Friday, January 30, 2015

မင်္ဂလာဒုံမြို့နယ်ရှိ သားအမိနှစ်ဦး လည်လှီးအသတ်ခံရမှုဖြစ်စဉ်မှ ကျူးလွန်သူကို တစ်နှစ်ကျော်သည်အထိ မဖမ်းနိုင်သေး


၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် ညဥ့်နက်ပိုင်းက မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက် ဘောဂ ၂ လမ်း၌ ဖြစ်ပွားခဲ့သည့် သားအမိနှစ်ဦး လည်လှီးသတ်ခံရသည့်ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်ကျော်ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။

“ကျူးလွန်သူက မွန်ပြည်နယ်ဘက်ကလို့ သိရတဲ့တွက် အဲဒီဘက်ကို ထွက်ပြေးသွားလောက်တယ်လို့ ယူဆလို့ သွားရောက်စုံစမ်းပါသေးတယ်။ အဲဒီမွန်ပြည်နယ်ဘက်ကိုလည်း မရောက်ဘူးလို့ သိရတယ်။ လက်ရှိအချိန်အထိတော့ တရားခံကို မမိသေးပါဘူး”ဟု မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၉ ရက်က ဆိုသည်။


အဆိုပါ လူသတ်မှုကျူးလွန်သူမှာ အဆိုပါရပ်ကွက် ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် နေထိုင်သူ ---(ခ)---- ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားရာနေ့မှစ၍ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ကျူးလွန်သူ၏ အချက်အလက်ဓာတ်ပုံများကို တစ်နိုင်ငံလုံးသို့ ဖြန့်ထားသည့်အချိန်မှာ တစ်နှစ်နှင့် နှစ်လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

သေဆုံးသူများမှာ မ----(ခ)---အသက် ၃၆ နှစ်နှင့် ၎င်း၏ သမီးဖြစ်သူ မ----- အသက် ၉နှစ် လေးတန်းကျောင်းသူတို့ဖြစ်ကြပြီး မ---သည် နေအိမ်အိပ်ခန်းတွင်း၌ လည်ပင်းအလှီးခံရသည့် ဒဏ်ရာဖြင့် သေဆုံးနေကာ မိခင်ဖြစ်သူ မ---မှာ နေအိမ်အနီး လမ်းမပေါ်၌ လည်ပင်းအလှီးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment