Sunday, December 28, 2014

ရန်ကုန်နှင့် ဧရာဝတီတွင် ယခုနှစ်အတွင်း အမျိုးသမီးအကြမ်းဖက်ခံရမှု ပိုမိုများပြားလာ

ယခုနှစ်အတွင်း ရန်ကုန်မြို့ အနီးတစ်ဝိုက်နှင့် ဧရာ ၀တီတိုင်းဒေသကြီးတို့တွင် အမျိုး သမီးအကြမ်းဖက် ခံရမှုများ ပိုမို များပြားလာကြောင်း အမျိုးသမီး များ၏ အခွင့်အရေးများအတွက် လိုက်ပါ ကူညီဆောင်ရွက်ပေးသည့်အဖွဲ့ဖြစ်သော ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေးအမျိုးသမီးကွန်ရက်ကပြောသည်။

‘‘၂၀၁၄ ခုနှစ်အတွင်းမှာ သက်ငယ်အမျိုးသမီးတွေအပေါ် မုဒိမ်းမှုကျူးလွန်တာတွေ တော် တော်များလာတယ်။ ဖွံ့ဖြိုးမှုနည်း ပါးပြီး ဗဟုသုတနည်းတဲ့ ကျေး လက်ဘက်တွေမှာ အဖြစ်များ တယ်။ နောက်ပိုင်းရန်ကုန်နဲ့ အနီး တစ်ဝိုက်မှာတောင် ပိုပြီးဖြစ်လာ တယ်’’ဟု အဆိုပါအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါ်သန္တာက ပြော သည်။ ယခုနှစ်တွင် ဇန်န၀ါရီမှ နိုဝင်ဘာလအတွင်း မုဒိမ်းမှုပေါင်း ခြောက်ရာကျော် ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

‘‘ဖွံ့ဖြိုးမှုအားနည်းတဲ့ဒေသ တွေမှာ ဖျော်ဖြေရေးဆိုတာသူတို့ အတွက် မရှိဘူး။ အခကြေးငွေ ပေးပြီး ဖြေသိမ့်လို့ရတဲ့ နေရာမျိုး တွေ မရှိဘူး။ နယ်တွေမှာ လမ်းမီး တိုင်ဆိုတာ မရှိဘူး။ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တယ်။ ဒါကြောင့် လွယ်လင့်တကူ ကြုံတဲ့နေရာမှာ မုဒိမ်းမှုတွေအဖြစ်များတယ်’’ဟု အဆိုပါ ကွန်ရက်အဖွဲ့မှ ရှေ့နေ က ပြောသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့က ယခု နှစ်အတွင်း အမျိုးသမီးအကြမ်း ဖက်ခံရမှုများ လိုက်လံဖြေရှင်းဆောင်ရွက်ရာ၌ ရန်ကုန်မြို့တွင်းတွင် အမှုပေါင်း ၄၀ ခန့်ရှိပြီး ဖွံ့ဖြိုးမှုအားနည်းနေသော ကျေး လက်ဒေသတို့ အမှုပေါင်းတစ်ရာကျော် ဖြေရှင်းပေးခဲ့ရသည်ဟု ၎င်းက ထပ်မံပြောသည်။

ကျေးလက်မှ မြို့ပေါ်သို့ တက်၍ လာရောက်အလုပ်လုပ်ကြ သော မိန်းကလေးများမှာ အကြမ်းဖက်ခံရမှုများပြီး အမှုအများအပြား၌ ကျူးလွန်ခံရသူများ ဘက်မှ တာဝန်ကျ ရဲအရာရှိများ၏ သရုပ်ဖော်စစ်ဆေးမှုကို ရှက်ရွံ့ ၍ ပြန်လည်သေချာစွာ မရှင်းပြနိုင်ခြင်း၊ အချိန်မီဆေးစစ်ခံနိုင်မှုမရှိ ခြင်းတို့အပြင် နယ်မြို့များရှိ ရဲစ ခန်းများတွင် အမျိုးသမီးရဲမေများ နည်းပါးခြင်းကြောင့် ကျူးလွန်ခံရသူများအနေဖြင့် ဖြစ်ရပ်ကို သေချာစွာရှင်းမပြ၀ံ့ဘဲ ပျောက်ကွယ်သွားရသော အမှုများလည်း ရှိကြောင်း သိရသည်။

‘‘ပြင်ပဒဏ်ရာက ကုသလို့ လွယ်ပေမယ့် စိတ်ဒဏ်ရာက ကု သဖို့ခက်ခဲပါတယ်။ အမျိုးသမီး တွေ အကြမ်းဖက်ခံရမှုအများစုမှာ ခံရသူတွေက တစ်ဖက်က လူရဲ့ အရှိန်ကို ကြောက်ပြီး တရားရုံးထိ ဖြေရှင်းရမှာကို တော်တော်လေး ကြောက်လန့်ကြတာ တွေ့ရ တယ်။ အများစုက အသိပညာ ဗဟုသုတချို့တဲ့တော့ ပိုဆိုးတာ ပေါ့’’ဟု ၎င်းက ထပ်မံပြောသည်။

အဆိုပါအဖွဲ့သည် လွန်ခဲ့ သည့် ၂ နှစ်ခန့်မှစတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်ခြောက်ရာ ကျော်ရှိကာ အထူးသဖြင့် အမျိုးသမီးအကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ကိစ္စရပ်များတွင် လိုက်ပါဆောင်ရွက်ခဲ့ပြီး အရှေ့ တောင်အာရှ လူ့အဖွဲ့အစည်းကပေးအပ်သော MiPeace ဆုကို ရရှိခဲ့သည်။ ယခုလည်း လက်ပံတောင်းတောင်ပဋိပက္ခတွင် သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ အမှုနှင့် သရပါမဂ္ဂဇင်း အယ်ဒီတာ တေးနုယဉ် အသတ်ခံရမှုတွင်လည်း လိုက်ပါဆောင်ရွက်နေကြောင်း ထပ်မံသိရသည်။

7Day Daily

No comments:

Post a Comment