Sunday, December 28, 2014

ဖားကန့်မြို့က ရှင်မွေးလွန်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ပြီးနောက် ၁၈ယောက်မြောက် ကလေးမွေးဖွား

Photo: ဖားကန့်မြို့က ရှင်မွေးလွန်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ပြီးနောက် ၁၈ယောက်မြောက် ကလေးမွေးဖွား

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄

ဖားကန့်၊ ဒီဇင်ဘာ ၂၅- ကချင် ပြည်နယ် ဖားကန့်မြို့၌ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်သက်၂၆နှစ် အတွင်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ကာ ၁၈ယောက်
မြောက်ကလေးမွေး ဖွားခဲ့ကြောင်း သိရသည်။

အဆိုပါကလေးကို ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာနေ ဦးအေးကို၏ဇနီး ဒေါ်တင်မာစိုး ၄၅နှစ်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အကြီးဆုံးသားမှာအ သက်၂၅နှစ်ခန့်ရှိကြောင်းသိရသည်။

''အခုကိုယ်ဝန်မွေးဖွားချိန်မှာ ကျွန်တော့်ကို ရပ်ကွက်လူတွေကခေါ်လို့ မွေး လူနာအိမ်ကိုရောက်ခဲ့တယ်။ဆေးရုံကြီးမှာမွေးဖွားသင့်တယ်။ သွားရေးလာရေး အတွက် ငွေကြေးများကို ဆရာကူညီပေးပါမယ်ဆိုပြီးတော့ ဖားကန့်ပြည် သူ့ဆေးရုံကြီးကို ကိုယ်တိုင် လိုက်ပို့ပေးပြီး ကူညီပါရစေလို့ ကျွန်တော် ကပြောပေမယ့် မိသားစုကလေးတွေကို ကြည့်ရှုစောင့်ရှောက်ကျွေးမွေးမယ့် သူမရှိတာရယ်ကြောင့် ဆရာမမွေးဖွားပေးနိုင်ရင်လဲ အရပ်လက်သည်နဲ့ သာ မွေးဖွားလိုပါတယ်လို့ငြင်းဆန် တဲ့အတွက် ကျွန်တော့်အနေနဲ့ အဲဒီ အခက်အခဲတွေကို ဖြေရှင်းပေးပြီး အောင်မြင်စွာမွေးဖွားပေးခဲ့ပါတယ်'' ဟု ကျန်းမာရေးမှူးဦးကျော်မြင့်က ပြောသည်။

ယင်းအမျိုးသမီးသည် ယခင်မွေးဖွားခဲ့သည့် ကလေးများအားလုံးကိုလည်း အရပ်လက်သည်ဖြင့်သာ မွေးဖွားခဲ့ပြီး၊ အမြွှာနှစ်ကြိမ်ပါရှိခဲ့ကြောင်းနှင့် ကိုယ်ဝန်စောင့်ရှောက်မှု ကိုလည်း မည်သည့်ကျန်းမာရေးဌာန၌တစ်ကြိမ် တစ်ခါမျှစောင့်ရှောက်မှုမခံယူခဲ့ဖူးကြောင်း၊ ကာကွယ်ဆေးများကိုလည်း တစ်ကြိမ်တစ်ခါမျှ မထိုးခဲ့ဖူး ကြောင်း ဒေါ်တင်မာစိုးကပြောသည်။
ဒေါ်တင်မာစိုးသည် သား၊ သမီး များစွာမွေးဖွားခဲ့ပြီးသော်လည်းနောက် ထပ်ကိုယ်ဝန်ရရှိပါက မွေးဖွားဦးမည် ဖြစ်ကြောင်း သိရသည်။

MMT
Democracytoday
ဖားကန့်၊ ဒီဇင်ဘာ ၂၅- ကချင် ပြည်နယ် ဖားကန့်မြို့၌ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်သက်၂၆နှစ် အတွင်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ကာ ၁၈ယောက်
မြောက်ကလေးမွေး ဖွားခဲ့ကြောင်း သိရသည်။

အဆိုပါကလေးကို ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာနေ ဦးအေးကို၏ဇနီး ဒေါ်တင်မာစိုး ၄၅နှစ်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အကြီးဆုံးသားမှာအ သက်၂၅နှစ်ခန့် ရှိကြောင်း သိရသည်။

''အခုကိုယ်ဝန်မွေးဖွားချိန်မှာ ကျွန်တော့်ကို ရပ်ကွက်လူတွေကခေါ်လို့ မွေး လူနာအိမ်ကိုရောက်ခဲ့တယ်။ ဆေးရုံကြီးမှာ မွေးဖွားသင့်တယ်။ သွားရေးလာရေး အတွက် ငွေကြေးများကို ဆရာကူညီပေးပါမယ် ဆိုပြီးတော့ ဖားကန့်ပြည် သူ့ဆေးရုံကြီးကို ကိုယ်တိုင် လိုက်ပို့ပေးပြီး ကူညီပါရစေလို့ ကျွန်တော် ကပြောပေမယ့် မိသားစုကလေးတွေကို ကြည့်ရှုစောင့်ရှောက်ကျွေးမွေးမယ့် သူမရှိတာရယ်ကြောင့် ဆရာမမွေးဖွားပေးနိုင်ရင်လဲ အရပ်လက်သည်နဲ့ သာ မွေးဖွားလိုပါတယ်လို့ငြင်းဆန် တဲ့အတွက် ကျွန်တော့်အနေနဲ့ အဲဒီ အခက်အခဲတွေကို ဖြေရှင်းပေးပြီး အောင်မြင်စွာ မွေးဖွားပေးခဲ့ပါတယ်'' ဟု ကျန်းမာရေးမှူးဦးကျော်မြင့်က ပြောသည်။

ယင်းအမျိုးသမီးသည် ယခင်မွေးဖွားခဲ့သည့် ကလေးများအားလုံးကိုလည်း အရပ်လက်သည်ဖြင့်သာ မွေးဖွားခဲ့ပြီး၊ အမြွှာနှစ်ကြိမ်ပါရှိခဲ့ကြောင်းနှင့် ကိုယ်ဝန်စောင့်ရှောက်မှု ကိုလည်း မည်သည့်ကျန်းမာရေး ဌာန၌တစ်ကြိမ် တစ်ခါမျှစောင့်ရှောက်မှုမခံယူခဲ့ဖူးကြောင်း၊ ကာကွယ်ဆေးများ ကိုလည်း တစ်ကြိမ်တစ်ခါမျှ မထိုးခဲ့ဖူး ကြောင်း ဒေါ်တင်မာစိုးကပြောသည်။
ဒေါ်တင်မာစိုးသည် သား၊ သမီး များစွာမွေးဖွားခဲ့ပြီးသော်လည်းနောက် ထပ်ကိုယ်ဝန်ရရှိပါက မွေးဖွားဦးမည် ဖြစ်ကြောင်း သိရသည်။

MMT
Democracytoday

No comments:

Post a Comment