခဲ့သည့် 
မြန်မာယူ(၁၉)အသင်း နည်းပြ Gerd Zeiseက ယူအေအီးအသင်း၏ အုပ်စုအဆင့် ပွဲစဉ်များကို ကြည့်ရှူပြီးနောက် ၎င်းတို့၏ ခြေစွမ်းသည် အထင်ကြီးစရာ ကောင်းကြောင်း၊ ယူအေအီနှင့် ရင်ဆိုင်ရမည့် ပွဲသည် မြန်မာကစားသမားများအတွက် ကမ္ဘာဖလားပြိုင်ပွဲ ၀င်ရောက်ခွင့်ကို ရရှိနိုင်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ကြောင်းနှင့် ယခုပွဲအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောဆိုလိုက်သည်။

"ယူအေအီးအသင်းရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို ကျွန်တော် ကြည့်ရှူခဲ့ပါတယ်။ သူတို့ကစားသွားတာ အထင်ကြီးစရာ ကောင်းပါတယ်။ မြန်မာအသင်းလည်း အသက်ဆက်ဖို့အတွက် ယူအေအီးနဲ့ပွဲကို အစွန်းကုန် တိုက်ပွဲဝင်သွားမှာပါ။
မြန်မာအသင်းအတွက် ဒီပွဲက လာမယ့်နှစ်(၂၀) ၊ ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုအတွက် အကြီးကျယ်ဆုံး ပွဲတစ်ပွဲ ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲ အဆုံးအဖြတ်က ကစားသမားတွေအတွက်လည်း ကမ္ဘာဖလား ပြိုင်ပွဲကို ကစားခွင့်ရဖို့အတွက် ဘ၀မှာ တစ်ကြိမ်သာ ရရှိနိုင်မယ့် အခွင့်အလမ်း တစ်ခုပါပဲ။ အခုဆို ဒီအခွင့်အရေးကို သူတို့ ဆုပ်ကိုင်နိုင်ဖို့ နီးစပ်နေပါပြီး။ ကျွန်တော်လည်း ကျွန်တော့အသင်းသားတွေကို စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ဒီပွဲစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်”ဟု Gerd Zeiseက ပြောဆိုသွားခဲ့သည်။

ထို့အပြင် Gerd Zeiseက ယူအေအီးနှင့် ရင်ဆိုင်မည့် မြန်မာအသင်း လူစာရင်းကို အုပ်စုနောက်ဆုံးပွဲအဖြစ် အီရန်နှင့် ကစားခဲ့သည့် ပွဲထွက်လူစာရင်းမှ နေရာတစ်နေရာသာ ပြောင်းလဲမည်ဖြစ်ကြောင်းနှင့် မြန်မာအသင်း ဆေးအဖွဲ့မှ ဒဏ်ရာရ ကစားသမားများကို အစွမ်းကုန် ကြိုးစားကုသပေးနေကြောင်း ထပ်မံပြောဆိုခဲ့သည်။

“နန်းဝေမင်းက ဒဏ်ရာရထားပါတယ်။ တကယ်လို့ သူ ဒဏ်ရာရမနေဘူးဆိုရင်တောင် အခြားနေ့ပွဲတွေမှာ သူကစားတာကို ကျွန်တော် စိတ်တိုင်းမကျခဲ့လို့ ဒီပွဲမှာ သူကစားခွင့် ရမှာ မဟုတ်ပါဘူး။ အုပ်စုနောက်ဆုံး ပွဲပြီးနောက် အခြားကစားသမားတွေလည်း ဒဏ်ရာရနေတာတွေ ရှိပါတယ်။ ဒါပေမယ့် အသင်းဆေးအဖွဲ့ကတော့ အစွမ်းကုန် ကြိုးစားကုသပေးနေပါတယ်။ ကျွန်တော်ရဲ့ အခြားကစားတွေက (အရံ) ဒီအဆင့်မှာ ကစားဖို့ အဆင်မမှီသေးပါဘူး”ဟု Gerd Zeise က ထပ်မံပြောဆိုခဲ့သည်။
Ref; afc.com

ရင်သွေးငယ်
Football Café
ပြိုင်ဘက်ခြေစွမ်းနှင့် မိမိအသင်း၏ လက်ရှိအခြေအနေကို ရင်ဖွင့်ပြခဲ့သည့် မြန်မာယူ(၁၉)အသင်း နည်းပြ Gerd Zeiseက ယူအေအီးအသင်း၏ အုပ်စုအဆင့် ပွဲစဉ်များကို ကြည့်ရှူပြီးနောက် ၎င်းတို့၏ ခြေစွမ်းသည် အထင်ကြီးစရာ ကောင်းကြောင်း၊ ယူအေအီနှင့် ရင်ဆိုင်ရမည့် ပွဲသည် မြန်မာ ကစားသမားများအတွက် ကမ္ဘာဖလားပြိုင်ပွဲ ၀င်ရောက်ခွင့်ကို ရရှိနိုင်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ကြောင်းနှင့် ယခုပွဲအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောဆိုလိုက်သည်။

"ယူအေအီးအသင်းရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို ကျွန်တော် ကြည့်ရှူခဲ့ပါတယ်။ သူတို့ကစားသွားတာ အထင်ကြီးစရာ ကောင်းပါတယ်။ မြန်မာအသင်းလည်း အသက်ဆက်ဖို့အတွက် ယူအေအီးနဲ့ပွဲကို အစွန်းကုန် တိုက်ပွဲဝင်သွားမှာပါ။
မြန်မာအသင်းအတွက် ဒီပွဲက လာမယ့်နှစ်(၂၀) ၊ ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုအတွက် အကြီးကျယ်ဆုံး ပွဲတစ်ပွဲ ဖြစ်သွားနိုင် ပါတယ်။ ဒီပွဲ အဆုံးအဖြတ်က ကစားသမားတွေအတွက်လည်း ကမ္ဘာဖလား ပြိုင်ပွဲကို ကစားခွင့်ရဖို့အတွက် ဘ၀မှာ တစ်ကြိမ်သာ ရရှိနိုင်မယ့် အခွင့်အလမ်း တစ်ခုပါပဲ။ အခုဆို ဒီအခွင့်အရေးကို သူတို့ ဆုပ်ကိုင်နိုင်ဖို့ နီးစပ်နေပါပြီး။ ကျွန်တော်လည်း ကျွန်တော့အသင်းသားတွေကို စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ဒီပွဲစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်”ဟု Gerd Zeiseက ပြောဆိုသွားခဲ့သည်။

ထို့အပြင် Gerd Zeiseက ယူအေအီးနှင့် ရင်ဆိုင်မည့် မြန်မာအသင်း လူစာရင်းကို အုပ်စုနောက်ဆုံးပွဲအဖြစ် အီရန်နှင့် ကစားခဲ့သည့် ပွဲထွက်လူစာရင်းမှ နေရာတစ်နေရာသာ ပြောင်းလဲမည်ဖြစ်ကြောင်းနှင့် မြန်မာအသင်း ဆေးအဖွဲ့မှ ဒဏ်ရာရ ကစားသမားများကို အစွမ်းကုန် ကြိုးစားကုသပေးနေကြောင်း ထပ်မံပြောဆိုခဲ့သည်။

“နန်းဝေမင်းက ဒဏ်ရာရထားပါတယ်။ တကယ်လို့ သူ ဒဏ်ရာရမနေဘူးဆိုရင်တောင် အခြားနေ့ပွဲတွေမှာ သူကစားတာကို ကျွန်တော် စိတ်တိုင်းမကျခဲ့လို့ ဒီပွဲမှာ သူကစားခွင့် ရမှာ မဟုတ်ပါဘူး။ အုပ်စုနောက်ဆုံး ပွဲပြီးနောက် အခြားကစားသမားတွေလည်း ဒဏ်ရာရနေတာတွေ ရှိပါတယ်။ ဒါပေမယ့် အသင်းဆေးအဖွဲ့ကတော့ အစွမ်းကုန် ကြိုးစားကုသပေးနေပါတယ်။ ကျွန်တော်ရဲ့ အခြားကစားတွေက (အရံ) ဒီအဆင့်မှာ ကစားဖို့ အဆင်မမှီသေးပါဘူး”ဟု Gerd Zeise က ထပ်မံပြောဆိုခဲ့သည်။
Ref; afc.com

ရင်သွေးငယ်
Football Café

No comments:

Post a Comment