Thursday, January 8, 2015

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများ ဆန္ဒထုတ်ဖော်မည်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ် စဉ်တွင် ပြည်သူလူထုပါဝင်ဆောင်ရွက်နိုင်ရေး နိုင်ငံရေးပါတီများ စုပေါင်းကာ ငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံရေးပါတီများ စုပေါင်း ခေါင်းဆောင်မှုဖြင့် မြို့ရွာဒေသ များအလိုက် ငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်ပွဲများ၊ လူထုအစည်းအ ဝေးပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယင်းသို့ ငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်ပွဲများနှင့် လူထုအစည်း အဝေးများပြုလုပ်ရန် ယခုလ ၅ ရက်တွင် နေပြည်တော်၌ နိုင်ငံ ရေးပါတီ ၅၃ ပါတီမှ ခေါင်းဆောင်များတွေ့ဆုံကာ ဆုံးဖြတ်ခဲ့ကြ ခြင်း ဖြစ်သည်။
‘‘ဆန္ဒထုတ်ဖော်ပွဲတွေကို ဘယ်အချိန်က လုပ်မလဲဆိုတာ တော့ အသေးစိတ်လုပ်ငန်းစဉ် တွေချဖို့ ကျွန်တော်တို့ ကော်မတီ တစ်ခုဖွဲ့ထားပါတယ်။ ဘယ်အ ချိန်မှာ စလုပ်မလဲဆိုတာတော့ မ ဆုံးဖြတ်ရသေးဘူး’’ဟု အမျိုး သားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ ကိုနေမင်းကျော်က ဆို သည်။
လက်ရှိပြည်တွင်းငြိမ်းချမ်း ရေးဆောင်ရွက်နေမှုအပေါ် ပြည် သူများစိတ်ပါဝင်စားမှု မြင့်တက် လာပြီး ငြိမ်းချမ်းရေးဆောင်ရွက် နေမှု လုပ်ငန်းစဉ်အောင်မြင်နိုင် ရေးအတွက် ရည်ရွယ်ကာ ယင်း ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ကိုနေမင်းကျော်က ပြောသည်။

ဇန်န၀ါရီ ၅ ရက်က နေပြည် တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီ ၅၃ ပါတီတွေ့ဆုံပွဲတွင် တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလူထုသဘောထားဆန္ဒလက်မှတ်များကို ကောက်ခံ စုဆောင်းရေး၊ တစ်နိုင်ငံလုံး အ ပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေးပြည်သူ့ကော်မတီများ ဖွဲ့စည်းကာ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရန် အသိပညာပေးရေး တို့ကို ဆောင်ရွက် ရန် ပါတီစုံငြိမ်းချမ်းရေးပူးပေါင်း ဆောင်ရွက်မှုအလုပ်ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။
ပါတီစုံငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှု အလုပ်ကော်မတီ တွင် ညီညွတ်သော ဒီမိုကရက် တစ်ပါတီမှ ဦးလှမြင့်၊ မြန်မာအ မျိုးသားကွန်ဂရက်ပါတီမှ ဦး ကောင်းမြတ်ထွဋ်၊ ကရင်ပြည်သူ့ ပါတီမှ ဦးစောဒစ်ဆင်ထွန်းလင်း၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ မှ ဦးမျိုးညွန့်၊ ရခိုင်အမျိုးသားပါတီ မှ ဒေါက်တာအေးမောင်၊ အမျိုး သားနိုင်ငံရေးမဟာမိတ်များအဖွဲ့ ချုပ်ပါတီမှ ဦးသိန်းကြည်၊ ပြည် ထောင်စု မြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီမှ ဦးအေးလွင်၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီမှ ဦးစိုင်းမောင် တင်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါ တီမှ Tin Royal ၊ လားဟူအမျိုး သား ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဒေါ်အေးသီတာမြင့်တို့ ပါဝင် သည်။
အဆိုပါကော်မတီတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပါဝင်ခြင်းမရှိပေ။
7Day Daily

No comments:

Post a Comment