Monday, December 15, 2014

ခြင်ဆေးခွေမီးကြောင့် ကြည့်မြင်တိုင်ရှိ နေအိမ်ခုနစ်လုံးပြာကျ

Photo: ခြင်ဆေးခွေမီးကြောင့် ကြည့်မြင်တိုင်ရှိ နေအိမ်ခုနစ်လုံးပြာကျ

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၄

ရန်ကုန်တိုင်းဒေ သကြီး ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း မြောက်အရှေ့ ရပ်ကွက် စကားဝါပင်လမ်း တွင် ဒီဇင်ဘာ ၁၂ ရက် ည ၁၂ နာရီမိနစ် ၄ဝ တွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ခုနစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကာ အမျိုး သမီးတစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်မှာ စကားဝါပင်လမ်းနေ ဦးသန်းညွန့်၏ နေအိမ်နောက်ဖေးခန်းတွင် ခြင်ဆေးခွေ ထွန်းညှိထားရာ ကြမ်းခင်းမှ တစ်ဆင့် နေအိမ်အား မီးကူးစက် လောင် ကျွမ်းခဲ့ပြီး အဆိုပါနေအိမ်မှ အမျိုးသမီးတစ် ဦးသေဆုံးခဲ့ကာ ဘေးပတ် ဝန်းကျင်မှ နေအိမ် ခြောက်လုံးကို ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
''မြင်တဲ့အတိုင်းပဲဗျာ။ ကျွန်တော့် အိမ်လည်း ကုန်ပြီ။ ဘာပြောလို့ ပြောရမှန်း တောင်မသိဘူး''ဟု မီးကူးစက်လောင်ကျွမ်း ခဲ့သည့် ပျဉ်ထောင်အိမ်ပိုင်ရှင် အမျိုးသား တစ်ဦးက ပြောသည်။

မီးကူးစက်လောင်ကျွမ်းရာသို့ မီး ငြှိမ်းသတ်ယာဉ်၊ အုပ်ချုပ်မှုယာဉ်၊ အထောက် အကူပြုယာဉ် စုစုပေါင်း ၅၂ စီးတို့ ရောက် ရှိ ငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၂ နာရီ အချိန် တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

''Level- 2 လို့ သတ်မှတ်ထားပါ တယ်။ ဆုံးရှုံးမှုတန်ဖိုးတို့ အသေးစိတ် အ ချက် အလက်တို့ကတော့ ခုချက်ချင်း ပြော လို့မရသေးဘူး''ဟု မီးလောင် ကျွမ်းရာ နေရာ သို့ လာရောက်မီးငြှိမ်းသတ်နေသည့် မီးသတ် တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် ဦးသန်းညွန့်၏ နေအိမ်အတွင်းမှ မီးလောင် ကျွမ်းသေဆုံးနေသူတစ်ဦးအား တွေ့ရှိရသ ဖြင့် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးသန်းညွန့် ၏ဇနီး ဒေါ်ဝင်းဝင်းမာ ၅၂ နှစ်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မီးကို ပေါ့ဆစွာအသုံး ပြုသူ ဦးသန်းညွန့်အား ကြည့်မြင်တိုင် မြို့မ ရဲစခန်းမှ (ပ)၈၂၄/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃ဝ၄(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် နေအိမ် များမှ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ကျား ၂၇ ဦး၊ မ ၂၈ ဦး၊ ပေါင်း ၅၅ ဦးတို့အား ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မကျည်းတန်း မြောက် အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်း ရှိ စလင်းကျောင်းတိုက်ဓမ္မာရုံ၌ ကယ်ဆယ် ရေးစခန်း ဖွင့်လှစ် ထားကြောင်းသိရသည်။

၁၄-၁၂-၂၀၁၄ (ယနေ့ထုတ်) Flower News Journal

No comments:

Post a Comment