Wednesday, December 10, 2014

ရန်ကုန်ဘူတာကြီး အနီး ပလက်ဖောင်း ပေါ်တွင် အိပ်နေသော သံဃာ အတု (၁၀) ဦးအား လူဝတ်လဲ အရေးယူ

ဒီဇင်ဘာလ (၈) ရက်နေ့ ညပိုင်းက ရန်ကုန်ဘူတာကြီး အနီး ပလက်ဖောင်းပေါ်တွင် အိပ်နေသော သံဃာ အတုအယောင် (၁၀) ဦးအား လူဝတ်လဲ၍ သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူ လိုက်ကြောင်း ရန်ကုန် ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ သတ်မှတ် စည်းကမ်းချက်နဲ့ မညီတဲ့ သာသနာ ညှိုးနွမ်းစေသူတွေပါ၊ လူဝတ်လဲပြီး သံဃ နာယကက အရေးယူပေးပါ ဆိုပြီး ပြောကြား လို့ပါ။ ပလက်ဖောင်းပေါ် အိပ် ဟိုအိပ် ဒီအိပ်နဲ့ ဟု မင်္ဂလာ တောင်ညွန့် မြို့နယ်မှူး ရဲမှူး သိန်းအောင်က The Messenger Media သို့ ပြောသည်။

ဒီဇင်ဘာလ (၈) ရက်နေ့ ည (၁၀) နာရီခန့်က ရန်ကုန်တိုင်း သံဃာ မဟာ နာယကနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းကာ သံဃာ အတု အယောင်ပပျောက်ရေး အတွက် လှည့်လည် စစ်ဆေးရာ ရန်ကုန် ဘူတာကြီး အနီး ပတ်ဝန်း ကျင်ပ လက်ဖောင်း များတွင် အိပ်ပျော် နေသော သင်္ကန်းဝတ် ဆယ်ဦးအား မေးမြန်းရာ သံဃာ အတုအယောင်များဖြစ် သဖြင့် သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၁၉၅(က) ဖြင့် မင်္ဂလာ တောင်ညွန့် ရဲစခန်း တွင် အရေးယူ ထားကြောင်း သိရသည်။ အဆိုပါ ထိုအမှုသည် လ.၀.က က တရားလိုပြုလုပ်တိုင်တန်း တရားစွဲသော အမှု ဖြစ်ကြောင်းလည်း မင်္ဂလာ တောင်ညွန့် မြို့နယ်မှူး ရဲမှူး သိန်းအောင်က ပြောသည်။

ဘုန်းကြီး အတုအယောင်တွေ ဖြစ်နေတော့ လူဝတ်လဲပြီး လုပ်တာပါ။ အမျိုးသား မှတ်ပုံတင် အက် ဥပဒေ အရ တရားစွဲလို့ ရပါတယ်။ ဘုန်းကြီး ဆိုတာ ၀ါဆိုရတယ်။ ကွမ်း၊ ဆေး၊ ကျောင်းဆိုတာ ရှိတယ်။ မရှိဘဲနဲ့ လမ်းဘေးမှာ အိပ်နေတယ် ဆိုတာ မဟုတ်ဘူးပေါ့ ဟု ရန်ကုန်တိုင်းဒေသကြီး လ.၀.က ဦးစီးမှူး ဦးကြည်လင်းက The Messenger Media သို့ ပြောသည်။

ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် သာသနာ ညှိုးနွမ်းအောင် လုပ်နေသူ များကို ပပျောက်စေရန် ဆောင်ရွက်ခြင်းသာ ဖြစ်ပြီး၊ ပြစ်ဒဏ် ကြီးကြီး မားမားဖြင့် အရေးယူမည် မဟုတ်ကြောင်း ဦးကြည်လင်းက ဆိုသည်။ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ၂၉၅(က) သာသနာ ညှိုးနွမ်းစေမှုသည် ဒဏ်ငွေနှင့် ထောင်ဒဏ် လပိုင်းသာ ကျခံရစေ နိုင်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

The Messenger

No comments:

Post a Comment