Wednesday, October 8, 2014

စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦးကို ပြည်ထောင်စုအဆင့်အဖွဲ့ဖွဲ့၍ သွားရောက်စစ်ဆေးမည်

Photo: စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦးကို ပြည်ထောင်စုအဆင့်အဖွဲ့ဖွဲ့၍ သွားရောက်စစ်ဆေးမည်
Wednesday, October 8, 2014

ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာ လုပ်သားနှစ်ဦးကို စစ်ဆေးမေး မြန်းရန် ပြည်ထောင်စုအဆင့်အဖွဲ့ တစ်ခုဖွဲ့စည်းပြီး ထပ်မံ သွားရောက်စစ်ဆေးရန် နိုင်ငံတော်သမ္မတရုံးက  ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

 ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် ထိုင်းနိုင်ငံ၊ ကော့စမွီထောင် တွင် ဖမ်းဆီးထား ရှိသော ရခိုင် အမျိုးသားနှစ်ဦးအား စစ်ဆေးမေး မြန်းရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးအထူးအဖွဲ့က ငှားရမ်းထား သော ထိုင်းရှေ့နေနှစ်ဦးနှင့်အတူ အောက်တို ဘာ ၅ ရက်က သွား ရောက်ခဲ့သည်။

 မြန်မာသံရုံးအထူးအဖွဲ့ သည် အောက်တိုဘာ ၆ ရက်တွင်ဖမ်းဆီးခံ မြန်မာ လုပ်သား များ အားကို စစ်ဆေးမေးမြန်းရာ ၎င်းတို့၏ထွက်ဆိုချက်များနှင့် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော စစ်ဆေး ချက်များမှာ ကွဲလွဲနေပြီး မြန်မာ လုပ်သားနှစ်ဦးက ၎င်းတို့အားဥပဒေ အရအကာအကွယ်ပေးရန် မြန်မာအစိုးရ ထံ  တောင်းဆိုထားသည်။

  မြန်မာသံရုံးအထူးအဖွဲ့ သည် အောက်တိုဘာ ၇ ရက်က လည်း မှုခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းရှိ မျက်မြင်သက်သေများဖြစ် သော ဖမ်းဆီးခံ မောင်ဝင်းဇော် ထွန်း၏အစ်ကိုကိုနိုင်နှင့် အခြားမြန်မာလုပ်သားသုံးဦးအား မေးမြန်းရာ ဖမ်းဆီး ခံမြန်မာ လုပ်သားနှစ်ဦးသည်တရားခံဖြစ်နိုင်ခြေမရှိကြောင်း  ပြောဆိုလိုက် သည်ဟု  သွားရောက်မေးမြန်း စုံစမ်းသူ မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

ထိုသို့စစ်ဆေးချက်များကို နိုင်ငံတော်အစိုးရထံသို့ ချက်ချင်း တင်ပြရာ နိုင်ငံတော် သမ္မတရုံးက ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားနှစ်ဦးကို  စစ်ဆေးမေးမြန်း ရန် ပြည်ထောင်စုအဆင့် အဖွဲ့ဖွဲ့စည်းပြီး ထပ်မံသွားရောက်စစ် ဆေး ရန် ညွှန်ကြား လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘နိုင်ငံတော်သမ္မတကြီးက လည်း ဒါကိုစိုးရိမ်နေတယ်။ ပြည် ထောင်စုအဆင့် အဖွဲ့တစ်ခုဖွဲ့ပြီး ထိုင်းကို စေလွှတ်မယ်။ ကလေး တွေနဲ့ တွေ့မယ်။ ထိုင်းအစိုးရ ဘက်က လုံးဝမပါဘူး။ ဒီကသွား တဲ့အဖွဲ့က အချိန်အကြာကြီးယူ ပြီး တွေ့မယ်။ အဲဒီမှာ အဖြေတစ် ခုထွက်မယ်။ အဲဒီကအဖြေပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်’’ဟု ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးနှင့်  ပတ်သက်၍ ထိုင်းနိုင်ငံပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူး ချစ်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် တွေ့ဆုံစဉ် ၀န်ကြီး ဦးဇော်အေးမောင်က အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

 ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးသည် ရခိုင်တိုင်းရင်းသားများဖြစ် ယင်းအမှုအမှန်အတိုင်းဖြစ်ရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးဦးဇော်အေးမောင်ကပြောသည်။

 ထိုင်းရဲတပ်ဖွဲ့သည် ပြစ်မှု ကျူးလွန်သည်ဟု ၀န်ခံထားသော သူ နှစ်ဦးကို ကော့စမွီထောင်တွင် ထားရှိပြီး ပြစ်မှုကျူးလွန်သည်ဟု ၀န်ခံခြင်းမရှိသည့် မြန်မာလုပ် သားတစ်ဦးကို တည်းခိုခန်းတစ်ခု တွင် ထားရှိကြောင်း ရှေ့နေဦးအောင်မျိုးသန့်ကဆက်လက်ပြောသည်။

မြန်မာသံရုံးအထူးတပ်ဖွဲ့ သည် တည်းခိုခန်းတွင် ထားရှိ သော မြန်မာလုပ်သားတစ်ဦးနှင့် တွေ့ခွင့်ရရန် ထိုင်းအာဏာပိုင် များအား  တောင်းဆိုရာ  ထိုင်း အာဏာပိုင်များက  တရားလို သက်သေပြရန်အတွက် ထားရှိ သောသူဖြစ်သောကြောင့် တွေ့ ခွင့်မပေးကြောင်း သတင်းရရှိ သည်။ ထို့အတူမြန်မာသံရုံးအထူး အဖွဲ့သည် ထိုင်းရဲတပ်ဖွဲ့က တရားခံဟု ပြောဆိုထားသော မြန်မာလုပ်သား နှစ်ဦး၏ အမှုတွဲ တစ်ခုလုံးအား စစ်ဆေးရန်အတွက် တောင်းဆိုရာ တရားခွင်တင်သွင်းခြင်းမရှိသေးသောကြောင့် ထိုင်းအာဏာပိုင်များက စစ်ဆေးခွင့်မပြုကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်။

7Day DAILY 

ဘန်ကောက်မြို့ရဲဌာနချုပ်တွင် အမှုနှင့်ပတ်သက်၍ မီဒီယာများအား ရှင်းလင်းနေ သည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ NICOLAS ASFOURI/AFP
ဘန်ကောက်မြို့ရဲဌာနချုပ်တွင် အမှုနှင့်ပတ်သက်၍ မီဒီယာများအား ရှင်းလင်းနေ သည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ NICOLAS ASFOURI/AFP
ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာ လုပ်သားနှစ်ဦးကို စစ်ဆေးမေး မြန်းရန် ပြည်ထောင်စုအဆင့်အဖွဲ့ တစ်ခုဖွဲ့စည်းပြီး ထပ်မံ သွားရောက်စစ်ဆေးရန် နိုင်ငံတော်သမ္မတရုံးက  ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
 ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် ထိုင်းနိုင်ငံ၊ ကော့စမွီထောင် တွင် ဖမ်းဆီးထား ရှိသော ရခိုင် အမျိုးသားနှစ်ဦးအား စစ်ဆေးမေး မြန်းရန် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးအထူးအဖွဲ့က ငှားရမ်းထား သော ထိုင်းရှေ့နေနှစ်ဦးနှင့်အတူ အောက်တို ဘာ ၅ ရက်က သွား ရောက်ခဲ့သည်။

 မြန်မာသံရုံးအထူးအဖွဲ့ သည် အောက်တိုဘာ ၆ ရက်တွင်ဖမ်းဆီးခံ မြန်မာ လုပ်သား များ အားကို စစ်ဆေးမေးမြန်းရာ ၎င်းတို့၏ထွက်ဆိုချက် များနှင့် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော စစ်ဆေးချက်များမှာ ကွဲလွဲနေပြီး မြန်မာလုပ်သားနှစ်ဦးက ၎င်းတို့အားဥပဒေ အရအကာ အကွယ်ပေး ရန် မြန်မာအစိုးရ ထံ  တောင်းဆိုထားသည်။

  မြန်မာသံရုံးအထူးအဖွဲ့ သည် အောက်တိုဘာ ၇ ရက်က လည်း မှုခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းရှိ မျက်မြင်သက်သေများဖြစ် သော ဖမ်းဆီး ခံ မောင်ဝင်းဇော် ထွန်း၏အစ်ကိုကိုနိုင်နှင့် အခြားမြန်မာလုပ်သားသုံးဦးအား မေးမြန်းရာ ဖမ်းဆီး ခံမြန်မာ လုပ်သားနှစ်ဦးသည် တရားခံဖြစ်နိုင်ခြေမရှိကြောင်း  ပြောဆိုလိုက် သည်ဟု  သွားရောက်မေးမြန်း စုံစမ်းသူ မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

ထိုသို့စစ်ဆေးချက်များကို နိုင်ငံတော်အစိုးရထံသို့ ချက်ချင်း တင်ပြရာ နိုင်ငံတော် သမ္မတရုံးက ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားနှစ်ဦးကို  စစ်ဆေးမေးမြန်း ရန် ပြည်ထောင်စုအဆင့် အဖွဲ့ဖွဲ့စည်းပြီး ထပ်မံသွားရောက်စစ် ဆေး ရန် ညွှန်ကြား လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘နိုင်ငံတော်သမ္မတကြီးက လည်း ဒါကိုစိုးရိမ်နေတယ်။ ပြည် ထောင်စုအဆင့် အဖွဲ့တစ်ခုဖွဲ့ပြီး ထိုင်းကို စေလွှတ်မယ်။ ကလေး တွေ နဲ့ တွေ့ မယ်။ ထိုင်းအစိုးရ ဘက်က လုံးဝမပါဘူး။ ဒီကသွား တဲ့အဖွဲ့က အချိန်အကြာကြီးယူ ပြီး တွေ့မယ်။ အဲဒီမှာ အဖြေတစ် ခုထွက်မယ်။ အဲဒီက အဖြေပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်’’ဟု ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူး ချစ်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် တွေ့ဆုံစဉ် ၀န်ကြီး ဦးဇော်အေးမောင်က အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

 ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးသည် ရခိုင်တိုင်းရင်းသားများဖြစ် ယင်းအမှုအမှန်အတိုင်းဖြစ်ရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးဦးဇော်အေးမောင်ကပြောသည်။

 ထိုင်းရဲတပ်ဖွဲ့သည် ပြစ်မှု ကျူးလွန်သည်ဟု ၀န်ခံထားသော သူ နှစ်ဦးကို ကော့စမွီထောင်တွင် ထားရှိပြီး ပြစ်မှုကျူးလွန်သည်ဟု ၀န်ခံခြင်း မရှိသည့် မြန်မာလုပ် သားတစ်ဦးကို တည်းခိုခန်းတစ်ခု တွင် ထားရှိကြောင်း ရှေ့နေဦးအောင်မျိုးသန့်ကဆက်လက်ပြောသည်။

မြန်မာသံရုံးအထူးတပ်ဖွဲ့ သည် တည်းခိုခန်းတွင် ထားရှိ သော မြန်မာလုပ်သားတစ်ဦးနှင့် တွေ့ခွင့်ရရန် ထိုင်းအာဏာပိုင် များအား  တောင်း ဆိုရာ  ထိုင်း အာဏာပိုင်များက  တရားလို သက်သေပြရန်အတွက် ထားရှိ သောသူဖြစ်သောကြောင့် တွေ့ ခွင့်မပေးကြောင်း သတင်းရရှိ သည်။ ထို့အတူမြန်မာသံရုံးအထူး အဖွဲ့သည် ထိုင်းရဲတပ်ဖွဲ့က တရားခံဟု ပြောဆိုထားသော မြန်မာလုပ်သား နှစ်ဦး၏ အမှုတွဲ တစ်ခုလုံးအား စစ်ဆေးရန်အတွက် တောင်းဆိုရာ တရားခွင်တင်သွင်းခြင်းမရှိသေးသောကြောင့် ထိုင်းအာဏာပိုင်များက စစ်ဆေးခွင့်မပြုကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်။

7Day DAILY

No comments:

Post a Comment