Tuesday, November 11, 2014

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေး များ၌ သတင်းရယူရန် ဂျာနယ်လစ် စုစုပေါင်း ၁၂၅၆ ဦး စာရင်းသွင်းထား

(၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းဝေးများ၌  သတင်းရယူရန် နိုင်ငံတကာဂျာနယ်လစ်များ အပါအဝင် ဂျာနယ်လစ်စုစုပေါင်း ၁၂၅၆ ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။

ထိုသို့ စာရင်းပေးသွင်းရာတွင် ပြည်တွင်း ဂျာနယ်လစ် ၁၆၅ ဦး၊ နိုင်ငံတကာ ဂျာနယ် လစ် ၇၄၇ဦးနှင့် နိုင်ငံ ၁၂ နိုင်ငံမှ အစိုးရကိုယ် စားလှယ်များနှင့်အတူ လိုက်ပါလာသည့် ဂျာ နယ်လစ် ၃၄၄ ဦးတို့ဖြစ်ကြောင်း သိရသည်။


 အဆိုဂျာနယ်လစ်များအတွက် မီဒီယာ စင်တာကို နှစ်နေရာခွဲထားပြီး မီဒီယာစင် တာ အမှတ်(၁)ကို ဆွေးနွေးပွဲ ပြုလုပ်မည့် အဆောက်အအုံအတွင်း ထားရှိကာ မီဒီယာ စင်တာ အမှတ်(၂)ကို အဆောက်အအုံပြင်ပ မြက်ခင်းပြင်တွင် ယာယီတဲ ထိုးထားရှိခဲ့သည်။ မီဒီယာစင်တာ အမှတ်(၁)တွင် အစိုးရများ နှင့် လိုက်ပါ လာမည့် ဂျာနယ်လစ်များ၊ ၁ဝ ပေပတ်လည် အခန်းတစ်ခုကို အမေရိကန် ဒေါ်လာ ၇ဝဝ ဖြင့် ငှားရမ်းထားသော နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များကို ထားရှိပြီး မီဒီယာစင်တာ(၂)တွင် ပြည်တွင်း ဂျာနယ်လစ်များနှင့် အခန်းငှားရမ်းထားခြင်း မရှိသော နိုင်ငံတကာဂျာနယ်လစ်များကို ထား ရှိခဲ့သည်။

 မီဒီယာစင်တာ ခွဲခြားထားမှုအပြင် သတင်းထောက်များကို လွတ်လပ်စွာ သတင်း မေးမြန်းခွင့်တားဆီးထားသည့်အပေါ် ဒေါ သထွက်မိကြောင်း နိုဝင်ဘာ ၁ဝ ရက်တွင် သတင်းယူရန် လာရောက်ခဲ့သည့်ဂျပန်သတင်း ထောက်တစ်ဦးက The Daily Eleven သတင်း စာသို့ ပြောကြားသည်။

 “မြန်မာအစိုးရရဲ့ မူဝါဒကိုတော့ကျွန် တော်သေချာမသိဘူး။ ဒါပေမဲ့ သူတို့ လုပ် တာ ဒေါသထွက်ဖို့ကောင်းတယ်။ ကျွန် တော့်အနေနဲ့ ပြောတာပေါ့လေ။ တခြားနိုင်ငံ တွေမှာတုန်းကလွတ်လပ်မှုပုံစံရှိတယ်။  အစိုး ရ အရာရှိတွေနဲ့ ထိတွေ့မေးမြန်းခွင့်ရှိသေးတာ ပေါ့။ နိုင်ငံ့ခေါင်းဆောင်တွေတော့ မဟုတ်ဘူး ပေါ့။ အဲဒီလို လွတ်လပ်မှုတော့ ရှိသေးတယ်။ အခု ဒါမျိုးတောင်မရှိတော့ ဒေါသထွက်မိပါ တယ်”ဟု ဂျပန်ဂျာနယ်လစ်က ပြောကြားသည်။

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ်အစည်းအဝေး များ၏ အကြိုအစည်းအဝေးများကို နိုဝင် ဘာ ၉ ရက်တွင် စတင်ပြုလုပ်နေပြီ ဖြစ်သော် လည်း ဂျာနယ်လစ်များ သတင်းရယူ ခွင့် မရှိခဲ့ပေ။ 

 နိုဝင်ဘာ ၁၁ ရက်တွင် အာဆီယံ အ ဆင့်မြင့်အရာရှိများ၏ အစည်းအဝေးပွဲ ပြုလုပ်ခဲ့ပြီး အာဆီယံ-အမေရိကန် ဆွေးနွေးပွဲအတွက် ကြေညာချက် ထုတ်ပြန်ရေးကိစ္စ  မူကြမ်းနှင့် အာဆီယံအလှည့်ကျ ဥက္က|၏  ကြေညာချက်မူကြမ်းကိစ္စတို့ကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment