Tuesday, October 28, 2014

လက်နက်ကိုင်ဖြေရှင်းခြင်းကို ရပ်ဆိုင်းပေးရန် တပ်မတော်သို့ UWSA တောင်းဆို

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအားလုံး အပေါ် တပ်မတော်က လက်နက် ဖြင့်ဖြေရှင်းခြင်းကို ရပ်ဆိုင်းပေး ရန်အပါအဝင် အချက်သုံးချက် အား ‘ဝ’ ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSA)က တောင်းဆိုခဲ့ကြောင်းသတင်းရရှိသည်။
ဝပြည်သွေးစည်းညီညွတ် ပါတီခေါင်းဆောင်များနှင့် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌဦးသိန်းဇော်ဦးဆောင်သော အဖွဲ့တို့သည် အောက်တိုဘာ ၂၂ ရက်တွင် ပန်ဆန်းဒေသ၌တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ဝ ပြည်နယ်အထူးဒေသ(၂)‘ဝ’ပြည် နယ်အစိုးရအဖွဲ့ခေါင်းဆောင်ဦး ရှောက်မင်လျံက ‘ဝ’ဒေသတွင်းမှတ် ပုံတင်ထုတ်ပေးရန်၊ ထိုင်းနယ်စပ် ဂိတ်ပြန်ဖွင့်ပေးရန်နှင့် သံလွင်မြစ် ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်ရန် တောင်းဆိုခဲ့သည်။
ထိုင်းနယ်စပ်ဂိတ်ပြန်လည် ဖွင့်လှစ်ရေး စီးပွားကူးသန်းဝန်ကြီး ဌာနအနေဖြင့် စိတ်ဝင်စားပြီး ဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိ ကြီးတစ်ဦးစေလွှတ်၍ လေ့လာ ဆောင်ရွက်မှုများပြုလုပ်ရန်စီစဉ် နေကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဌာန အကြီး တန်းအရာရှိကြီးတစ်ဦးက ဆို သည်။
‘‘မှတ်ပုံတင်ထုတ်ပေးဖို့ကိစ္စ ကိုတော့ သမ္မတကြီးဆီတင်ပြ ပေးမယ်လို့ ဦးသိန်းဇော်ကတော့ ပြောခဲ့တယ်’’ဟု အဆိုပါဆွေးနွေး ပွဲတွင်ပါဝင်ခဲ့သူတစ်ဦးက ပြော သည်။
အဆိုပါတွေ့ဆုံပွဲတွင် အစိုး ရဘက်မှ ဦးသိန်းဇော်နှင့်အတူ ပြည်ထောင်စုဝန်ကြီးနှစ်ဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ်တစ်ဦးနှင့် ဗိုလ်မှူးကြီးနှစ်ဦးတို့ တက် ရောက်ခဲ့ပြီး ‘ဝ’ပြည်သွေးစည်းညီ ညွတ်ရေးပါတီဘက်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဒုဥက္ကဋ္ဌဦးရှောက် မင်းလျံ၊ ဦးပေါက်ယူလျံနှင့် ဦးအိုက်လောက်အပါအဝင် ရှစ်ဦး တက်ရောက်ခဲ့ကြောင်းသတင်း ရရှိသည်။
7Day Daily

No comments:

Post a Comment