Saturday, December 6, 2014

နယူးယော့ခ်တွင် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွား


Photo: နယူးယော့ခ်တွင် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွား
Saturday, December 6, 2014

နယူးယော့ခ်၊ ဒီဇင်ဘာ ၅။ အမေရိကန်နိုင်ငံတွင် ဇူလိုင်လ ၁၇ ရက်က လူဖြူ ရဲအရာရှိ၏ လည်ပင်းညှစ် စစ်ဆေးမှုကြောင့် လူမည်း အမျိုးသား အီရစ်ဂါနာ သေဆုံး ခဲ့ပြီးနောက် ရဲအရာရှိအား အရေးမယူရန် ဂျူရီအဖွဲ့က ဆုံးဖြတ် ခဲ့မှုကို ပြစ်တင်ရှုံ့ချသည့် အနေဖြင့် နယူးယောက်မြို့ရှိ လမ်းများပေါ်တွင် ကန့်ကွက် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြမှုများတွင် ဆူပူမှုများ မရှိခဲ့သော်လည်း ညပိုင်းတွင် ရဲများက လူ ၈၃ ဦးကို ဖမ်းဆီးသွားခဲ့သည်။ ဖာဂူဆန်မြို့တွင်လည်း ဂျူရီအဖွဲ့၏ အလားတူ ဆုံးဖြတ်ချက် တစ်ခုကို မကျေနပ်သဖြင့် ပြီးခဲ့သည့် သီတင်းပတ်က အဆိုပါ ဒေသတွင် အဓိကရုဏ်းများ ဖြစ်ပွား ခဲ့ပြီးနောက် နယူးယော့ခ်မြို့ အပါအ၀င် နိုင်ငံရှိ အခြားသော မြို့များတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

သြဂုတ် ၉ ရက်က အသက် ၁၈ နှစ်အရွယ် လူမည်းလူငယ် မိုက်ကယ် ဘရောင်းကို လူဖြူရဲအရာရှိက ပစ်သတ်ခဲ့ပြီးနောက်ပိုင်း ဖာဂူဆန် မြို့တွင် ကန့်ကွက်ဆန္ဒပြ မှုများနှင့် လူမျိုးရေး ပဋိပက္ခများ စတင် ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ပြီး အခြားမြို့များ သို့ပါ ကူးစက်သွား ခဲ့သည်။ ထို့ပြင် အိုဟိုင်းယိုး ပြည်နယ်တွင် လည်း ကလေး ကစားစရာ သေနတ် ကိုင်ဆောင်ထားသည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရဲများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ရသေးသည်။ အဆိုပါ ကိစ္စရပ်များကြောင့် နိုင်ငံတွင် ရဲများနှင့် အာဖရိကန်နွယ် ဖွား အမေရိကန်များအကြား မကျေမလည် မှုများကို ဖြစ်ပွားစေခဲ့သည်။ နယူးယောက်မြို့ရှိ ဒီဇင်ဘာ ၄ ရက် ဆန္ဒပြပွဲများသည် ယူနီယံ ရင်ပြင်တွင် စတင်ခဲ့ပြီး အီရစ် ဂါနာနှင့် မိုက်ကယ် ဘရောင်းတို့ သေဆုံးခဲ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် တက်ကြွလှုပ်ရှားသူများက မြေပြင်ပေါ်တွင် လဲလျောင်း၍ “ကျွန်တော်တို့ အသက်မရှုနိုင်တော့ဘူး၊ လက်မြှောက်၊ မပစ်နဲ့”ဟု အော်ဟစ်ခဲ့ကြသည်။

“ဂါနာက သူ့ကို မသတ်ဖို့ တောင်းပန်ခဲ့ပါသေးတယ်၊ သူတို့ကတော့ ဂရုမစိုက်ခဲ့ပါဘူး၊ ဖာဂူဆန်မှာလို လူတွေက တုံ့ပြန် ကန့်ကွက်မှုတွေ မလုပ်ရင်တော့ ဒီမှာ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ၁၉၉၅ ခုနှစ်က ရဲများ၏ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် သားဖြစ်သူနှင့် တူတစ်ယောက် ကို ဆုံးရှုံးထားခဲ့ရသော မာဂါရီတာ ရိုဆာရီယို ဆိုသူက ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese
နယူးယော့ခ်၊ ဒီဇင်ဘာ ၅။ အမေရိကန်နိုင်ငံတွင် ဇူလိုင်လ ၁၇ ရက်က လူဖြူ ရဲအရာရှိ၏ လည်ပင်းညှစ် စစ်ဆေးမှုကြောင့် လူမည်း အမျိုးသား အီရစ်ဂါနာ သေဆုံး ခဲ့ပြီးနောက် ရဲအရာရှိအား အရေးမယူရန် ဂျူရီအဖွဲ့က ဆုံးဖြတ် ခဲ့မှုကို ပြစ်တင်ရှုံ့ချသည့် အနေဖြင့် နယူးယောက်မြို့ရှိ လမ်းများပေါ်တွင် ကန့်ကွက် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြမှုများတွင် ဆူပူမှုများ မရှိခဲ့သော်လည်း ညပိုင်းတွင် ရဲများက လူ ၈၃ ဦးကို ဖမ်းဆီး သွားခဲ့ သည်။ ဖာဂူဆန်မြို့တွင်လည်း ဂျူရီအဖွဲ့၏ အလားတူ ဆုံးဖြတ်ချက် တစ်ခုကို မကျေနပ်သဖြင့် ပြီးခဲ့သည့် သီတင်းပတ်က အဆိုပါ ဒေသတွင် အဓိကရုဏ်းများ ဖြစ်ပွား ခဲ့ပြီးနောက် နယူးယော့ခ်မြို့ အပါအ၀င် နိုင်ငံရှိ အခြားသော မြို့များတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

သြဂုတ် ၉ ရက်က အသက် ၁၈ နှစ်အရွယ် လူမည်းလူငယ် မိုက်ကယ် ဘရောင်းကို လူဖြူရဲအရာရှိက ပစ်သတ်ခဲ့ပြီးနောက်ပိုင်း ဖာဂူဆန် မြို့တွင် ကန့်ကွက်ဆန္ဒပြ မှုများနှင့် လူမျိုးရေး ပဋိပက္ခများ စတင် ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ပြီး အခြားမြို့များ သို့ပါ ကူးစက်သွား ခဲ့သည်။ ထို့ပြင် အိုဟိုင်းယိုး ပြည်နယ်တွင် လည်း ကလေး ကစားစရာ သေနတ် ကိုင်ဆောင်ထားသည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရဲများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ရသေးသည်။ အဆိုပါ ကိစ္စရပ်များကြောင့် နိုင်ငံတွင် ရဲများနှင့် အာဖရိကန်နွယ် ဖွား အမေရိကန်များအကြား မကျေမလည် မှုများကို ဖြစ်ပွားစေခဲ့သည်။ နယူးယောက်မြို့ရှိ ဒီဇင်ဘာ ၄ ရက် ဆန္ဒပြပွဲများသည် ယူနီယံ ရင်ပြင်တွင် စတင်ခဲ့ပြီး အီရစ် ဂါနာနှင့် မိုက်ကယ် ဘရောင်းတို့ သေဆုံးခဲ့မှု အပေါ် ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် တက်ကြွလှုပ်ရှားသူများက မြေပြင်ပေါ်တွင် လဲလျောင်း၍ “ကျွန်တော်တို့ အသက်မရှုနိုင်တော့ဘူး၊ လက်မြှောက်၊ မပစ်နဲ့”ဟု အော်ဟစ်ခဲ့ကြသည်။

“ဂါနာက သူ့ကို မသတ်ဖို့ တောင်းပန်ခဲ့ပါသေးတယ်၊ သူတို့ကတော့ ဂရုမစိုက်ခဲ့ပါဘူး၊ ဖာဂူဆန်မှာလို လူတွေက တုံ့ပြန် ကန့်ကွက်မှုတွေ မလုပ်ရင်တော့ ဒီမှာ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ၁၉၉၅ ခုနှစ်က ရဲများ၏ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် သားဖြစ်သူနှင့် တူတစ်ယောက် ကို ဆုံးရှုံးထားခဲ့ရသော မာဂါရီတာ ရိုဆာရီယို ဆိုသူက ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment