Thursday, November 6, 2014

မူးယစ်ဆေးရောင်းသည့် ကျောင်းအုပ်ဆရာကို စစ်ဆေးနေ

 ချင်းတွင်းရေကြောင်းသွား ခရီးသည်တင်ရေယာဉ်တစ်စီး မုံ ရွာဆိပ်ကမ်းသို့ ဆိုက်ရောက်စဉ် ခရီးသည်တစ်ဦးကို စစ်ဆေးခဲ့ရာ ဘိန်းဖြူဟု ယူဆရသော ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးရောင်းချပေးသောမင်းကင်းမှ မူလတန်းကျောင်းအုပ်ဆရာတစ်ဦးကိုပါ အမှုဖွင့်စစ်ဆေး နေကြောင်း သတင်းရရှိသည်။



  ‘‘မုံရွာဆိပ်ကမ်းဆိုက် ရောက်လာတဲ့ ရေယာဉ်ပေါ်က ခရီးသည်ကို သတင်းအရ ရှာဖွေ စစ်ဆေးတဲ့အခါ ပင်နယ်စလင် ပုလင်းတစ်လုံးနဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ အဖြူရောင်အမှုန့်တွေ သိမ်း ဆည်းရမိခဲ့တာပါ’’ဟု မုံရွာမြို့ မြို့မရဲတပ်ဖွဲ့စခန်းတာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောကြား သည်။

နိုဝင်ဘာ ၄ ရက် နေ့လယ်က ရွှေပြည်ထွန်းရေယာဉ် မုံရွာဆိပ် ကမ်းသို့ဆိုက်ကပ်စဉ် မင်းကင်းမြို့နေ မင်းနိုင်ဆိုသူအား ရှာဖွေစစ်ဆေးခဲ့ရာ ဆေးလိပ်ဘူးခွံအတွင်း အဖုံးပါ ပင်နယ်စလင်ပုလင်းဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် ၀ ဒသမ ၂ ဂရမ်ခန့် ဘိန်းရှူရာတွင် အသုံးပြုသည့် ခဲပြားစက္ကူအပိုင်းအစ ငါးခုတို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။


မူးယစ်ဆေးဝါးလက်ဝယ် သုံးစွဲသူ မင်းနိုင်နှင့် ရောင်းချပေး သူ မူလတန်းကျောင်းအုပ် ဆရာ ဦးတင့်လွင်ဆန်း(ခ)တင့်လွင်အား မုံရွာမြို့မရဲစခန်းက အမှုဖွင့်စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment