Saturday, January 31, 2015

ကြွက်ချေးရော ပရဟိတနှင့် အမိုက်ဇာတ်သွင်းဖို့ ကြံစည်နေခြင်း



ကျောင်းသားသပိတ်ကို စတင်ခဲ့စဉ်အချိန်တုန်းက ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ဖို့၊ ကျောင်းတွေ ထဲမှာ သမ္မဂဖွဲခွင့်ရဖို့ဆိုပြီး စတင်ခဲ့ကြ ပါတယ်။ နောက်တော့ ၈၈ မျိုးဆက်ဟောင်းကြီးတွေ၊ ဗကပ လက် ကျန်တွေ၊ ဗကသ အမည်ခံ ကွန်မြူနစ်လက်ကျန်တွေ ၀င်ပူးပြီး တဖြည်းဖြည်းနဲ့ ဦးတည်ချက် လွဲမှားအောင် လုပ်လာ ကြပါတယ်။

ပရဟိတလုပ်နေပါတယ်ဆိုတဲ့ နာရေးကူညီမှုအသင်းက ဦးကျော်သူပါ ပါဝင်လာသလို နာရေးကူညီမှု အသင်းရဲ့ လူချစ်လူခင်များမှုကို အသုံးချပြီး ပါတီနိုင်ငံရေးလုပ်နေတဲ့ NLD ပါတီဝင် ဒေါ်ရွှေဇီးကွက်လည်း ပါဝင်လာကာ လင်မယား နှစ်ယောက် အတွဲညီညီ ထွက်လာကြပါတယ်။

တကယ်တော့ ပရဟိတအလုပ်ဆိုတာ သူတစ်ပါးသြဇာခံ အဖွဲ့အစည်းတစ်ခု မဖြစ်ရပါဘူး။ ဒီအပြင် တခြား သော ဘယ်နိုင်ငံရေး အဖွဲ့အစည်းများနဲ့မှလည်း ဆက်နွယ်မှု မရှိရပါဘူး။

ပရဟိတအလုပ်ဆိုတာ ပေးဆပ်ခြင်းနဲ့ မွေ့လျော်တဲ့ နှလုံးသားရှိသူတွေသာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခုပါ။ အခုတော့ ဒီလိုမဟုတ်ဘဲ နာရေးကူညီမှု အသင်းအတွက် အလှူငွေတွေလိုက်လံကောက်ခံရင်း NLD ပါတီက ဦးဆောင်ပြုလုပ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့နဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်ဖို့အတွက် အလှူငွေ ကောက်ရင်း လိုက်ပါဆန္ဒပြကြဖို့ လူစုနေတဲ့အလုပ်တွေ လုပ်နေပါတယ်။

ယခုလည်း ကျောင်းသားတွေ ဆန္ဒပြ ကန့်ကွက်မှုမှာ ပါဝင်လာပြီး ကူညီသယောင်ပြကာ နောက်ဆုံးတော့ ကျောင်းသားလူငယ်တွေကို ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့နဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်ဖို့အတွက်ပါ ဆန္ဒပြကြဖို့ စည်းရုံး နေကြပြန်ပါပြီ။ NLD ပါတီနဲ့ ဦးကျော်သူတို့ ပူပေါင်းပြီး ကျောင်းသား သပိတ်ကို အကြောင်းပြုကာ နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ ဘာမှမသိနားမလည်သေးတဲ့ ကျောင်းသားလူငယ်လေးတွေကို အသုံးချနေ တာက အင်မတန်မှ အောက်တန်းကျသော လုပ်ရပ်များဖြစ်ပြီး သားသမီးချင်း ကိုယ်ချင်း မစာနာဘဲ ငါ ကောင်း စားဖို့၊ ငါ့ပါတီ ကောင်းစားဖို့ဆိုရင် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။

၈၈ အရေးအခင်းမှာ တိုင်းပြည်ဆူပူအုံကြွပြီး မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ် ခဲ့ကြတာလည်း ကျောင်းသား တွေပဲ ဖြစ်ပါတယ်။ ဒါက ငြင်းလို့မရတဲ့ အချက်တစ်ခုဘဲ ဖြစ်ပါတယ်။ အခုလည်း ဒီလိုလုပ်ဖို့အတွက် ကျောင်း သားတွေ ကို အသုံးချကာ နောက်ကွယ်ကနေ မြောက်ပင့်ပေးပြီး တိုင်းပြည်ကို ဆူပူအုံကြွမှု ဖြစ်လာအောင် ပြုလုပ်ဖို့ ကြံစည်နေပြန်ပါပြီ။

လူတစ်ထောင်ကျော်သာရှိတဲ့ ဆန္ဒပြကျောင်းသားထုနဲ့ သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့ စောင့် ဆိုင်း နေကြတဲ့ ကျောင်းသား၊ ကျောင်းသူလူထု (၁၀) သန်းကျော်နဲ့ ဘယ်သူက ပိုအရေးကြီး တာလဲ? ဆန္ဒပြ ကျောင်း သားတွေ ကြောင့် တစ်စုံတစ်ခုဖြစ်ခဲ့ရင် ဘယ်သူက အရင်ပိုနစ်နာမလဲဆိုတာ ရှင်းရှင်းလေးပါပဲ။ ဖြေဆို ရမယ့် ကျောင်းသူ၊ ကျောင်း သားတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူမိဘတွေပဲ အရင် နစ်နာကြမှာ ဖြစ်ပါတယ်။ မိဘတွေ အနေနဲ့ နိုင်ငံရေး လှည့်ကွက်တွေကို နားမလည်ရင်တောင် မိမိ သားသမီးတွေကို အသုံးချမခံရလေအောင်၊ မဆုံးရူံးရလေအောင် မိဘ တစ်ယောက်အနေဖြင့် ဆုံးမ ထားစေချင်ပါသည်။

ရိုးသားပြီး ကြိုးစားတဲ့ကျောင်းသားလူငယ်တွေကိုလည်း ကျောင်း သားယောင်ဆောင်ပြီး ပူးကပ် လှုပ်ရှား နေတဲ့ ကိုယ်ကိုယ် ကို ကွန်မြူနစ်ဆိုတာတောင် ၀န်မခံရဲတဲ့ အရှက်မရှိ သတ္တိကြောင် ကွန်မြူနစ်တွေက လမ်းမှာကို လျောက်ဖို့ ဒေ၀ဒတ် အကြံနဲ့ သံပုံးတီး ဆော်သြနေကြပြန် ပါတယ်။ ကျောင်းသားလူငယ်တို့ကို တွေ့ဆုံ ဆွေးနွေးပွဲမှာ သဘောတူညီ ထားတဲ့အချက်တွေကို ဖျက်ခိုင်းပြီး အမိုက်ဇာတ်သွင်းဖို့ ကြံစည် နေကြပါတယ်။ ဒါတွေကို ကျောင်းသားတွေအနေနဲ့ အချိန်မီသိရှိပြီး အမိုက်လမ်းမှ ပြန်ခဲ့ဖို့ လိုပါတယ်။ အချိန်မီ အမိုက်လမ်းမှ ပြန်လာခြင်းသည်သာ မိမအတွက် သာမက နိုင်ငံအတွက်ပါ ကောင်းမွန်တဲ့ အခြေ အနေကို ဖန်တီးနိုင်မှာ ဖြစ် ပါကြောင်း ရေးသားလိုက်ရပါတယ်။

ပေါက်စ
Credit >>> Today Myanmar

No comments:

Post a Comment