Saturday, November 8, 2014

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း ဆက်လက်စောင့်ကြည့်နေရဆဲ

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် ပိုမိုအားကောင်း လာခြင်းမရှိသော်လည်း အ၀ါ ရောင်အဆင့် သတ်မှတ်၍ သတိ ပေးထားဆဲဖြစ်ပြီး မြန်မာနိုင်ငံအ နှံ့ အချိန်အခါမဟုတ် မိုးရွာနေဦး မည်ဖြစ်ကြောင်း မိုး/ဇလဌာန ဒု တိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

‘‘မုန်တိုင်းကတော့ အား လည်း ပိုကောင်းမလာဘူး။ သိပ် လည်း မရွေ့တော့ဘူး။ သူ့ရဲ့အ ရှိန်ကြောင့်တော့ ဒီဘက်မှာ ဒေသ အနှံ့မိုးရွာနေဦးမယ် ခန့်မှန်းပါ တယ်။ အဓိကကတော့ မြန်မာ့ ကမ်းရိုးတန်းနဲ့ ပင်လယ်မှာ မိုး သက်လေပြင်း အန္တရာယ်ရှိတယ်’’ ဟု ၎င်းက ပြောသည်။

မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ပင်လယ်ပြင်တွင် တစ်နာရီ လေတိုက်နှုန်း မိုင် ၄၀ အထိ ရှိနိုင်ကြောင်း မိုး/ဇလဌာနက သတိပေးထားသည်။ ထို့ပြင် မြန်မာနိုင်ငံ အထက်ပိုင်းမှ အောက်ပိုင်းအထိ ဒေသအနှံ့မိုးရွာနိုင်ကြောင်း နိုဝင်ဘာ ၇ ရက်စွဲဖြင့် ဆက်လက်သတင်းထုတ်ပြန်ထားသည်။

ယခု မုန်တိုင်းကြောင့် မြန် မာနိုင်ငံ ဒေသအနှံ့အပြား အချိန် အခါမဟုတ် မိုးရွာခဲ့ပြီးနောက် နှစ်ရက်ခန့်တွင် ထိုင်းပင်လယ် ကွေ့မှ အရှေ့လေပွေလှိုင်းတစ်ခု တနင်္သာရီကမ်းရိုးတန်းဘက်သို့ ဖြတ်လာနိုင်သောကြောင့် တစ် ပတ်ခန့် မိုးဆက်သွားနိုင်ကြောင်း ဒေါက်တာထွန်းလွင်နှင့် ဦးကျော် မိုးဦးက သတိပေးထားသည်

7Day Daily

No comments:

Post a Comment