Wednesday, October 8, 2014

ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မှာစိုးရိမ်၊ တိုက်ပွဲများ ထပ်ဖြစ်မလာစေရေး ပြတ်ပြတ်သားသား တားဆီးသွားမည်ဟုဆို

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်းကို 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ မိုင်းလား အထူးဒေသ(၄) အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းပြီး အောက်တိုဘာ ၅ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန် ချက်မှာ တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်မည်ကို စိုးရိမ်ကြောင်းနဲ့ တိုက်ပွဲများ ထပ်ဖြစ် မလာစေရေး အတွက် ပြတ်ပြတ်သားသား တားဆီးသွားကြရမယ်လို့လည်း ပါရှိပါတယ်။

ကြေညာချက်ထုတ်ပြန်တဲ့ ကာလမှာတင် ရှမ်းပြည်တပ်မတော်မြောက် ပိုင်း SSPP/SSA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ် ပွား နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီကြေညာချက်နဲ့ပတ်သက်လို့ UWSP 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ကို ဆက်သွယ်မေးမြန်းထားရာ ---
မေး - UWSP 'ဝ' အဖွဲ့နဲ့ မိုင်းလားအဖွဲ့တွေ ပူးပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၅ရက်က ထုတ်ပြန်ခဲ့တယ်လို့ သိရတယ်။ ဘာကြောင့် ထုတ်ပြန် ဖြစ်ခဲ့တယ်ဆိုတာကို ရှင်းပြပေးပါဦး..။
ဖြေ - ကျွန်တော်တို့ကတော့ သိတဲ့အတိုင်းပဲလေ။ ကျွန်တော်တို့ဆီက လူကြီးတွေက တစ်ပြည်လုံးအတိုင်း အတာနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ တစ်တိုင်းပြည်လုံး က လုပ်နေတဲ့အခါမှာ ဆွေးနွေးမှုတွေကလည်း ရှိနေတာ ပေါ့။ ၉လပိုင်းမှာ ဆွေးနွေးတာ ကသိကအောက်လေး တွေ ဖြစ် တယ် လို့လဲ ကြားသိတယ်။ ၉လပိုင်း ဒီလို ဖြစ်ပြီးတာနဲ့ မွန်တို့ ကရင်တို့မှာ ဒီကေဘီအေနဲ့ ပစ်ခတ်မှုတွေဖြစ်၊ ဒီဘက်မြောက်ပိုင်းမှာလည်း ဒီလို SSA/SSPP နဲ့ ဖြစ်လာတယ်ဆိုတော့ စိုးရိမ်မှုတွေဖြစ် လာပြီး ဆွေးနွေးပွဲတွေကို ထိခိုက်မလား ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်လာမလားဆိုပြီး စိတ်ပူလို့ပါ။ 

မေး - အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားတာတွေ က ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ တိုက်ခိုက်ရာမှာ ၁၂ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အရပ်သား တွေလဲ ထိတ်လန့်တုန်လှုပ်မှုဖြစ်တယ်၊ နှစ်ဖက်စလုံးမှာ ကြီးမားတဲ့ သေကျေပျက်စီးမှုတွေရှိတယ်လို့ ဖော်ပြ ထားတာတွေ့ရတယ်။ အဲဒီအခြေအနေတွေက တကယ်ပဲ ဖြစ်ခဲ့တာလား။ UWSP အနေနဲ့ ဘယ်လို သိခဲ့ရတာ လဲ။

ဖြေ - ဟုတ်ကဲ့။ လက်နက်ကြီးတွေက သုံးပါတယ်။ ဒါတွေသုံးတယ်လို့လဲ ကျွန်တော်တို့ ကြားသိရတယ်။ ဒီလိုတိုက်ပွဲတွေမှာ ရိုးရိုးသားသား ပဋိပက္ခဖြစ်တာကနေ ကြီးကြီးမားမားဖြစ်လာတာမျိုး ကျွန်တော်တို့လည်း မလိုလားဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေ တယ်လေ။ စိုးရိမ်လို့လည်း ထုတ်ပြန်ရတာပါ။ အရပ် သားကလည်း ထိုနည်းလည်းကောင်းပါပဲ။ ကျွန်တော်တို့ ကြားသိရတာပါ။

မေး - အဲဒီကြေငြာချက်ထဲမှာ ထူးခြားချက်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးထိခိုက်စေတဲ့ အဟန့်အတားဖြစ်စေတဲ့ အပြုအမူတွေ၊ အပြောအဆို တွေ မလုပ်ဖို့ဆိုပြီး ဖော်ပြထားသလို အောက်တိုဘာ ၂ရက်ကစလို့ သိမ်းပိုက်ထားတဲ့ စခန်းတွေကို ပြန်ပေး ဖို့ဆိုတဲ့ ကိစ္စတွေအထိ ပါလာတာတွေ့ရတယ်။ ဘာ ကြောင့်ပါလဲ။

ဖြေ - ဒါလေးတွေကျတော့ နှစ်ဖက်အေးချမ်းအောင် ယုံကြည်မှုကိုဆောက်နိုင်ဖို့အတွက်ပေါ့ဗျာ။ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု ပြန်ရ လာအောင် လို့ပါ။ သိမ်းပိုက် တဲ့စခန်းတွေလည်း ရှိခဲ့တယ်။ အဲဒါကြောင့် ထည့်လိုက်ရ တာ။ကျွန်တော်ကြားခဲ့ဖူးတာက UWSP ရယ်၊ မိုင်းလား ရယ်၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရယ်က မဟာမိတ် ဖွဲ့ထားတယ်လို့ ကြားဖူးတယ်။ အဲဒါကြောင့်များလား။ အဓိကကတော့ ငြိမ်းချမ်းရေးကို စိုးရိမ်လို့ပါ။ ကျွန်တော် တို့မဟာမိတ်ဖြစ်နေတာလည်း ပါပါတယ်။ အင်န်စီစီတီ မှာ SSA/SSPP ကလဲပါတယ်။ အင်န်စီစီတီနဲ့ အစိုးရ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက် မှာလည်း စိုးရိမ်တယ်ဆိုတော့ တကယ်လို့များ အင်န်စီစီတီ နဲ့ အစိုးရတို့ ဆွေးနွေးမှုပြေ လည်ပြီး လက်မှတ်ထိုးမယ်ဆို ရင် 'ဝ'အဖွဲ့က ထိုးမှာလား။ ဖြစ်စဉ်အတွက် စိုးရိမ်တယ် ဆိုတော့ လက်မှတ်ဝင်ထိုးမယ့်သဘောလား။ ဒီဟာလေး တွေက မူလက ကျွန်တော်တို့ပြောထားတဲ့အတိုင်းပဲလေ။ အင်န်စီစီတီက သူတို့ဆွေးနွေးနေတာတွေ ကျွန် တော်တို့ မသိဘူး။ ဒါပေမဲ့ သူတို့အဆင်ပြေရင် ကျွန် တော်တို့က လေ့လာမယ်။ လေ့လာပြီးရင် ထိုးမယ်။ ငြိမ်း ချမ်းရေးဖော်ဆောင်မှု အဖွဲ့ဖြစ်တဲ့ ဦးအောင်မင်းတို့ ဦးသိန်းဇော်တို့ဆီကနေ သူတို့ဆွေးနွေးပြီးတိုင်း သူတို့ ဆွေးနွေးတဲ့ မှတ်စု၊ ဆုံးဖြတ်ချက်တွေ၊ ဆွေးနွေးမှုတွေကို ပေးဖို့တောင်းတာ၊ သူတို့လည်း တတိယမူကြမ်းနဲ့ စတုတ္ထ မူကြမ်းကို ကျွန်တော်တို့ဆီ ပေးပါတယ်။ ကျွန်တော်တို့ လဲ ဒီဟာတွေ ဘာသာပြန်ပြီးတော့ လေ့လာနေ တယ်။ လေ့လာပြီးရင်လည်း ဆွေးနွေးပွဲတွေက ရှေ့ကိုဆက်ပြီး ရှိနေဦးမှာပဲ၊ ဆက်လည်း လေ့လာရဦးမယ်။ အဆင်မြန်မြန် ပြေရင် လဲ ကောင်းတာပေါ့။ ခုလိုဖြေကြားပေးတဲ့အတွက် ဦးအောင်မြင့်ကို ကျေးဇူးတင်ပါတယ်။

Yangon Media Group

No comments:

Post a Comment