Friday, October 24, 2014

ကမ်းနားလမ်းနှင့် ၁၂ လမ်းထောင့်အနီးတွင် ကုန်တင်ယာဉ်ကားကြီးတစ်စီးက ရပ်ထားသည့်ယာဉ်လေးစီးကို အရှိန်ပြင်းစွာဝင်တိုက်မှုဖြစ်ပွား

Photo: ကမ်းနားလမ်းနှင့် ၁၂ လမ်းထောင့်အနီးတွင် ကုန်တင်ယာဉ်ကားကြီးတစ်စီးက ရပ်ထားသည့်ယာဉ်လေးစီးကို အရှိန်ပြင်းစွာဝင်တိုက်မှုဖြစ်ပွား
==========================================

Friday, October 24, 2014

လသာမြို့နယ် ကမ်းနားလမ်းနှင့် ၁၂ လမ်းထောင့်အနီး၌ အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကုန်တင်ယာဉ်ဆယ်ဘီးကားတစ်စီးမှ ကမ်းနားအမြန်လမ်းမှတစ်ဆင့် မြောင်းတစ်ဖက်ရှိ ကမ်းနားလမ်းတွင်ရပ်ထားသော ယာဉ်လေးစီးကို အရှိန်ပြင်းစွာဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆယ်ဘီးကုန်တင်ယာဉ်သည် ကမ်းနားအမြန်လမ်းအတိုင်း ဗိုလ်တထောင်ဘုရားဘက်မှ ကြည့်မြင်တိုင်ဘက်သို့မောင်းနှင်လာစဉ် ကမ်းနားအမြန်လမ်းပေါ်ရှိ Green Luck ဓာတ်ဆီဆိုင်အနီးတွင် ညာဘက်ရှိ ကမ်းနားလမ်းဘက်သို့ အရှိန်ပြင်းစွာထိုးကျကာ တစ်ဖက်တွင်ရပ်ထားသည့် ပစ္စည်းတင် ဒိုင်နာယာဉ်နှစ်စီး၊ မီနီဘတ်ယာဉ်တစ်စီးနှင့် Nissan အမျိုးအစား အိမ်စီးကားတစ်စီးတို့ကို ၀င်တိုက်မှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "၀င်တိုက်တဲ့ဆယ်ဘီးကားပေါ်မှာက အမျိုးသားတစ်ဦး၊ အမျိုးသမီးပါတယ်။ သူတို့အချင်းချင်းစကားများလာလို့ပဲလား။ ကားတစ်ခုခုချွတ်ယွင်းသွားလို့ပဲလားမသိဘူး။ ကမ်းနားအမြန်လမ်းပေါ်ကနေ ဒီဘက်ကမ်းနားလမ်းပေါ်ကို ၀ုန်းကနဲ့ထိုးကျပြီး ပါကင်ထိုးထားတဲ့ယာဉ်လေးစီးကို ၀င်တိုက်တာပါပဲ။ မောင်းလာတဲ့အရှိန်ကလည်းပြင်းတယ်။ ကျတဲ့နေရာမှာထားတဲ့ မီးပွိုင့်က ၂၄ နာရီ ပျက်နေတယ်" ဟုယာဉ်တိုက်မှုဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့ရသူ အမျိုးသားတစ်ဦးကဆိုသည်။

ယင်းဖြစ်စဉ်ကြောင့် လူသေဆုံးမှုမရှိဘဲ ၀င်တိုက်သည့် ကုန်တင်ကားပေါ်တွင်ပါရှိသည့် အမျိုးသမီးတစ်ဦးသာ ခေါင်းတွင် ဖူးရောင်ဒဏ်ရာသာရရှိခဲ့ကြောင်း သိရသည်။

"ယာဉ်မောင်းကိုတော့ ဆိပ်ကမ်းရဲစခန်းမှာ ဖမ်းဆီးထားတယ်။ ဘယ်လိုကြောင့် ယာဉ်တိုက်မှုကျူးလွန်ရလဲဆိုတာ မေးမြန်းနေပါတယ်။ လူသေဆုံးမှုနဲ့ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး" ဟု လုံခြုံရေးလာယူခဲ့သည့် လသာမြို့နယ်စခန်းမှူးဖြစ်သူ ဒုရဲမှူးထွန်းအောင်ကျော်ကဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဆယ်ဘီးကားယာဉ်မောင်းအား ယာဉ်(ပ) ၂၄/၁၃ ပုဒ်မ ၂၇၉ ဖြင့် ဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆယ်ဘီးကုန်တင်ယာဉ်၏ ၀င်တိုက်မှုခံခဲ့ရသော ကားသုံးစီးကိုတွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) 

Eleven Media
လသာမြို့နယ် ကမ်းနားလမ်းနှင့် ၁၂ လမ်းထောင့်အနီး၌ အောက် တိုဘာ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကုန်တင်ယာဉ် ဆယ်ဘီးကားတစ်စီးမှ ကမ်းနားအမြန်လမ်းမှတစ်ဆင့် မြောင်းတစ်ဖက်ရှိ ကမ်းနားလမ်းတွင်ရပ်ထားသော ယာဉ်လေးစီးကို အရှိန်ပြင်းစွာဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆယ်ဘီးကုန်တင်ယာဉ်သည် ကမ်းနားအမြန်လမ်းအတိုင်း ဗိုလ်တထောင်ဘုရားဘက်မှ ကြည့်မြင်တိုင်ဘက်သို့မောင်းနှင်လာစဉ် ကမ်းနားအမြန်လမ်းပေါ်ရှိ Green Luck ဓာတ်ဆီဆိုင်အနီးတွင် ညာဘက်ရှိ ကမ်းနားလမ်းဘက်သို့ အရှိန်ပြင်းစွာထိုးကျကာ တစ်ဖက်တွင်ရပ်ထားသည့် ပစ္စည်းတင် ဒိုင်နာယာဉ်နှစ်စီး၊ မီနီဘတ်ယာဉ်တစ်စီးနှင့် Nissan အမျိုးအစား အိမ်စီးကားတစ်စီးတို့ကို ၀င်တိုက်မှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "၀င်တိုက်တဲ့ဆယ်ဘီးကားပေါ်မှာက အမျိုးသားတစ်ဦး၊ အမျိုးသမီးပါတယ်။ သူတို့အချင်းချင်းစကားများလာလို့ပဲလား။ ကားတစ်ခုခုချွတ်ယွင်းသွားလို့ပဲလားမသိဘူး။ ကမ်းနားအမြန်လမ်းပေါ်ကနေ ဒီဘက်ကမ်းနားလမ်းပေါ်ကို ၀ုန်းကနဲ့ထိုးကျပြီး ပါကင်ထိုးထားတဲ့ ယာဉ်လေးစီးကို ၀င်တိုက်တာပါပဲ။ မောင်းလာတဲ့အရှိန်ကလည်းပြင်းတယ်။ ကျတဲ့နေရာမှာထားတဲ့ မီးပွိုင့်က ၂၄ နာရီ ပျက်နေတယ်" ဟုယာဉ်တိုက်မှုဖြစ်စဉ်အား မျက်မြင်တွေ့ရှိ ခဲ့ရသူ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းဖြစ်စဉ်ကြောင့် လူသေဆုံးမှုမရှိဘဲ ၀င်တိုက်သည့် ကုန်တင်ကားပေါ်တွင်ပါရှိသည့် အမျိုးသမီးတစ်ဦးသာ ခေါင်းတွင် ဖူးရောင်ဒဏ်ရာသာရရှိခဲ့ကြောင်း သိရသည်။

"ယာဉ်မောင်းကိုတော့ ဆိပ်ကမ်းရဲစခန်းမှာ ဖမ်းဆီးထားတယ်။ ဘယ်လိုကြောင့် ယာဉ်တိုက်မှုကျူးလွန် ရလဲဆိုတာ မေးမြန်းနေပါတယ်။ လူသေဆုံးမှုနဲ့ အပြင်းအထန်ထိခိုက်ဒဏ်ရာ ရသူတော့ မရှိပါဘူး" ဟု လုံခြုံရေးလာယူခဲ့သည့် လသာမြို့နယ်စခန်းမှူးဖြစ်သူ ဒုရဲမှူးထွန်းအောင်ကျော်က ဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဆယ်ဘီးကားယာဉ်မောင်းအား ယာဉ်(ပ) ၂၄/၁၃ ပုဒ်မ ၂၇၉ ဖြင့် ဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆယ်ဘီးကုန်တင်ယာဉ်၏ ၀င်တိုက်မှုခံခဲ့ရသော ကားသုံးစီးကိုတွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) 

Eleven Media

No comments:

Post a Comment