Friday, December 19, 2014

ဘင်္ဂါလီတစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် ရန်ကုန်ပို့ရန် ကြိုးစားသူများဖမ်းမိ

ဘင်္ဂါလီတစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် စစ်တွေမှ ရန်ကုန် မြို့သို့ ကားဖြင့်ပို့ရန် ကြိုးစားရာတွင် ပါဝင်ပတ်သက်သည့် ဘင်္ဂါလီများ ကို ဖမ်းဆီးစစ်ဆေးနေကြောင်း နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အမ်းမြို့ စစ်ဆေးရေးဂိတ် တွင် အိမ်စီးကားတစ်စီးပေါ်မှ မသင်္ကာဖွယ် ဘင်္ဂါလီအမျိုးသား လေးဦးကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လဝက ပူးပေါင်းထားသည့် စစ် ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခဲ့သူ လေးဦးအနက် နှစ်ဦး မှာ ဘင်္ဂါလီများကို ငွေကြေးယူ၍ ရန်ကုန်သို့ ပို့မည့်သူများဖြစ်ပြီး ကျန်နှစ်ဦးမှာ စစ်တွေသက်ကယ် ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းမှဖြစ် ကြောင်း အမ်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးသောင်းလွင်က ပြောသည်။

‘‘လူကုန်ကူးတဲ့သူ နှစ် ယောက်က မြိတ်မြို့မှာနေတဲ့သူ တွေ။ စစ်တွေက သက်ကယ်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းက လူနှစ် ဦးကို ငွေယူပြီး ပို့ဖို့လုပ်တာမှာ ဖမ်းနိုင်ခဲ့တာ။ အသေးစိတ်စစ်ဆေးနေ တုန်းပါ’’ဟု ဒုရဲမှူး သောင်း လွင်က ပြောသည်။

ယင်းအမှုတွင် ဒုက္ခသည် စခန်းမှ ဘင်္ဂါလီနှစ်ဦး ရန်ကုန်သို့ရောက်လာပါက လက်ခံယူမည့် ပွဲစားတစ်ဦးကို မင်္ဂလာဒုံမြို့နယ်တွင် ထပ်မံဖမ်းဆီးနိုင်ခဲ့သော ကြောင့် စုစုပေါင်းငါးဦးကို ရဲတပ် ဖွဲ့က စစ်ဆေးနေခြင်းဖြစ် သည်။ ၎င်းတို့ကို အထောက် အထားမရှိသူများအား တရားမဝင် သယ်ဆောင်သည့် ပြစ်မှုပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်ထားကြောင်း ဒုရဲမှူးသောင်းလွင်ကပြောသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအချို့ကို အခကြေးငွေယူကာရန်ကုန် မြို့သို့ခေါ်ဆောင်နေသည့် လူပွဲစားဂိုဏ်းရှိနေပြီး ပြီးခဲ့သည့်ဇွန်လကလည်း ဘင်္ဂါလီ ၁၉ ဦးကို ငွေယူ၍ ခေါ်ဆောင်ပေးသူများနှင့် အတူ အမ်းမြို့စစ်ဆေးရေးဂိတ် တွင် ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၁၄ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ရန်ကြိုးစား သည့် ဘင်္ဂါလီ ၄၀ ဦးနီးပါးကို အမ်းမြို့စစ်ဆေးရေးဂိတ်တွင် ဖမ်း ဆီးနိုင်ခဲ့ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment