Tuesday, October 14, 2014

မဖြူနှင်းထွေး၏ ဆန္ဒအရ စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် အာမခံ လျှောက်ထားခြင်း မပြု

လက်ပံတောင်း ကြေးနီ စီမံကိန်းမှ တရုတ် နိုင်ငံသား နှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင် သွားခြင်းနှင့် ပတ်သက်၍ ဖမ်းဆီး ထိန်းသိမ်းခံထား ရသော အထက် မြန်မာပြည် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် မဖြူနှင်းထွေးကို ယခုလ (၁၃) ရက်နေ့၊ နေ့လယ် အချိန်က စတုတ္ထ အကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ ရာတွင် မဖြူနှင်းထွေး၏ ရှေ့နေမှ အာမခံ လျှောက်ထားခြင်း မပြုခဲ့ကြောင်း သိရသည်။ အာမခံ မလျောက်ပါဘူး။ တရားခံရဲ့ ဆန္ဒ အရပါ။ မဖြူနှင်းထွေးရဲ့ အပေါင်းအဖော်တွေ ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ကလည်း အာမခံ မလျှောက်ဖို့ ပြောထားတဲ့ အတွက် သူတို့ ဆန္ဒ သဘောအရ အခုလို
မလျှောက်ခဲ့ တာပါ။ တာဝန် အရတော့ လုပ်ဆောင်ပေး သွားမယ်။ ပြန်လည် လွတ်မြောက်ဖို့ အတွက် ကိုလည်း တတ်နိုင်သလောက် ကြိုးစားပေးသွား မယ်။ ဒီကနေ့မှာ တရားလိုပြ သက်သေ နှစ်ဦးကို စစ်ဆေးတာ တရားမျှတမှု ရှိတာကို တွေ့ရပါတယ်။ ဘက်လိုက်မှု မရှိဘူးလို့ ယူဆပါတယ် ဟု တရားခံ ဘက်မှ လိုက်ပါ ကူညီသူ တရား လွတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက The Messenger Media သို့ ပြောသည်။

ကျောင်းသူ မဖြူနှင်းထွေးအား စက်တင်ဘာလ (၁၃) ရက်နေ့က ပုသိမ်ကြီး မြို့တွင် သက်ဆိုင်ရာမှ လက်ရ ဖမ်းဆီး သွားခဲ့ပြီး ရုံးထုတ် စစ်ဆေးခဲ့ ရာတွင် နှစ်ကြိမ်တိုင်တိုင် အာမခံ လျှောက်ထားခဲ့ သော်လည်း ခရိုင် တရားရုံးသူကြီးက ပယ်ချခဲ့သည်။ အားလုံးကို ပြင်ဆင်ထား ပါတယ်။ ဒေသခံ တွေကို မတရားမှုနဲ့ ကင်းအောင် ကူညီပေးခဲ့ရတဲ့အတွက် ၀မ်းသာမိပါတယ်။မတရားဘူး လို့လည်း ထင်ပါတယ်။အတတ်နိုင်ဆုံး အကောင်းဖြစ်အောင် လုပ်ဆောင် သွားမယ်။ အာမခံလည်း မလျှောက်တော့ ပါဘူး။ ဒေသခံတွေ အနေနဲ့ ကိုယ့်ရဲ့ ခံယူချက်ကို အားတင်းပြီး ဆက်လက် လုပ်ဆောင်ကြ စေချင် ပါတယ် ဟု မဖြူနှင်းထွေးက တရားခွင်မှ အထွက်တွင် မီဒီယာသမား များကို ပြန်လည် ဖြေကြားခဲ့သည်။ မဖြူနှင်းထွေး၏ ငါးကြိမ်မြောက် ရုံးချိန်းကို ယခုလ (၁၅) ရက်နေ့တွင် ပြန်လည် စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

The Messenger

No comments:

Post a Comment