Wednesday, October 8, 2014

မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းပြီး ပြည်တွင်းရေ လုပ်ငန်း ကဏ္ဍနှင့် စပ်လျဉ်း၍ သုတေသန ပြုလုပ်မည်

Photo: မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းပြီး ပြည်တွင်းရေ လုပ်ငန်း ကဏ္ဍနှင့် စပ်လျဉ်း၍ သုတေသန ပြုလုပ်မည်
Wednesday, October 8, 2014

မြန်မာနိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့ ပူးပေါင်း၍ မြန်မာ နိုင်ငံအတွင်းရှိ ရေလုပ်ငန်း ကဏ္ဍနှင့် စပ်လျဉ်း၍ သုတေသန လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း Korea Maritime Institute (KMI) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာနိုင်ငံ၏ရေလုပ်ငန်းနှင့်ပတ်သက်သောသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ယခုအကြိမ်နှင့် ဆိုလျှင် နှစ်ကြိမ်တိုင်တိုင် ရှိသွားပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း မြန်မာနိုင်ငံ ရေကြောင်း တက္ကသိုလ်နှင့် ကိုရီးယားမှ Korea Maritime Institute KMI တို့ ပူးပေါင်းကာ ပြည်တွင်း၌ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် လေ့လာစမ်းစစ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် သုတေသန လုပ်ငန်းများ လုပ်ဆောင်သည့် အခါ မြန်မာနိုင်ငံ၏ ပင်လယ် ရေပိုင်နက်အတွင်းမှ ထွက်ရှိသော ရေထွက်ပစ္စည်းများ၊ နိုင်ငံအတွင်းရှိ ရေလုပ် ငန်းများ၊ ရေလုပ်ငန်း အထောက်အကူပြု စီးပွားရေးလုပ်ငန်းများနှင့် မြန်မာ့ ပင်လယ်ကမ်းလွန် ရေထုစသည် တို့ကို သုတေသန ပြုလုပ် သွားမည်ဖြစ်ပြီး ထိုအတွက် လိုအပ်သော နည်းပညာနှင့် အထောက်အပံ့ များကိုလည်း Korea Maritime Institute (KMI) မှနေ၍ အကူအညီ ပေးသွားမည် ဖြစ်သည်။

အဆိုပါ သုတေသန လုပ်ငန်းအား လုပ်ဆောင်ရာတွင် KMIမှ ကျွမ်းကျင် ပညာရှင်များ၊ မြန်မာနိုင်ငံ ရေကြောင်း တက္ကသိုလ်မှ ဆရာဆရာမ များနှင့် အတူ ပြည်တွင်းရှိ ရေလုပ်ငန်း ဆိုင်ရာ ပညာရှင် အချို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

(ဆောင်းဦး)
မြ၀တီ
မြန်မာနိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့ ပူးပေါင်း၍ မြန်မာ နိုင်ငံအတွင်းရှိ ရေလုပ်ငန်း ကဏ္ဍနှင့် စပ်လျဉ်း၍ သုတေသန လုပ်ငန်းများ လုပ် ကိုင် ဆောင် ရွက် သွားမည် ဖြစ် ကြောင်း Korea Maritime Institute (KMI) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုကဲ့သို့နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာနိုင်ငံ၏ရေလုပ်ငန်းနှင့်ပတ်သက်သောသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ယခုအကြိမ်နှင့် ဆို လျှင် နှစ်ကြိမ် တိုင်တိုင် ရှိသွားပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း မြန်မာနိုင်ငံ ရေကြောင်း တက္ကသိုလ်နှင့် ကိုရီးယားမှ Korea Maritime Institute KMI တို့ ပူးပေါင်းကာ ပြည်တွင်း၌ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် လေ့လာစမ်းစစ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် သုတေသန လုပ်ငန်းများ လုပ်ဆောင်သည့် အခါ မြန်မာနိုင်ငံ၏ ပင်လယ် ရေပိုင်နက်အတွင်းမှ ထွက်ရှိသော ရေထွက် ပစ္စည်းများ၊ နိုင်ငံအတွင်းရှိ ရေလုပ် ငန်းများ၊ ရေလုပ်ငန်း အထောက်အကူပြု စီးပွားရေးလုပ်ငန်းများနှင့် မြန်မာ့ ပင်လယ်ကမ်းလွန် ရေထုစသည် တို့ကို သုတေသန ပြုလုပ် သွားမည်ဖြစ်ပြီး ထိုအတွက် လိုအပ်သော နည်းပညာနှင့် အထောက်အပံ့ များကိုလည်း Korea Maritime Institute (KMI) မှနေ၍ အကူအညီ ပေးသွားမည် ဖြစ်သည်။

အဆိုပါ သုတေသန လုပ်ငန်းအား လုပ်ဆောင်ရာတွင် KMIမှ ကျွမ်းကျင် ပညာရှင်များ၊ မြန်မာနိုင်ငံ ရေကြောင်း တက္ကသိုလ်မှ ဆရာဆရာမ များနှင့် အတူ ပြည်တွင်းရှိ ရေလုပ်ငန်း ဆိုင်ရာ ပညာရှင် အချို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

(ဆောင်းဦး)
မြ၀တီ

No comments:

Post a Comment