Wednesday, October 8, 2014

ပြည်သူ့ ဆေးရုံများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည်

Photo: ပြည်သူ့ ဆေးရုံများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည်
Wednesday, October 8, 2014

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကင်ဆာရောဂါ ဖြစ်နေ သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်
ပြည်သူ့ဆေးရုံကြီးများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် ထံမှ သိရသည်။ ''ယခုအခါ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ဆေးပညာ မဟာဘွဲ့ ရရှိပြီးသူများကို ဗဟိုအဆင့် ဆေးရုံကြီးများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများမှာ တာဝန် ချထားပေးပါတယ်။

 ဒေသ အသီးသီးမှာရှိတဲ့ ကင်ဆာရောဂါ ဝေဒနာရှင်များကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုပြီး အားဖြည့် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောသည်။ အဆိုပါ ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ Linear Acceleration အသစ် ထပ်မံ တပ်ဆင်ခြင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် စဝ်စံထွန်း ပြည် သူ့ ဆေး ရုံကြီး ၌ Linear Acceleration အသစ် တစ်လုံးစီ တပ်ဆင်ခြင်းများ ဆောင် ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ ပြည်သူ့ဆေးရုံကြီးများ၌လည်း ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ် များကို တိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်
မြ၀တီ
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကင်ဆာရောဂါ ဖြစ်နေ သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက် မှုများ ပေးနိုင် ရန် ပြည်သူ့ဆေးရုံကြီးများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် ထံမှ သိရသည်။ ''ယခုအခါ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ဆေးပညာ မဟာဘွဲ့ ရရှိပြီးသူများကို ဗဟိုအဆင့် ဆေးရုံကြီးများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများမှာ တာဝန် ချထားပေးပါတယ်။
 ဒေသ အသီးသီးမှာရှိတဲ့ ကင်ဆာရောဂါ ဝေဒနာရှင်များကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုပြီး အားဖြည့် ဆောင် ရွက်နေပြီ ဖြစ် ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောသည်။ အဆိုပါ ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ Linear Acceleration အသစ် ထပ်မံ တပ်ဆင်ခြင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် စဝ်စံထွန်း ပြည် သူ့ ဆေး ရုံကြီး ၌ Linear Acceleration အသစ် တစ်လုံးစီ တပ်ဆင်ခြင်းများ ဆောင် ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ ပြည်သူ့ဆေးရုံကြီးများ၌လည်း ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ် များကို တိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်
မြ၀တီ

No comments:

Post a Comment