Friday, January 9, 2015

တိုက်ကြီးတွင် လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင် မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ မီးသတ်လမ်း၊ အမှတ် ၁၁ ရှိ လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင် ဇန်နဝါရီ ၈ရက် နေ့လည် ၁၂နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်းဖိုး ငွေကျပ် ၅၁သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကား၊ ပျဉ်ခင်း နှစ်ထပ်ရှိ လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်၏ အပေါ်ထပ်တွင်ရှိသော မတ်တပ်ပန်ကာ ဖွင့်ထားရာမှ မော်တာဂျမ့်ဖြစ်တာ၍ အပူလွန်ကဲရာမှ ဘေးကာဗာအဖုံး အရည်ပျော်ကျပြီး ဝါးနှီးအထုံးများပေါ်သို့ ကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။



မီးလောင် ဆုံးရှုံးမှုတွင် အဆောက်အဦးတန်ဖိုး သိန်း ၅၀ နှင့် နွားချည်ကြိုး၊ ကြိမ်၊ ဝါးနှီးထုံးများ ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ၅၁သိန်းဖိုး ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
နေ့လည် ၁၂နာရီခွဲက စတင်လောင်ကျွမ်းခဲ့သည့် မီးကို မီးသတ်ယာဉ် ၁၀စီး၊ မိတ်ဖက်ယာဉ် ၂စီး၊ ကွပ်ကဲ အုပ်ချုပ်မှုယာဉ် တစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၆၅ဦး နှင့် အရန်မီးသတ် ၇ဦးက ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၄နာရီတွင် မီးငြိမ်းခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က ဆိုသည်။
မီးလောင်မှုကြောင့် ဆိုင်ပိုင်ရှင်အား တိုက်ကြီးရဲစခန်းမှ ပ-၁၂/၂၀၁၅၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူထားသည်။

Mizzima - News in Burmese

No comments:

Post a Comment