Monday, December 1, 2014

UPWC နှင့် NCCT ဆွေးနွေးပွဲကြန့်ကြာနေခြင်းမှာ ယုံကြည်မှု လျော့သွားခြင်းကြောင့်ဟု ဦးအောင်မင်းပြော

ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ရန် ကြန့်ကြာနေခြင်းမှာ ယုံကြည်မှုများ ပြန်လည်လျော့နည်းသွား၍ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြား သည်။

‘‘ခိုင်မာတဲ့ အပစ်အခတ်ရပ် စဲရေးကို မရောက်သေးတဲ့အ တွက် တပ်နေရာ သတ်မှတ်ခြင်း တွေ မလုပ်နိုင်သေးဘူး။ ကျင့် ၀တ်စည်းကမ်းတွေ မဆွဲရသေး ဘူး။ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ တွေ မဖွဲ့ရသေးဘူး။ အဲဒီလိုအနေ အထားမျိုးမှာ တိုက်ပွဲလေးတွေ ကမ္ဘာမှာ ပြန်လည်ဖြစ်တတ်တာ ရှိပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု တွေ ပြန်လျော့သွားရှိတယ်’’ ဟု ဦးအောင်မင်းက နော်ဝေးနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံသည့်ပွဲတွင် သတင်းထောက်များအား ပြော ကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာတပ်မတော်က KIA ဌာန ချုပ်အနီးရှိ ဗိုလ်သင်တန်းကျောင်း အား လက်နက်ကြီးဖြင့် ပစ်ခတ် သည့် ကိစ္စသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် အစိုးရကြားယုံကြည်မှုကို များစွာ ထိခိုက်ခဲ့သည်။

UPWC နှင့် တွေ့ဆုံ မည့် ရက်ကိုဒီဇင်ဘာ ၁ ရက် အစည်းအဝေးအပြီးတွင် ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) သီးသန့်အစည်းအဝေး ကို နိုဝင်ဘာ ၃၀ ရက်မှစတင်၍ နှစ်ရက်ကြာ ထိုင်းနိုင်ငံချင်းမိုင်မြို့ တွင် ပြုလုပ်နေခြင်း ဖြစ်သည်။

‘‘ဒီနေ့ကတော့ နောက် ကြောင်းပြန်သုံးသပ်တာ။ MPC နဲ့ တွေ့တဲ့ အပေါ်မှာရော၊ ရှေ့လုပ် ငန်းစဉ်ကတော့ မနက်ဖြန် ညနေ လောက်မှ ဆုံးဖြတ်ချက်ကျမယ်’’ ဟု အစည်းအဝေးပထမရက်အ ပြီးတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တိနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့သည် စက်တင်ဘာလကုန်တွင် နောက်ဆုံးဆွေးနွေးခဲ့ပြီး အောက်တိုဘာလယ်တွင် ပြန်လည်ဆွေးနွေးရန် သဘောတူခဲ့ကြသော်လည်း ယခုအချိန်ထိ ပြန်လည်ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

‘‘NCCT အဖွဲ့တွေ ဆွေးနွေး နေပါတယ်။ သိပ်မကြာခင် ကျွန်တော်တို့နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောသည်။

7Day Daily

No comments:

Post a Comment