Sunday, October 5, 2014

တောင်ကြီးမြို့၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်တွင် ပေါက်ကွဲမှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာ ည ၁၀ နာရီ ၂၂ မိနစ်အချိန်တွင် စဝ်စံထွန်းရပ်ကွက်၊ မြို့ပတ်ကား မှတ်တိုင်၌ ပေါက်ကွဲမှု စတင္ထ်ဖြစ်ပွားခဲ့ရာ အရှည် ၂၀ ပေခန့်ရှိ ကားမှတ်တိုင်(သစ်သား) ထိုင်ခုံ ၁၀ ပေခန့်ပျက်စီး၍ အမြင့် ၁၅ ပေ ခန့်ရှိ ကားမှတ်တိုင်(သွပ်မိုး) ပွင့်ထွက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။ ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး တောင်ဘက်ခြမ်းရှေ့တွင် ဒုတိယ မြောက် ပေါက်ကွဲမှုဖြစ် ပွားခဲ့ပြီး အဆိုပါ နေရာအနီး ၂၂၅၀ အချိန်ခန့်တွင် ထပ်မံပေါက်ကွဲ မှုဖြစ်ပွား သဖြင့် ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် တာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ဦး ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ပေါက်ကွဲမှုနေရာများသို့ နယ်မြေခံတပ်မှမိုင်းရှင်းလင်းရေးနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ လှည့်ကင်း လုံခြုံရေး တပ်ဖွဲ့ ဝင်များက ရှင်းလင်းဆောင်ရွက်ခဲ့ရာ အခင်းဖြစ် နေရာအနီးတွင် ပေါက်ကွဲမှုမရှိသေးသည့် ရှေ့ထွက်မိုင်း ၁ လုံးနှင့် စဝ်စံထွန်း ရပ်ကွက်အတွင်း မပေါက်ကွဲ သေးသည့် မိုင်း ၁ လုံးတို့အား ထပ်မံတွေ့ရှိရ၍ မိုင်းရှင်းလင်းရေးအဖွဲ့ကသဲအိတ်များ ကာရံကာ ရေလုံး စနစ်ဖြင့် ဖောက်ခွဲ ဖျက် ဆီးခဲ့ကြောင်းနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့ အတွက် ပူးပေါင်းအဖွဲ့များက ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment