Wednesday, January 28, 2015

နန်းဖာလုံဈေးအတွင်းသို့ ကသည်းလက်နက်ကိုင် တပ်ဖွဲ့ဝင်နှစ်ဦး ရောက်လာ၍ ဒေသခံများစိုးရိမ်

အိန္ဒိယနိုင်ငံရှိ ကသည်းလက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးသည် တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေးအတွင်း ရောက်လာခဲ့၍ ဈေးသူဈေးသားများက လုံခြုံရေးစိုးရိမ်သဖြင့် ဈေးအတွင်းတာဝန်ကျ လုံခြုံရေးအဖွဲ့ထံသို့ အကြောင်းကြား တာဝန်ယူခိုင်းခဲ့ကြောင်း နန်းဖာလုံဈေး ကော်မတီအဖွဲ့မှ ဦးငယ်က ပြောသည်။
ဇန်န၀ါရီ ၂၇ ရက် နံနက် ၁၀နာရီခန့်က အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် ကသည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်နှစ်ဦးသည် နန်းဖာလုံဈေးအတွင်း ၀င်ရောက်လာခဲ့ပြီး လက်ဖက်ရည်ဆိုင်တန်း၌ လက်ဖက်ရည်သောက်နေသည်ကို နန်းဖာလုံဈေးသူ ဈေးသားများက သတိထားမိခဲ့ပြီး ဈေးကော်မတီ အဖွဲ့ထံ တိုင်ကြားခဲ့သည်။

ထိုသို့ တိုင်ကြားခြင်းကြောင့် နန်းဖာလုံဈေးကော်မတီအဖွဲ့က ဈေးအတွင်း လုံခြုံရေးတာဝန်ကျ နေသည့် ရဲတပ်ဖွဲ့ထံအကြောင်း ကြားခဲ့ရာ တာဝန်ကျနေသူများကကသည်းလက်နက်ကိုင်အဖွဲ့ဝင်နှစ်ဦးကို ခေါ်ဆောင်သွားကြောင်း နန်းဖာလုံဈေး ကော်မတီအဖွဲ့မှ ဦးငယ်က ပြောသည်။
‘‘ကသည်းလက်နက်ကိုင် အဖွဲ့က ကုန်သည်တွေအပေါ် ခြိမ်းခြောက်ငွေတောင်းတာတွေ ရှိတဲ့အတွက် စိုးရိမ်လို့ အခုလိုအပ်လိုက်ရတာပါ။ မနက်က နှစ် ယောက်ကတော့ လက်ဖက်ရည် ဆိုင်ထိုင်နေတဲ့အချိန် တွေ့ရှိခဲ့ တာပါ။ သူတို့မှာ လက်နက်တွေ ဘာတွေပါလာတာတော့ မတွေ့ ပါဘူး’’ဟု ၎င်းက ဆက်လက် ပြောသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ် သက်၍ တမူးမြို့မရဲစခန်း၊ တမူး ခရိုင်ရဲစခန်းနှင့် သက်ဆိုင်ရာတာ ၀န်ရှိသူများထံ စုံစမ်းခဲ့သော် လည်း ယနေ့သည် စစ်ကိုင်းတိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး တမူး မြို့သို့ ရောက်ရှိနေခြင်းကြောင့် မြို့နယ်အတွင်း လုံခြုံရေးများအ ပြည့်အ၀ချထားကြောင်း၊ သက် ဆိုင်ရာ ရဲစခန်းများတွင် ဖမ်းဆီး ထားခြင်း မရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်းများနှင့် ပြောရေးဆိုခွင့် ရှိသည့် အရာရှိများက ပြန်လည် ဖြေကြားခဲ့သည်။
7Day Daily

No comments:

Post a Comment