Saturday, December 6, 2014

ကလေးတက္ကသိုလ်ကျောင်းသားများ နာမည်စာလုံးပေါင်းလွဲမှားမှုကြောင့် ဘွဲ့လက်မှတ်ရရန် အခက်ကြုံ

ကလေးမြို့တက္ကသိုလ် သို့ တက်ရောက်နေသည့် ချင်းတိုင်းရင်းသားကျောင်းသားများ ဘွဲ့ယူရာတွင် အမည် စာလုံးပေါင်းအသံထွက်များကွဲလွဲနေခြင်းကြောင့် ဘွဲ့လက်မှတ်များထုတ် ယူခွင့်အခက်အခဲရှိနေကြောင်း သတင်းရရှိသည်။

‘‘အဖေ၊ အမေနာမည်ဖြစ် ဖြစ်၊ ကိုယ့်ရဲ့နာမည်ဖြစ်ဖြစ် စာလုံးပေါင်းအသံထွက် တစ်လုံးလောက်လွဲတာနဲ့ ဘွဲ့ယူလို့မရတော့ဘူး။ နှစ်စဉ်နှစ်တိုင်းပဲ ကြုံနေရတယ်။ အိမ်ထောင်စုနာမည်နှင့် ကျောင်းအုပ်နာမည် တစ်ခုခု မကိုက်ညီဘူးဆိုရင် အဲဒီကျောင်းသားက ဘွဲ့လက်မှတ်ချက်ချင်းမရဘူး။ နောက်ကျမှရတယ်။ ဝစ္စနှစ်လုံးပေါက်လေးတစ်လုံး အတွက်နဲ့ နေပြည်တော်အထိ သွားရတယ်။ အချိန်လည်းကုန် တယ်။ ပိုက်ဆံ လည်းကုန်တယ်’’ ဟု ကလေးမြို့နည်းပညာတက္ကသိုလ်မှ B-Teach ဘွဲ့ယူခဲ့သည့် ကိုဗျာစမုန်က ပြော သည်။

ကျောင်းစာရင်းအမည်နှင့် အိမ်ထောင်စုစာရင်းအမည်များ ကွဲလွဲနေပါက ကလေးမြို့ လဝက ရုံးသို့သွားရပြီး ကလေးမြို့ လဝကရုံးတွင် ပြီးပြတ်မှုမရှိပါက သက် ဆိုင်ရာထောက်ခံချက်များယူ ဆောင်ကာ နေပြည်တော် လဝက ရုံးသို့    သွားရသည့်အတွက် ကျောင်းသားတစ်ဦး ဘွဲ့လက် မှတ်ရရှိရန် အပိုကုန်ကျစရိတ်များပြား နေကြောင်း သတင်းရရှိ သည်။

‘‘ဘွဲ့ယူခါနီးဆိုရင် အဲဒီနာမည်ကိစ္စနဲ့ပဲ အလုပ်ရှုပ်နေရ တယ်။ တစ်နှစ်ကို အနည်းဆုံးငါးယောက်၊ ခြောက် ယောက် တော့ရှိတယ်။ ဘွဲ့လက်မှတ်ပြန် ရဖို့ အနည်းဆုံး ခြောက်လကနေ တစ်နှစ်လောက်စောင့် နေရတယ်။ သူငယ်ချင်းတွေက ဘွဲ့ရပြီးလို့ အလုပ်တွေလျှောက်တဲ့အချိန် တချို့တွေက ဘွဲ့လက်မှတ်ရဖို့ စောင့်နေရတုန်းပဲ’’ဟု B-Teach ဘွဲ့ယူရန်ပြင်ဆင်နေသည့် ကိုပေါင်တွဲ့ထန်ကပြောသည်။

ကလေးမြို့တွင် တက္ကသိုလ်သုံးခုရှိပြီး ချင်းတိုင်းရင်းသား အများဆုံးတက်ရောက်နေသည့် နည်းပညာ တက္ကသိုလ်(ကလေး)တွင် ယင်းပြဿနာအများ ဆုံးကြုံ တွေ့နေကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment