Monday, November 10, 2014

အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု လျှော့ချခြင်းကြောင့် ပြည်သူများအပေါ် သက်ရောက်မှုများနှင့်ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်

အမေရိကန်၏ စီးပွားရေးပိတ်ဆို့ လျှော့ချခြင်းကြောင့် ပြည်သူများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ကြီးမှူး၍ နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် စာရေးဆရာ သန်းစိုးနိုင်၊ မြန်မာ့ရေးရာဂျာနယ်မှ အယ်ဒီတာ ဦးမော်လင်းနှင့် စီးပွားရေး သုတေသီ ဦးမြင့်စံတို့က အဓိက ဆွေးနွေးခဲ့ကြသည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုမျြား ပြုလုပ်တတ်သည့် အကြောင်းရင်းများ၊ စီးပွားရေးပိတ်ဆို့မှုနှင့် ပြည်သူ့အခြေအနေ၊ စီးပွားရေးပိတ်ဆို့မှု လျှော့ချခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် ပြည်သူ့ အပေါ် သက်ရောက်မှုများအကြောင်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် စာရေးဆရာ သန်းစိုးနိုင်က “စီးပွားရေးပိတ်လိုက်တဲ့ အတွက်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေက များစွာထူးခြားသွားမှာ မဟုတ်ပေမယ့် ဒီ Sanction တွေ လျှော့လိုက်ရင်တော့ အကျိုး ဆက်က ဒီလူတွေအတွက် အခွင့်အရေးတွေ ပိုရ၊ သူတို့ပဲ ကြီးပွားပြီးတော့ ပြည်သူတွေပဲ ပိုနစ်နာမှုတွေ ရှိလာနိုင်တယ်” ဟု သုံးသပ်ပြောကြား သည်။

ထို့အပြင် ဦးမော်လင်းက လက်ရှိတွင် အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏ပိတ်ဆို့မှုတွေကို လျှော့ချရန် စဉ်းစားထားသည်များရှိသည်ဟု သိရကြောင်းနှင့် အမေရိကန်၏ မှုခင်းရေးရာ၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စတွေမှာ အကူအညီအထောက်အပံ့များပေးသည်မှာ ကောင်းမွန်သည့်ကိစ္စ ဖြစ်သော်လည်း ပြည်သူများဆီရောက်ရန် အဓိကလိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။

ထို့အပြင် ဆွေးနွေးသူများက မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ပိတ်ဆို့ ခံရမှုများကြောင့် နိုင်ငံတွင်း စီးပွားရေး ထိခိုက်သည့် အခြေအနေများ ရှိခဲ့ခြင်းမဟုတ်ဘဲ အစိုးရ၏ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် မူဝါဒ၊ စည်းမျဉ်းများ ပြဋ္ဌာန်းအကောင်အထည်ဖော်မှုအပိုင်းတွင် အားနည်းချက်များ ရှိသောကြောင့်သာဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment