Monday, December 15, 2014

အောင်ဇေယျ တံတားအောက်တွင် ဆီတင်သင်္ဘောမှ ဘောက်ဆာယာဉ်သို့ ဆီဖြည့်ရာ ဆီဘောက်ဆာ ပွင့်ထွက်၍ မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

Photo: အောင်ဇေယျ တံတားအောက်တွင် ဆီတင်သင်္ဘောမှ ဘောက်ဆာယာဉ်သို့ ဆီဖြည့်ရာ ဆီဘောက်ဆာ ပွင့်ထွက်၍ မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး 

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၄

ဆီတင်သင်္ဘောမှ ဆီဘောက်ဆာယာဉ်အား ဆီဖြည့်တင်းရာမှ ဆီဘောက်ဆာပွင့်ထွက်၍ မီးလောင်မှုတစ်ရပ် အောင်ဇေယျတံတားအောက်ရှိ ဆီဆိုင်တွင် ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် အောင်ဇေယျတံတားအောက် စက်သုံးဆီအရောင်းဆိုင်တွင် ယာဉ်မောင်းနန်းအောင်(၃၄)နှစ် မောင်းနှင်လာသော 5F--- Nissan Diesel အမျိုးအစား ဂါလန် ၃၈၀၀ ဆံ့ ဆီဘောက်ဆာယာဉ်ပေါ်သို့ ယာဉ်နောက်လိုက်ဖြစ်သော နိုင်မျိုးလင်းမှ ဒီဇယ်များဖြည့်သွင်းနေစဉ် အောက်တိန်းဆီဖြင့် အသုံးပြုနေသာ ဘောက်ဆာယာဉ်အား အပ်ကြိုးမချမိဘဲ ဆီဖြည့်သွင်းခဲ့ရာ အောက်တိန်းဆီတွန်းကန်ရာ ဆီဘောက်ဆာပွင့်ထွက် ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးစလောင်တာက မွန်းလွဲ ၁ နာရီကပါ ဆီလောက်ဆာထဲကို ဆီတင်သဘောင်္က ဆီထည့်နေရင်းကနေ ဆီဘောက်ဆာက “၀ုန်း” ဆိုထပေါက်ပြီး မီးလောင်မှု စဖြစ်တာပါ။ အနီးမှာရှိတဲ့ လူတွေက ထပြေးကြတာပေါ့။ ကားပေါ်မှာ ဆီထည့်နေတဲ့ တစ်ယောက်တော့ သေသွားတယ်လို့ ကြားပါတယ်” ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ဆီဘောက်ဆာယာဉ် မီးလောင်မှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ နိုင်မျိုးလင်း (၂၁) မှာ မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ်အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ level 2 အဆင့် သတ်မှတ်ထားပြီး မီးသတ်ကား ၄၇ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ နန်းအောင်အား အင်းစိန်မြို့မှ ရဲစခန်းက (ပ) ၁၃၄၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။   

Eleven Media Group
ဆီတင်သင်္ဘောမှ ဆီဘောက်ဆာယာဉ်အား ဆီဖြည့်တင်းရာမှ ဆီဘောက်ဆာပွင့်ထွက်၍ မီးလောင်မှုတစ်ရပ် အောင်ဇေယျတံတားအောက်ရှိ ဆီဆိုင်တွင် ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် အောင်ဇေယျတံတားအောက်
စက်သုံးဆီအရောင်းဆိုင်တွင် ယာဉ်မောင်းနန်းအောင်(၃၄)နှစ် မောင်းနှင်လာသော 5F--- Nissan Diesel အမျိုးအစား ဂါလန် ၃၈၀၀ ဆံ့ ဆီဘောက်ဆာယာဉ်ပေါ်သို့ ယာဉ်နောက်လိုက်ဖြစ်သော နိုင်မျိုးလင်းမှ ဒီဇယ်များဖြည့်သွင်းနေစဉ် အောက်တိန်းဆီဖြင့် အသုံးပြုနေသာ ဘောက်ဆာယာဉ်အား အပ်ကြိုးမချမိဘဲ ဆီဖြည့်သွင်းခဲ့ရာ အောက်တိန်းဆီတွန်းကန်ရာ ဆီဘောက်ဆာပွင့်ထွက် ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးစလောင်တာက မွန်းလွဲ ၁ နာရီကပါ ဆီလောက်ဆာထဲကို ဆီတင်သဘောင်္က ဆီထည့်နေရင်းကနေ ဆီဘောက်ဆာက “၀ုန်း” ဆိုထပေါက်ပြီး မီးလောင်မှု စဖြစ်တာပါ။ အနီးမှာရှိတဲ့ လူတွေက ထပြေးကြတာပေါ့။ ကားပေါ်မှာ ဆီထည့်နေတဲ့ တစ်ယောက်တော့ သေသွားတယ်လို့ ကြားပါတယ်” ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ဆီဘောက်ဆာယာဉ် မီးလောင်မှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ နိုင်မျိုးလင်း (၂၁) မှာ မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ်အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ level 2 အဆင့် သတ်မှတ်ထားပြီး မီးသတ်ကား ၄၇ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ နန်းအောင်အား အင်းစိန်မြို့မှ ရဲစခန်းက (ပ) ၁၃၄၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment