Thursday, January 22, 2015

မြို့တော်စည်ပင်မှ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မည်ဆိုသော သတင်းများကြောင့် ဒဂုံမြို့သစ်မြို့နယ် အချို့တွင် အိမ်ခြံမြေအရောင်းဈေး ကွက်အေးစက်

ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မ တီမှ တန်ဖိုးနည်းအိမ်ရာများ တည် ဆောက်မည်ဆိုသောသတင်းများ ကြောင့် အဆိုပါမြို့နယ်များတွင် အိမ် ခြံမြေအရောင်းဈေးကွက် အလွန် အေးနေပြီး ဝယ်ယူသူမရှိကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူအချို့ ထံမှသိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် တန်ဖိုးနည်းအိမ်ရာ နှင့် တန်ဖိုးမျှတတိုက်ခန်း တစ်သောင်း ကျော်ကို တည်ဆောက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအင်ဂျင်နီယာဌာ န(အဆောက်အအုံ)မှ သိရသည်။
ဇမ္ဗူသင်္ဂဟ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ကိုဇမ္ဗူကျော်က ''ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့ မှာ တန်ဖိုးနည်းအိမ်ရာဆောက်မယ်။ ဈေးတွေကလဲ တစ်ခန်းကို သိန်း ၁၀၀ လောက်နဲ့ဝယ်လို့ရမယ်ဆိုတဲ့ သတင်း တွေထွက်နေတော့ အိမ်ခြံမြေအရောင်း အဝယ်က ဒီဘက်မှာ အရမ်းအေးသွား တယ်။ မြေတစ်ကွက်ကို လက်ရှိ ကျပ် သိန်းတစ်ရာ၊ ကျပ်သိန်းနှစ် ရာ ရောင်း နေတာ၊ တန်ဖိုးနည်းအိမ်ရာက တစ် ရာလောက်နဲ့ရ မယ်ဆိုတဲ့အတွက် အရောင်းအဝယ်သိပ်မဖြစ်တော့ ဘူး''ဟု ပြောသည်။
၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် တို့တွင် တန်ဖိုးနည်း အိမ်ရာများအားအစိုးရဝန်ထမ်းနှင့် ပြည်သူတွေအတွက်တည်ဆောက်ပေး ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချပေး သွားဖြစ်ကြောင်း ၊ စည်ပင်သာယာမှ ရောင်းချမည့်တန်ဖိုးနည်းတိုက်ခန်း များကိုဈေးနှုန်းအနိမ့်ဆုံး သိန်း၁၀၀ ဝန်းကျင်ဖြင့်ရောင်း ချမည်ဆိုသည့် အတွက် ဝယ်ယူထားမိလျှင် အရှုံး ပေါ်မည် စိုးသောကြောင့် ဝယ်ယူသူ လုံးဝမရှိဘဲ ရောင်းချမည့်သူသာ ရှိနေ ကြောင်းသိရသည်။
''အခုကျွန်တော်တို့လိုအိမ်ပိုင် မရှိတဲ့သူတွေအနေနဲ့ အခုလို သိန်း တစ်ရာဝန်းကျင်နဲ့ တန်ဖိုးနည်း တိုက် ခန်းတွေတည်ဆောက်ပေးမယ် ဆို တဲ့သတင်းတွေ ကြားပါတယ်။ ပထ မတော့ ဒဂုံဆိပ်ကမ်းနေရာမှာ အိမ် လေးဝယ်မလို့ပါ။ အခု တိုက်ဖိုးနည်း တိုက်ခန်းတွေဆောက် မယ်ဆိုတဲ့ သတင်းကြောင့် ဝယ်ထားရင် အရှုံး ပေါ်မှာစိုးလို့ နည်းနည်းတော့စောင့် ကြည့်လိုက်ဦးမယ်''ဟု ယုဇနဥယျာဉ် မြို့တော်တွင် အိမ်ငှားရမ်းနေထိုင်သူ ဦးခင်မောင်ကပြောသည်။
၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် တန်ဖိုး နည်းအိမ်ရာတည်ဆောက် မည့်နေရာများမှာ ဒဂုံဆိပ်ကမ်းမြို့ နယ် (၇၇)ရပ်ကွက် မြနန္ဒာလမ်းတွင် ရှစ်ခန်းတွဲခြောက်ထပ် ၁၄လုံး၌ တိုက် ခန်းပေါင်း ၆၇၂ခန်း၊ (၆၉)ရပ်ကွက် ပုဂံလမ်းတွင် ရှစ်ခန်းတွဲ ခြောက် ထပ် ငါးလုံး၌ တိုက်ခန်းပေါင်း ၂၄၀၊ (၉၁)ရပ်ကွက် ဧရာဝတီလမ်းတွင် ရှစ် ခန်းတွဲခြောက်ထပ် ခုနစ်လုံး၌တိုက် ခန်းပေါင်း ၃၃၆ခန်း၊ (၈၄)ရပ်ကွက် ပုဏ္ဏမီလမ်းတွင် ရှစ်ခန်းတွဲ ခြောက် ထပ် ငါးလုံး၌ တိုက်ခန်းပေါင်း ၂၄၀ နှင့် (၈၄)ရပ်ကွက် ဘောဂလမ်းတွင် ရှစ်ခန်းတွဲ ခြောက် ထပ်လေးလုံး၌ တိုက် ခန်းပေါင်း ၁၉၂ခန်းကို အကောင်အ ထည်ဖော်
တည်ဆောက်ပေးသွားမည် ဖြစ်သည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၅၃)ရပ်ကွက်၊ သောကုနေလမ်းနှင့် လှော် ကားလမ်းတွင် ရှစ်ခန်းတွဲ ခြောက်ထပ်ငါးလုံးတွင် တိုက်ခန်း ပေါင်း၂၄၀၊ (၁၅၃)ရပ်ကွက် လှော် ကားလမ်းနှင့် ရတနာပုံလမ်းတွင် ရှစ်ခန်းတွဲ ခြောက် ထပ်ကိုးလုံး၌ တိုက်ခန်းပေါင်း ၄၃၂ခန်း၊ (၁၅၃)ရပ်ကွက် ရတနာပုံလမ်းတွင် ရှစ်ခန်းတွဲခြောက် ထပ်ငါးလုံး၌တိုက်ခန်းပေါင်း၂၄ဝကို အကောင် အထည်ဖော်တည်ဆောက် သွားမည်ဖြစ်သည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အရှေ့ပိုင်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့ နယ်နှင့်ရွှေပြည်သာမြို့နယ်တို့တွင် ရှစ်ခန်းတွဲခြောက်ထပ် ၁၅၅လုံး၌ တိုက်ခန်းပေါင်း၇၄၄ဝခန်းကိုလည်း တည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
TST, HH
‪Democracytoday‬

No comments:

Post a Comment