Wednesday, December 3, 2014

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၁ ရက်တွင် သီးသန့်တွေ့ခဲ့


ရန်ကုန် - အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ ဒီဇင်ဘာ ၁ ရက်တွင်နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

သို့သော် ခြောက်ပွင့်ဆိုင်ထဲ မှ နှစ်ပွင့်ဖြစ်သည့် ပုဂ္ဂိုလ်နှစ်ဦးက မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အမျိုးသားလွှတ်တော်က အချိုးကျကိုယ်စားပြုရွေးကောက် ပွဲစနစ်ကို တိုင်းဒေသကြီးများတွင် တစ်ပြေးညီကျင့်သုံးမည်ဆိုသည့် ဆုံးဖြတ်ချက်ကို အခြေခံဥပဒေနှင့်ညီ၊ မညီ ဆုံးဖြတ်ပေးရန်လည်း အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။

ခုံရုံးက ဆုံးဖြတ်ပေးရန်စုစုပေါင်းကိုယ်စားလှယ်ဦးရေ၏ ၁၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် တင်ပြရမည်ဖြစ်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၁၅ ဦး၏ ၁၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ကိုယ်စားလှယ် ၂၆ ဦးက လက်မှတ်ရေးထိုးကာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ဒီဇင်ဘာ ၁ ရက်စွဲဖြင့် ပေးပို့ထားကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

‘‘ကျွန်တော်တို့တွေက လုပ် ထုံးလုပ်နည်းအရပဲ လုပ်သွားမှာ ပါ။ လက်မှတ်တွေထဲမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် တွေပါတယ်။ ကျွန်တော်တို့ တိုင်း ရင်းသားတွေက အစကတည်းက ပီအာရ်ကို လက်မခံဘူး’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က ပြောသည်။

ပြည်သူ့လွှတ်တော်တွင် အ ချိုးကျကိုယ်စားပြုရွေးကောက်ပွဲ စနစ်ကျင့်သုံးရန် ပြည်ခိုင်ဖြိုးပါတီ က ထောက်ခံခဲ့သော်လည်း အခြေခံဥပဒေနှင့်မညီဟု ခုံရုံးက ဆုံးဖြတ်သည်ဆိုကာ သူရဦးရွှေမန်းက မူလရွေးကောက်ပွဲ စနစ်အတိုင်း ထားရှိရန် လွှတ်တော်သို့ ရုတ်တ ရက်ပြောကြားခဲ့သည်။

7Day Daily

No comments:

Post a Comment