Monday, December 15, 2014

ဦးဆန်းဆင့်ကို တောင်ငူထောင်ကြိုးတိုက်တွင် သီးသန့်ထိန်းသိမ်းထားဟု ရှေ့နေပြောကြား

ထောင်ဒဏ် ၁၃ နှစ် ချ မှတ်ခံထားရသည့် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကိုတောင်ငူထောင်ရှိ ကြိုးတိုက်အ တွင်း သီးသန့်ထိန်းသိမ်းထား ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေ ဖြစ်သူက ပြောကြားသည်။

‘‘ကျွန်တော်တို့ ရင်လည်းနင့်ပါတယ်။ စိတ်လည်း မကောင်းပါဘူး။ တိုက်ထဲမှာထားတယ်။ ကြိုးတိုက်ထဲမှာ’’ဟု ဦးဆန်းဆင့် ၏ ရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက ရန်ကုန် မြို့တွင် ဒီဇင်ဘာ ၁၄ ရက်၌ ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ တွင် ပြောကြားခဲ့သည်။

ထိန်းသိမ်းခံပြည်ထောင်စု ၀န်ကြီးဟောင်းသည် နှလုံးနှင့် ဆိုင်သော ရောဂါ ပြဿနာအချို့ ရှိနေပြီး ကျန်းမာရေးမှာအချိန်မရွေး ဒုက္ခ ပေးနိုင်သည့် အခြေအနေဖြစ် ကြောင်း၎င်း၏ရှေ့နေများကဆို သည်။

‘‘အခွင့်အရေးကတော့ သာ မန်အကျဉ်းသားတွေနဲ့ မထူးဘူး။ တူတူပဲ။ နေရာထိုင်ခင်းသာကွာ တာ။ ၈ ပေပတ်လည်အခန်းမှာ သူတစ်ယောက်တည်း နေရတာ ကိုး’’ဟု ဦးတင်ထွန်းက ပြောသည်။မြန်မာ့ တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းနှင့်စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန် ယူခဲ့ပြီး အရပ်ဘက် ရာထူးများအ ဖြစ် ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌနှင့် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးဆန်းဆင့် သည်ဇွန်လအတွင်းက ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး ထိန်းသိမ်းခံခဲ့ရသည်။

ထို့နောက် ၎င်းအား ရုံးတင် စစ်ဆေးခဲ့ပြီး ရာဇ၀တ်မကင်းသော ယုံကြည်အပ်နှံမှု ဖောက်ဖျက်မှု ပုဒ်မ ၄၀၉၊ နိုင်ငံတော်အစိုးရအ ပေါ် အကြည်ညိုပျက်စေမှု ၁၂၄ (က)တို့ဖြင့် နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးကအောက် တိုဘာ ၁၇ ရက်တွင် ထောင်ဒဏ် ၁၃ နှစ်နှင့် ငွေဒဏ် ကျပ်တစ်သိန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးဆန်းဆင့်အား ရမည်း သင်းအကျဉ်းထောင်တွင် ထိန်း သိမ်းထားစဉ်ကတည်းက အာ ဏာပိုင်များဘက်က ထိန်းသိမ်းခံ ၀န်ကြီးဟောင်းအား လုံခြုံရေး ကင်မရာများ တပ်ဆင်ကာစောင့် ကြည့်ခြင်း၊ ရှေ့နေများနှင့် တွေ့ ဆုံမှုများကို အသံသွင်းမှတ်တမ်း တင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ရှေ့နေများက ဆိုသည်။

‘‘ဘယ်လောက်ထိလဲ ဆို တော့ အိမ်သာထဲတောင်ထားဖို့ လုပ်တော့၊ ဒါတော့ခင်ဗျားတို့ သိပ်လွန်သွားပြီး။ လူ့အခွင့်အရေး တွေ ချိုးဖောက်ရာ ရောက်သွား ပြီ။ အဲဒီလိုပေါ့’’ ဟု ဦးတင်ထွန်း က ပြောသည်။

ဦးဆန်းဆင့်အပေါ် ချမှတ် ထားသည့် ပြစ်ဒဏ်များအား အယူခံဝင်သွားမည်ဖြစ်သော်လည်း လုံးဝအသနားခံမည် မဟုတ်ကြောင်း၎င်းကဆိုသည်။ ဦးဆန်းဆင့်၏ အမှုကို မန္တလေးတိုင်းတရားလွှတ်တော်တွင် အယူခံတင်ခဲ့သော်လည်း ပလပ်ခံခဲ့ရသည်။

7Day Daily

No comments:

Post a Comment