Saturday, December 6, 2014

ဒေါ်လာမရောင်းသော ငွေလဲကောင်တာ ၂၀ ခန့်ကို သတိပေးထားဟုဆို

Photo: ဒေါ်လာမရောင်းသော ငွေလဲကောင်တာ ၂၀ ခန့်ကို သတိပေးထားဟုဆို
Saturday, December 6, 2014

 နိုင်ငံခြားငွေ အရောင်း ကောင်တာများ ဖွင့်လှစ်ထားပြီး ရောင်းချခြင်း မရှိသည့် ငွေလဲ ကောင်တာ ၂၀ ခန့်ကို ဗဟိုဘဏ်ကခေါ်ယူသတိပေးထားပြီး ထပ်မံပြုလုပ်ပါက လိုင်စင်ချထားပေးမှုများ ရပ်ဆိုင်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။

ပြင်ပငွေပေါက်ဈေး၊ ပုဂ္ဂလိက ငွေလဲကောင်တာ (Money Changer)နှုန်းနှင့် ဘဏ်များ၏ငွေလဲကောင်တာဈေးနှုန်းများသည် တစ်ဒေါ်လာလျှင် ၁၀ ကျပ်နီးပါး ကွာဟမှုဖြစ်နေသည့်အတွက်ဘဏ်အချို့၏ ငွေလဲကောင်တာများတွင် ဒေါ်လာအရောင်းပိတ်ထားသည်မှာ  တစ်ပတ်ကျော်ရှိသွာပြီဖြစ်ကြောင်း  သတင်းရရှိသည်။

  ‘‘ကောင်တာဖွင့်ထားလို့ အ၀ယ်လုပ်ရင် အရောင်းလည်း လုပ်ရမယ်။ အခုအရောင်းမလုပ်ဘူးလို့ သိရတဲ့ ကောင်တာတွေကို စစ်ဆေးမှုလုပ်တဲ့အခါမှာ ၂၀ လောက်ကို ခေါ်ပြီး သတိပေး ထားတာတွေ ရှိနေပြီ’’ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ဘဏ်နှင့် ပုဂ္ဂလိက ငွေလဲ ကောင်တာများကို   ဗဟိုဘဏ်မှဖွဲ့စည်းထားသော စစ်ဆေးရေးအ ဖွဲ့များကလိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ နှစ်ပတ်နီးပါး ရှိသွားပြီဖြစ်ပြီး ပြန်လည်ရောင်းချ ခြင်း မရှိသော ငွေလဲကောင်တာ များကို ဓာတ်ပုံမှတ်တမ်းများပါ ရယူထားပြီး ဖြစ်သည်။

ဗဟိုဘဏ်က သတိပေးထား သော ကောင်တာများမှာ ထပ်မံ စစ်ဆေးမှုတွင်   တွေ့ရှိပါက ကောင်တာတာဝန်ခံများကို အရေးယူမည်ဖြစ်ပြီး တတိယအ ကြိမ် ရောင်းချမှု မရှိဟု စုံစမ်းခြင်း နှင့် တိုင်ကြားမှုများ ရှိပါက နိုင်ငံ ခြားငွေ လဲလှယ်ရောင်းချခွင့် လိုင် စင်ကို ယာယီ (သို့မဟုတ်) ပိတ် သိမ်းသည်အထိ အရေးယူမှုများ   ဗဟိုဘဏ်ဥပဒေတွင် ပါဝင်သည့်အတိုင်း ပြုလုပ်သွားမည်ဟု ဆိုသည်။

‘‘ကျောင်းတက်ဖို့ ပုဂ္ဂလိက ဘဏ်မှာ ဒေါ်လာသွားဝယ်တာ။ လုံးဝအရောင်း မရှိဘူး။ ဌာနချုပ် က ညွှန်ကြားချက်နဲ့ အရောင်း ပိတ်တာ တစ်ပတ်တောင်ကျော် သွားပြီလို့ပဲ ပြန်ပြောလွှတ်လိုက် တယ်။ ဒေါ်လာ ၂၀ လောက်ပဲ ၀ယ်တာတောင် ပေးမရောင်းဘူး’’ ဟု ပုဂ္ဂလိက ဘဏ်ကောင်တာ တွင် ဒေါ်လာဝယ်ယူမရခဲ့သော ကိုကျော်ကျော်က ပြောသည်။

လက်ရှိကာလမှာ နိုင်ငံခြား တက္ကသိုလ်များနှင့် ကျောင်းများမှ သင်ကြားသော ဘာသာရပ်များ အတွက် စာမေးပွဲကြေးနှင့် ၀င် ကြေးများ ပေးသွင်းရသည့် ကာလဖြစ်၍ ကျောင်းသားများအတွက်လည်း အဆင်မပြေဖြစ်နေကြောင်း ကျောင်းသားများက ပြောသည်။

ဈေးကွက်တွင် ဒေါ်လာလို အပ်ချက် မြင့်မားပြီး ဈေးနှုန်းမြင့် တက်မှုများ ဆက်တိုက်ဖြစ်ပေါ် နေသည့်အတွက်  မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က  ပုဂ္ဂလိက ဘဏ်များကို နေ့စဉ် အမေရိကန် ဒေါ်လာ သန်း ၂၀ နီးပါး ရောင်း ချပေးနေကြောင်း  ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သူတို့ခေါ်ပြီး သတိပေးပေ မယ့် အပြင်ဈေးနဲ့ အရမ်းကွာ တော့ ဘယ်လိုမှ ရောင်းလို့မရ ဘူး။ မှောင်ခိုဈေးကွက်ကို ထိန်း ချုပ်နိုင်မှပဲ ရမယ်’’ ဟု ပုဂ္ဂလိက ငွေလဲကောင်တာ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

  နယ်စပ်ကုန်သွယ်ရေး၊ ပို့ကုန်ရငွေတို့တွင်  ရှိနေသော ငွေဈေးကွက်ကို ဗဟိုဘဏ်ကထိန်းချုပ်မှုပြုလုပ်နိုင်မှသာ ရနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။ ဗဟိုဘဏ်ကဘဏ်လုပ်ငန်းများ၏ ငွေလဲကောင်တာများထံ ပုံမှန်ရောင်းချခြင်းများ ပြုလုပ်နိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ပြောသည်။

‘‘လက်ရှိက ငွေလဲကောင် တာ ဗဟိုဘဏ်က ငွေလဲကောင် တာ အသေးလေးတွေကိုပဲ ကျပ် တာများနေတယ်။ မှောင်ခိုဈေး ကွက် ပုဂ္ဂလိကဘဏ်တွေကတစ် ဆင့် ပုံမှန်လောက် ထုတ်ရောင်းမှပဲရတော့မယ်’’ ဟု ငွေလဲကောင် တာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဗဟိုဘဏ်က သတ်မှတ်ထားသော နှုန်းထားများမှာ ၀ယ်ဈေး ၁,၀၂၅ ကျပ်နှင့် ရောင်းဈေး ၁,၀၃၃ ကျပ်အဖြစ် သတ်မှတ်ထား သော်လည်း ပြင်ပဈေးနှုန်းများမှာ ၀ယ်ဈေး ၁,၀၃၃ ကျပ်နှင့် ရောင်းဈေး၁,၀၃၈ ကျပ်ကျော်ရှိနေသည်။

 ငွေလဲကောင်တာများနှင့် ဘဏ်လုပ်ငန်းရှင်များကို ဗဟို ဘဏ်က ၎င်းတို့သတ်မှတ်ထား သည့် အနိမ့်ဆုံးဈေးထက် ၈ ရာ ခိုင်နှုန်းအတွင်းသာ ရောင်းချရန် သတ်မှတ်ထားပြီး ယင်းထက်ပို၍ဈေးမကစားရန် ငွေလဲကောင်တာ အားလုံးကို ခေါ်ယူ လက်မှတ်ထိုးခိုင်းထားကြောင်း သိရသည်။

  ဗဟိုဘဏ်က သတ်မှတ်ထားသော်လည်း  ပြင်ပငွေဈေးကွက်တွင်  ၀ယ်လိုအား ပေါ်မူတည်ကာ အရောင်းအ၀ယ်ပြုလုပ်နေ၍ ဘဏ်ဖွင့်ဈေးများနှင့် ကွာခြားမှုဖြစ်ပေါ်နေသည်။

7Day DAILY 

ငွေလဲကောင်တာတစ်ခုတွင် နိုင်ငံခြားငွေလဲလှယ်ပေးနေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ငွေလဲကောင်တာတစ်ခုတွင် နိုင်ငံခြားငွေလဲလှယ်ပေးနေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

 နိုင်ငံခြားငွေ အရောင်း ကောင်တာများ ဖွင့်လှစ်ထားပြီး ရောင်းချခြင်း မရှိသည့် ငွေလဲ ကောင်တာ ၂၀ ခန့်ကို ဗဟိုဘဏ်ကခေါ်ယူသတိပေးထားပြီး ထပ်မံပြုလုပ်ပါက လိုင်စင်ချထားပေးမှုများ ရပ်ဆိုင်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။

ပြင်ပငွေပေါက်ဈေး၊ ပုဂ္ဂလိက ငွေလဲကောင်တာ (Money Changer)နှုန်းနှင့် ဘဏ်များ၏ ငွေလဲကောင်တာ ဈေးနှုန်းများသည် တစ်ဒေါ်လာလျှင် ၁၀ ကျပ်နီးပါး ကွာဟမှုဖြစ်နေသည့်အတွက်ဘဏ်အချို့၏ ငွေလဲ ကောင်တာများတွင် ဒေါ်လာအရောင်းပိတ်ထားသည်မှာ  တစ်ပတ်ကျော်ရှိသွာပြီဖြစ်ကြောင်း  သတင်း ရရှိသည်။

  ‘‘ကောင်တာဖွင့်ထားလို့ အ၀ယ်လုပ်ရင် အရောင်းလည်း လုပ်ရမယ်။ အခုအရောင်းမလုပ်ဘူးလို့ သိရတဲ့ ကောင်တာတွေကို စစ်ဆေးမှုလုပ်တဲ့အခါမှာ ၂၀ လောက်ကို ခေါ်ပြီး သတိပေး ထားတာတွေ ရှိနေပြီ’’ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ဘဏ်နှင့် ပုဂ္ဂလိက ငွေလဲ ကောင်တာများကို   ဗဟိုဘဏ်မှဖွဲ့စည်းထားသော စစ်ဆေးရေးအ ဖွဲ့များက လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ နှစ်ပတ်နီးပါး ရှိသွားပြီဖြစ်ပြီး ပြန်လည်ရောင်းချ ခြင်း မရှိသော ငွေလဲကောင်တာ များကို ဓာတ်ပုံမှတ်တမ်းများပါ ရယူထားပြီး ဖြစ်သည်။

ဗဟိုဘဏ်က သတိပေးထား သော ကောင်တာများမှာ ထပ်မံ စစ်ဆေးမှုတွင်   တွေ့ရှိပါက ကောင်တာ တာဝန်ခံများကို အရေးယူမည်ဖြစ်ပြီး တတိယအ ကြိမ် ရောင်းချမှု မရှိဟု စုံစမ်းခြင်း နှင့် တိုင်ကြားမှုများ ရှိပါက နိုင်ငံ ခြားငွေ လဲလှယ်ရောင်းချခွင့် လိုင် စင်ကို ယာယီ (သို့မဟုတ်) ပိတ် သိမ်းသည်အထိ အရေးယူမှုများ   ဗဟိုဘဏ်ဥပဒေတွင် ပါဝင်သည့်အတိုင်း ပြုလုပ်သွားမည်ဟု ဆိုသည်။

‘‘ကျောင်းတက်ဖို့ ပုဂ္ဂလိက ဘဏ်မှာ ဒေါ်လာသွားဝယ်တာ။ လုံးဝအရောင်း မရှိဘူး။ ဌာနချုပ် က ညွှန်ကြားချက်နဲ့ အရောင်း ပိတ်တာ တစ်ပတ်တောင်ကျော် သွားပြီလို့ပဲ ပြန်ပြောလွှတ်လိုက် တယ်။ ဒေါ်လာ ၂၀ လောက်ပဲ ၀ယ်တာတောင် ပေးမရောင်းဘူး’’ ဟု ပုဂ္ဂလိက ဘဏ်ကောင်တာ တွင် ဒေါ်လာဝယ်ယူမရခဲ့သော ကိုကျော်ကျော်က ပြောသည်။

လက်ရှိကာလမှာ နိုင်ငံခြား တက္ကသိုလ်များနှင့် ကျောင်းများမှ သင်ကြားသော ဘာသာရပ်များ အတွက် စာမေးပွဲကြေးနှင့် ၀င်ကြေးများ ပေးသွင်းရသည့် ကာလဖြစ်၍ ကျောင်းသားများအတွက်လည်း အဆင်မပြေ ဖြစ်နေကြောင်း ကျောင်းသားများက ပြောသည်။

ဈေးကွက်တွင် ဒေါ်လာလို အပ်ချက် မြင့်မားပြီး ဈေးနှုန်းမြင့် တက်မှုများ ဆက်တိုက်ဖြစ်ပေါ် နေသည့် အတွက်  မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က  ပုဂ္ဂလိက ဘဏ်များကို နေ့စဉ် အမေရိကန် ဒေါ်လာ သန်း ၂၀ နီးပါး ရောင်း ချပေးနေကြောင်း  ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သူတို့ခေါ်ပြီး သတိပေးပေ မယ့် အပြင်ဈေးနဲ့ အရမ်းကွာ တော့ ဘယ်လိုမှ ရောင်းလို့မရ ဘူး။ မှောင်ခို ဈေးကွက်ကို ထိန်း ချုပ်နိုင်မှပဲ ရမယ်’’ ဟု ပုဂ္ဂလိက ငွေလဲကောင်တာ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

  နယ်စပ်ကုန်သွယ်ရေး၊ ပို့ကုန်ရငွေတို့တွင်  ရှိနေသော ငွေဈေးကွက်ကို ဗဟိုဘဏ်ကထိန်းချုပ်မှုပြုလုပ်နိုင်မှသာ ရနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။ ဗဟိုဘဏ်ကဘဏ်လုပ်ငန်းများ၏ ငွေလဲကောင်တာများထံ ပုံမှန်ရောင်းချခြင်းများ ပြုလုပ်နိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ပြောသည်။

‘‘လက်ရှိက ငွေလဲကောင် တာ ဗဟိုဘဏ်က ငွေလဲကောင် တာ အသေးလေးတွေကိုပဲ ကျပ် တာများနေ တယ်။ မှောင်ခိုဈေး ကွက် ပုဂ္ဂလိကဘဏ်တွေကတစ် ဆင့် ပုံမှန်လောက် ထုတ်ရောင်းမှပဲရတော့မယ်’’ ဟု ငွေလဲကောင် တာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဗဟိုဘဏ်က သတ်မှတ်ထားသော နှုန်းထားများမှာ ၀ယ်ဈေး ၁,၀၂၅ ကျပ်နှင့် ရောင်းဈေး ၁,၀၃၃ ကျပ်အဖြစ် သတ်မှတ်ထား သော်လည်း ပြင်ပဈေးနှုန်းများမှာ ၀ယ်ဈေး ၁,၀၃၃ ကျပ်နှင့် ရောင်းဈေး၁,၀၃၈ ကျပ်ကျော်ရှိနေသည်။

 ငွေလဲကောင်တာများနှင့် ဘဏ်လုပ်ငန်းရှင်များကို ဗဟိုဘဏ်က ၎င်းတို့သတ်မှတ်ထား သည့် အနိမ့်ဆုံး ဈေးထက် ၈ ရာ ခိုင်နှုန်းအတွင်းသာ ရောင်းချရန် သတ်မှတ်ထားပြီး ယင်းထက်ပို၍ဈေးမကစားရန် ငွေလဲကောင်တာ အားလုံးကို ခေါ်ယူ လက်မှတ်ထိုးခိုင်းထားကြောင်း သိရသည်။

ဗဟိုဘဏ်က သတ်မှတ်ထားသော်လည်း  ပြင်ပငွေဈေးကွက်တွင်  ၀ယ်လိုအား ပေါ်မူတည်ကာ အရောင်း အ၀ယ်ပြုလုပ်နေ၍ ဘဏ်ဖွင့်ဈေးများနှင့် ကွာခြားမှုဖြစ်ပေါ်နေသည်။

7Day DAILY

No comments:

Post a Comment