Sunday, October 5, 2014

မန္တလေးနန်းတွင်းစီမံခန့်ခွဲမှုကို တိုင်းအစိုးရက ပြည်ထောင်စုအစိုးရထံ ပြန်အပ်ရန် စီစဉ်

မန္တလေးတိုင်းအစိုးရအဖွဲ့က မန္တလေးမြနန်းစံကျော် ရွှေနန်းတော်အား ဘဏ္ဍာငွေစီမံခန့်ခွဲခွင့်မရ၍ ပြည်ထောင်စုအစိုးရထံပြန်အပ်မည့် ကိစ္စ ကို နှစ် ဖက် ထပ်မံညှိနှိုင်းရဦးမည်ဖြစ် ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး  ဦးသန်းဆွေကပြောသည်။မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သည် မန္တလေးမြနန်းစံ ကျော် ရွှေနန်းတော် စီမံခန့်ခွဲခွင့်ကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်း က ပြည်ထောင်စု အစိုးရထံမှ လွှဲ ပြောင်းရယူခဲ့သည်။ ထို့နောက် အဆောက်အအုံများပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ် နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့သော် လည်း နန်းတော်ဝင်ကြေး အပါအ၀င် ဘဏ္ဍာငွေစီမံခန့်ခွဲခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့က လွှဲပြောင်းမပေးသည့်အတွက် စာချုပ်စာတမ်း များနှင့်အတူ ယဉ်ကျေးမှုဝန်ကြီးဌာနထံပြန်လည် အပ်နှံတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဘဏ္ဍာရေး ၀န်ကြီးဒေါက် တာမြင့်ကြူ ကပြောသည်။

‘‘ဘတ်ဂျက်ခွဲမပေးလို့ ပြန် အပ်မှာပါ’’ဟု ဒေါက်တာမြင့်ကြူ ကပြောသည်။ မြနန်း စံကျော်ရွှေ နန်းတော်စီမံခန့်ခွဲခွင့်ကို ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်း များနှင့် အညီ ပြန်လည်အပ်နှံရန် သမ္မတရုံးကလည်း  စက်တင်ဘာ နောက်ဆုံး ပတ် အတွင်း ညွှန်ကြားစာ ထုတ်ပြန်ပေး ခဲ့ပြီးဖြစ် သည်ဟု ဒေါက်တာမြင့်ကြူက ဆိုသည်။

သို့သော်လက်ရှိလွှဲပြောင်းပြီးဖြစ်သည့် မြနန်းစံကျော်ရွှေနန်း တော်အပါအ၀င် ရွှေဘို နန်းတော်၊ တောင်ငူ ကမ္ဘောဇသာဒီနန်းတော်အပါအ၀င် အခြား ယဉ်ကျေးမှုအမွေ အနှစ်နေရာများကိုလည်း တိုင်းဒေသကြီးနှင့်   ပြည်နယ် အစိုးရ အဖွဲ့ များထံသို့  ထပ်မံလွှဲ ပြောင်းပေးရန် စီစဉ်လျက်ရှိ သည်ဟု ဒုဝန်ကြီး ဦးသန်းဆွေ ကပြောသည်။

လက်ရှိအချိန်တွင် နန်းတော် အား မန္တလေးရှေးဟောင်းယဉ် ကျေးမှုဇုန်အတွင်း ထည့်သွင်းပြီး ၀င်ကြေးအဖြစ် နိုင်ငံခြားသားဧည့်သည်များကို တစ်ဦးလျှင်  ကျပ်တစ်သောင်း ကောက်ခံပြီး ပြည်တွင်းဧည့်သည်များအတွက် လူကြီးတစ်ဦး လျှင် ကျပ် ၂၀၀၊ ကလေးတစ်ဦးလျှင် ကျပ် ၁၀၀ နှုန်းဖြင့်  ယဉ်ကျေးမှုဝန်ကြီးဌာန က ကောက်ယူခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment