Monday, October 13, 2014

လစ်လပ်နေသည့် တိုင်းနှင့်ပြည်နယ်က အလုပ်အမှုဆောင်များကို NLD ပါတီ ပြန်လည်ဖြည့်တင်းရန် စီစဉ်


၂ဝ၁၅ ရွေးကောက်ပွဲနီးကပ်လာသော ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီအနေဖြင့် တိုင်း နှင့်ပြည်နယ်အသီးသီးရှိ အလုပ်အ မှုဆောင် လစ်လပ်လျက်ရှိသော နေ ရာများကို ပြန်လည်ဖြည့်တင်းသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သတင်းပြန် ကြားရေးအဖွဲ့ဝင် ဦးမျိုးခင်(မုန်း ခက်)က ဒီမိုကရေစီတူဒေးသတင်း စာသို့ အောက်တိုဘာ ၁၂ရက်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တိုင်းနှင့်ပြည်နယ်အသီးသီး တွင်ရှိသော အလုပ်အမှုဆောင်များ မှာ ကျန်းမာရေးကြောင့် ပါတီ၏ လုပ် ငန်းများကို မလုပ်ကိုင်နိုင်ခြင်းနှင့် သေဆုံးသူများကြောင့် လစ်လပ်နေ ရာများ ရှိနေသည့်အတွက် ယင်းကဲ့သို့ ပါတီအင်အားကို ဖြည့်တင်းရခြင်းဖြစ် ကြောင်းသိရသည်။


''အန်ကယ်တို့ပါတီက တိုင်းနှင့် ပြည်နယ်အသီးသီးမှာရှိတဲ့ လစ်လပ် သွားတဲ့အလုပ်အမှုဆောင်တွေနေရာ မှာ အလုပ်အမှုဆောင်အသစ်တွေ အစားထိုးသွားမယ်။ ဒီလိုဘာကြောင့် လုပ်ရသလဲဆိုတော့ ရွေးကောက်ပွဲ လဲ နီးလာပြီ။ ဒီတော့ ပါတီရဲ့ လုပ် ဆောင်ချက်တွေကို ထိထိရောက် ရောက်လုပ်ကိုင်နိုင်ဖို့ အတွက် ခုလိုပါ တီအင်အားဖြည့်တင်းရခြင်းဖြစ်တယ်။ ဒီလိုဖြည့်တင်းတဲ့အခါမှာလဲပါတီရဲ့ အရေးကို တကယ်တက်တက်ကြွ ကြွလုပ်နိုင်တဲ့သူ ထက်မြက်တဲ့သူတွေ ကိုပဲ ရွေးချယ်သွားမှာပါ''ဟုဦးမျိုးခင် (မုန်းခက်)က ပြောသည်။
NLD ပါတီတွင်အလုပ်အမှု ဆောင်များကို မြို့နယ်လိုက်၍ တစ် မြို့နယ်တွင် ၁၅ဦးမှ ၁၉ဦးအထိ ထားရှိထားပြီး အပိုထပ်ဆောင်းအ လုပ်အမှုဆောင် အဖြစ်သုံးဦးထားရှိ ကာ ယခုလစ်လပ်သွားသော အလုပ် အမှုဆောင်နေရာများကို ဖြည့်တင်း ရာ၌အဆိုပါအပိုဆောင်းထည့်သွင်း ထားသည့်သုံးဦးကို အဓိကထား၍ အလုပ်အမှုဆောင်အဖြစ် ရွေးချယ် သွားမည်ဖြစ်သည်။
NLD ပါတီ သည် လက်ရှိအချိန်တွင်ပါတီဝင် အင်အားနှစ်သိန်းကျော် ခန့်ရှိကြောင်း သိရသည်။
OKH
Yangon Media Group

No comments:

Post a Comment