Wednesday, November 26, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နှင့်လျော်ညီစွာ ပြင်ဆင်နိုင်ရေး နိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌအပါအဝင် တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးတို့ ပါဝင်သည့် ခြောက်ပွင့် ဆိုင်တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ခေတ်စနစ်အခြေအနေအချိန်အခါနှင့်ညီညွတ်သော ဖွဲ့စည်းပုံအခြေ ခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံတည်ဆောက် ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် အတွက် နိုဝင်ဘာ ၂၅ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းမှ ယင်းကဲ့သို့ ခြောက်ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေး အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ဆွေးနွေးတဲ့အချိန်မှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ သာမက နိုင်ငံရဲ့ခေါင်းဆောင်ကြီးခြောက်ဦး တွေ့ဆုံညှိနှိုင်းအဖြေရှာဆောင်ရွက်ဖို့ မလွဲမသွေလိုအပ်နေ ပါပြီ။ ကျွန်တော် တို့ခေါင်းဆောင်တွေ မညံ့ကြပါဘူး။ ဘဝတွေကိုရင်းနှီးပြီးမှ ခေါင်းဆောင် တွေဖြစ်လာတာပါ။ ညှိနှိုင်းလို့လဲ ရကြမှာပါ။ ခေါင်းဆောင်ကြီးခြောက်ဦး ဆွေးနွေးပြီးတော့ ပြည်သူတွေအပါ အဝင် လက်အောက်ခံတပည့်သား သမီးတွေကို သဘောပေါက်အောင် ရှင်းပြကြရဦးမှာ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်ဦးမြင့်ထွန်းက လွှတ်တော် တွင် အဆိုတင်သွင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ် စားလှယ်ဒေါက်တာအေးမောင်က လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးဆွေးနွေးရာတွင် ငါးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ ကြောင်း သိရသည်။

''ဦးရွှေမန်းတို့၊ ဒေါ်အောင်ဆန်း စုကြည်တို့ပြောနေတဲ့ လေးပွင့်ဆိုင် အစား တိုင်းရင်းသားတစ်ပွင့်ထည့်ပြီး ငါးပွင့်ဆိုင်လုပ်ပေးဖို့ကို ဆွေးနွေးခဲ့ သေးတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေက ဖက်ဒရယ်ကို သွားနေတာဆိုတော့'' ဟုဒေါက်တာ အေးမောင်က ဆိုသည်။

လက်ရှိအချိန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ဆောင်နေသည့် ကာလဖြစ်ကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်းဆုံး ပြင် ဆင်နိုင်ပြီး တပ်မတော်အနေဖြင့် လည်း နိုင်ငံရေးပါတီများနှင့် နိုင်ငံ သားများအပေါ်တွင် အလေးထား မည်ဆိုပါက သဟဇာတကျသည့် ဖက်ဒရယ်တစ်ခု ဖြစ်လာမည်ဟု ယင်းက ဆက်လက်ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်း ဦးက ''ဖွဲ့စည်းပုံပြင်ရေးက လော လောဆယ်အရေးကြီးနေပါတယ်။နိုင်ငံရေးအင်အားစုအားလုံးက လက် ခံနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့လိုပါ တယ်။ဖွဲ့စည်းပုံက ငြိမ်းချမ်းရေးကိုလဲ ထိ ခိုက်နေတာဆိုတော့ အခုလိုအရေး ကြီးအဆိုတင်လိုက်တယ်လို့ ထင်ပါ တယ်''ဟု ပြောသည်။

ယခုကဲ့သို့ခြောက်ပွင့်ဆိုင်တွေ့ ဆုံမည်ဆိုပါက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိုသာ ဦးစားပေး ဆွေးနွေးစေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် နိုင်မှသာ အများပြည်သူတောင်းဆို နေမှုများ အဆင်ပြေသွားစေမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

''နိုင်ငံရေးပြဿနာတွေကိုဖြေ ရှင်းဖို့၊ တွေ့ဆုံဖြေရှင်းတဲ့နည်းက ကျွန်တော်တို့နိုင်ငံမှာ ရေပန်းစားလာ ပြီလို့မြင် ပါတယ်။ ကြိုလဲကြိုဆိုပါ တယ်''ဟုနိုင်ငံရေးလေ့လာသူဦးကျော် လင်းဦးက ဆိုသည်။

Yangon Media Group

No comments:

Post a Comment