Friday, December 19, 2014

VGastro Bar မှ တာဝန်ရှိသူများ အပြစ်မရှိကြောင်းငြင်းဆို

ဗုဒ္ဓရုပ်ပွားတော်ကို နား ကြပ်တပ်ထားသောပုံဖြင့် ကြော် ငြာခြင်းကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသည့် VGas-tro Bar ဆိုင်မှ တာဝန်ရှိသူသုံးဦးက ၎င်းတို့၌ အပြစ်မရှိကြောင်း တရားရုံးတွင် ငြင်းဆိုခဲ့သည်။
ဘားဆိုင်ကို ဗုဒ္ဓရုပ်ပွား တော်ပုံဖြင့် ကြော်ငြာသည့် VGastro Bar ဆိုင်မှ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာထွဋ်ကို ကိုလွင်နှင့် အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖီးလစ်တို့ကို ဒီဇင်ဘာ ၁၈ ရက်က ဒုတိယ အကြိမ်ရုံးထုတ်စစ်ဆေးခဲ့သည်။ ရုံးထုတ်စစ်ဆေးရာတွင် တရားသူ ကြီးက အပြစ်ရှိသလားဟု မေး မြန်းရာ ၎င်းတို့သုံးဦးက အပြစ်မရှိ ဟု ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

တရားစွဲဆို ခံထားရသော သုံးဦးသည် အပြစ်မရှိဟု ငြင်းဆို လိုက်ခြင်းကြောင့် အပြစ်မရှိ ဟု ငြင်းဆိုခြင်းအပေါ် တရားသူ ကြီးက မေးမြန်းခဲ့သည်။
တရားစွဲဆိုခံရသူ ဆိုင်ပိုင် ရှင် ထွန်းသူရိန်သည် ဆိုင်ကိစ္စ များနှင့်ပတ်သက်ပြီး အထွေထွေ မန်နေဂျာမစ္စတာ ဖီးလစ်ထံ လွှဲ အပ် ထားသဖြင့် ၎င်း၏လုပ်ဆောင် ချက်နှင့်ပတ်သက်၍ အသေးစိတ် မသိရှိဟု ပြောဆိုပြီး ထို့ကြောင့် ၎င်းတွင် အပြစ်မရှိဟု တရားရုံး၌ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
ဆိုင်မန်နေဂျာ ထွဋ်ကိုကို လွင်သည် အဆိုပါဆိုင်တွင် အလုပ်ဝင်သည်မှာ တစ်ပတ်ခန့် သာရှိပြီး ၎င်းတာဝန်ယူထားရ သည့် ကိစ္စများသည် အထွေထွေ မန်နေဂျာ ဖီးလစ်အလုပ်လုပ် သည့် ကိစ္စများနှင့် မသက်ဆိုင် သောကြောင့် အပြစ်မရှိဟု ငြင်း ဆိုလိုက်သည်။

ဖီးလစ်သည် သာသနာညှိုး နွမ်းစေအောင်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း မဟုတ်သောကြောင့် တရားစွဲဆိုခံထားရသော ပုဒ်မများ တွင် အပြစ်မရှိကြောင်းတရားရုံး ၌ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ ထိုသို့ ငြင်းဆိုမှုများအား တတိယ အကြိမ်ရုံးချိန်းဖြစ်သည့် ဒီဇင်ဘာ ၂၆ ရက်တွင် စစ်ဆေးသွားမည်ဟု တရားသူကြီးက ပြောသည်။

‘‘သူတို့ကို ပုဒ်မသုံးခုနဲ့ တရားစွဲထားတယ်။ ဖီးလစ်ကတော့ သူ လုပ်တာနဲ့ပတ်သက်ပြီး တောင်း ပန်ထားတယ်။ ဗုဒ္ဓဘာသာထွန်း ကားတဲ့နိုင်ငံမှာ ဒီလိုလုပ်မိလို့ တောင်းပန်ပါတယ်လို့ စာထုတ် ထားတယ်။ သူတို့မလုပ်ပါဘူးလို့ အကုန်လုံးငြင်းဆိုထားတယ်။ သူ တို့နဲ့မဆိုင်ဘူးလို့ပြောတာတော့ တရားရုံးကပဲ ဆုံးဖြတ်လိမ့်မယ်။ ကျွန်တော့်အမှုသည်ကို အာမခံ မဝင်ပါဘူး။ သူ့ကိုသနားလို့ ရှေ့ နေလိုက်ပေးတာပါ။ ပြစ်ဒဏ်တွေ ချမယ်ဆိုရင်လည်း ကျခံဖို့သူ့ ကိုပြောထားပါတယ်’’ဟု တရားစွဲ ဆိုခံထားရသည့် နယူးဇီလန်နိုင်ငံ သား ဖီးလစ်၏ရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးမြသွေးက ပြောသည်။
၎င်းတို့အား ရုံးထုတ်စစ်ဆေး စဉ် အမျိုးဘာသာသာသနာစောင့် ရှောက်ရေးမှ ရဟန်းတော် အပါး ၂၀ ကျော်နှင့် လူပုဂ္ဂိုလ်များ စုစုပေါင်း ၅၀ ခန့်က ဗဟန်းမြို့ နယ် တရားရုံးသို့ လာရောက်၍ စောင့်ကြည့်ခဲ့ကြသည်။ ရုံးထုတ် စစ်ဆေးချိန်တွင် ရဲတပ်ဖွဲ့အင် အား ၃၀ ခန့်စောင့်ကြပ်သည်ကို တွေ့မြင်ခဲ့ ရသည်။

ဒီဇင်ဘာ ၁၈ ရက်က ရုံး ထုတ်စစ်ဆေးရာတွင် တရားလိုပြ သက်သေသုံးဦးကို စတင်စစ်ဆေး ခဲ့သည်။ ထိုနေ့တွင် နယူးဇီလန် နိုင်ငံသား ဖီးလစ်၏ဇနီးလည်း ရောက်ရှိလာပြီး ၎င်း၏ ခင်ပွန်း အတွက် သက်သေထွက်ဆိုသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ပုဒ်မ ၂၉၅၊ ၂၉၅(က)ကို ဗဟန်းမြို့နယ် သာသနာရေးဦးစီး အရာရှိ၊ လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးရဲစိုးမြင့် က တရားလိုပြုလုပ်၍ အမှုဖွင့် ထားခြင်းဖြစ်ပြီး ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းပုဒ်မ ၁၈၈ ကို ဗဟန်းမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်၍ အမှုဖွင့်ထားခြင်းဖြစ် သည်။

ဒီဇင်ဘာ ၁၀ ရက် ညနေ တွင် ဘုရားပုံဖြင့် ကြော်ငြာသော အဆိုပါဆိုင်ကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ယာယီပိတ်ထားလိုက် ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ် သော ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဘုရားပုံကို လူမှုကွန်ရက်၌တင်ပြီး ကြော်ငြာခဲ့သည့် ဆိုင်အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသားတို့ သုံးဦးကို ဖမ်းဆီး၍ သာသနာ တော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅(က)၊ ပုဒ်မ ၁၈၈ တို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၂၉၅ သည် ထောင် ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး အယူခံဝင်ခွင့်ရရှိသည်။ ၂၉၅ (က)သည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး အယူခံဝင်ခွင့်မရရှိ ပေ။ ပုဒ်မ ၁၈၈ သည် အယူခံဝင် ခွင့်ရရှိမည် မဟုတ်ဘဲ ငွေဒဏ်နှစ် ရာ (သို့မဟုတ်)ထောင်ဒဏ်တစ် လအထိ ချမှတ်နိုင်ကြောင်း ရှေ့ နေဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

7Day Daily

No comments:

Post a Comment