Tuesday, October 21, 2014

နိုင်ဂျီးရီးယားကို အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ကြေညာ

Photo: နိုင်ဂျီးရီးယားကို အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ကြေညာ
Tuesday, October 21, 2014

နိုင်ဂျီးရီးယားနိုင်ငံမှာ ၄၂ ရက်ကြာ ကာလအတွင်း နောက်ထပ် အီဘိုလာ ကူးစက်သူ မရှိတော့တာကြောင့် အီဘိုလာရောဂါ ကင်းစင်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နိုင်ဂျီးရီးယားနိုင်ငံကိုယ်စားလှယ်က လောလောဆယ် နိုင်ဂျီးရီးယားနိုင်ငံမှာ နောက်ထပ် အီဘိုလာရောဂါ ကူးစက်ခံရတာ မရှိတော့တာကြောင့် အီဘိုလာရောဂါဟာ ထိန်းချုပ်နိုင်တဲ့ရောဂါဆိုတာ ကမ္ဘာကို သက်သေပြလိုက်တာလို့ ပြောဆိုပါတယ်။

ကြောက်ရွံ့စိုးရိမ်ခဲ့ကြတဲ့ နိုင်ဂျီးရီးယားပြည်သူတွေကတော့ ပျော်ရွှင်ကြပေမယ့် သတိနဲ့ ပျော်ကြဖို့ နိုင်ဂျီးရီးယား ကျန်းမာရေးအာဏာပိုင်တွေက သတိပေးပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ အနောက်အာဖရိကမှာ  စီးပွားရေးအချက်အချာ၊ ခရီးလမ်း အချက်အချာဖြစ်တာကြောင့် အချိန်မရွေး ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

နိုင်ဂျီးရီးယားဟာ အနောက်အာဖရိကမှာ အီဘိုလာကင်းစင်နိုင်ငံအဖြစ် ဒုတိယ ကြေညာခံရတဲ့နိုင်ငံ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ဆီနီဂေါနိုင်ငံမှာ ၄၂ ရက်အတွင်း အီဘိုလာရောဂါ ကူးစက်ခြင်းမရှိတော့တဲ့အတွက် အီဘိုလာကင်းစင်နိုင်ငံအဖြစ် ပထမဆုံးကြေညာခဲ့တာပါ။

အီဘိုလာရောဂါကို ကြိုးစားထိန်းချုပ်ခဲ့တာအတွက်လည်း ဆီနီဂေါနိုင်ငံကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ချီးကျူးခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ လာဂိုစ့်မြို့နဲ့ ရေနံဆိပ်ကမ်းမြို့ ဖြစ်တဲ့ ဟာကော့မြို့တို့မှာ ဇူလိုင်လက အီဘိုလာရောဂါ ကူးစက်ခံရသူ အယောက် ၂၀ ရှိခဲ့ပြီး ၈ ဦး သေဆုံးခဲ့ပါတယ်။

အခုနှစ်ဆန်းပိုင်းကစပြီး အီဘိုလာရောဂါ ကူးစက်ခံရသူ ၁ သောင်းလောက်မှာ ၄၅၀၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ အနောက်အာဖရိကနိုင်ငံတွေမှာ ဖြစ်ပါတယ်။

DVB TV News

နိုင်ဂျီးရီးယားနိုင်ငံမှာ ၄၂ ရက်ကြာ ကာလအတွင်း နောက်ထပ် အီဘိုလာ ကူးစက်သူ မရှိတော့တာကြောင့် အီဘိုလာရောဂါ ကင်းစင် သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ နိုင်ဂျီးရီးယားနိုင်ငံကိုယ်စားလှယ်က လောလောဆယ် နိုင်ဂျီးရီးယားနိုင်ငံမှာ နောက်ထပ် အီဘိုလာရောဂါ ကူးစက်ခံရတာ မရှိတော့တာကြောင့် အီဘိုလာရောဂါဟာ ထိန်းချုပ်နိုင်တဲ့ရောဂါဆိုတာ ကမ္ဘာကို သက်သေပြလိုက်တာလို့ ပြောဆိုပါတယ်။

ကြောက်ရွံ့စိုးရိမ်ခဲ့ကြတဲ့ နိုင်ဂျီးရီးယားပြည်သူတွေကတော့ ပျော်ရွှင်ကြပေမယ့် သတိနဲ့ ပျော်ကြဖို့ နိုင်ဂျီးရီးယား ကျန်းမာရေးအာဏာပိုင်တွေက သတိပေးပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ အနောက်အာဖရိကမှာ စီးပွားရေးအချက်အချာ၊ ခရီးလမ်း အချက်အချာဖြစ် တာကြောင့် အချိန်မရွေး ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

နိုင်ဂျီးရီးယားဟာ အနောက်အာဖရိကမှာ အီဘိုလာကင်းစင်နိုင်ငံအဖြစ် ဒုတိယ ကြေညာခံရတဲ့နိုင်ငံ ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ဆီနီဂေါနိုင်ငံမှာ ၄၂ ရက်အတွင်း အီဘိုလာရောဂါ ကူးစက်ခြင်း မရှိတော့တဲ့အတွက် အီဘိုလာကင်းစင်နိုင်ငံအဖြစ် ပထမဆုံးကြေညာခဲ့တာပါ။

အီဘိုလာရောဂါကို ကြိုးစားထိန်းချုပ်ခဲ့တာအတွက်လည်း ဆီနီဂေါနိုင်ငံကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ချီးကျူးခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ လာဂိုစ့်မြို့နဲ့ ရေနံဆိပ်ကမ်းမြို့ ဖြစ်တဲ့ ဟာကော့မြို့တို့မှာ ဇူလိုင်လက အီဘိုလာရောဂါ ကူးစက်ခံရသူ အယောက် ၂၀ ရှိခဲ့ပြီး ၈ ဦး သေဆုံးခဲ့ပါတယ်။

အခုနှစ်ဆန်းပိုင်းကစပြီး အီဘိုလာရောဂါ ကူးစက်ခံရသူ ၁ သောင်းလောက်မှာ ၄၅၀၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ အနောက်အာဖရိကနိုင်ငံတွေမှာ ဖြစ်ပါတယ်။

DVB TV News

No comments:

Post a Comment