Monday, January 19, 2015

အဲကမ္ဘောဇလေယာဉ် နည်းပညာချို့ယွင်းမှုကြောင့် ပြန်လည်ဆင်းသက်


အဲကမ္ဘောဇလေကြောင်း လိုင်းပိုင် လေယာဉ်တစ်စီးသည် ဇန်န၀ါရီ ၁၈ ရက်က ရန်ကုန် လေဆိပ်မှ လေယာဉ်ပျံတက်အ ပြီး ၁၅ မိနစ်အကြာတွင် နည်း ပညာ ချို့ယွင်းချက်ရှိခြင်း ကြောင့် ရန်ကုန် လေဆိပ်သို့ပြန် လည် ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါလေယာဉ်မှာ ရန် ကုန် - မန္တလေး - မြစ်ကြီးနားသို့ သွားရောက်သည့် လေယာဉ်ဖြစ် ပြီး ပြင်သစ်နိုင်ငံ လုပ် ATR-72 ဖော်ကာအမျိုးအစားဖြစ်သည်။

‘‘နည်းစနစ်ပိုင်း ချို့ယွင်း ချက်ရှိလာလို့ ပိုင်းလော့က ဆုံး ဖြတ်ပြီး ပြန်ဆင်း ခဲ့တာပါ။ လေ ကြောင်းလိုင်းတော်တော်များများ မှာ ဒီလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါ တယ်။ လေယာဉ်ကို ဆက်မောင်း ရင်တော့ ရပါတယ်။ ဒါပေမဲ့ လေ ယာဉ်ရဲ့ ဥပဒေအရ ၁၀၀ ရာခိုင် နှုန်းကောင်းမှ မောင်းသင့်လို့ ပြန် ဆင်းခဲ့တာပါ’’ ဟု အဲကမ္ဘောဇ လေကြောင်းလိုင်းမှ စီးပွားရေး အရာရှိချုပ် ဦးမြတ်သူက ပြော ကြားသည်။

လေယာဉ်ပေါ်ပါ ခရီးသည် များအား ထိုနေ့ညနေတွင် အဲ ကမ္ဘောဇလေကြောင်း လိုင်း အ ခြားလေယာဉ်ဖြင့် ခရီးစဉ်အတိုင်း ပို့ဆောင်ပေးခဲ့ကြောင်း ဦးမြတ် သူကဆက်လက်ပြောသည်။

နောက်ပိုင်းတွင် ပြည်တွင်း ခရီးစဉ်များအတွက် ၀ယ်ယူထား သည့် လေယာဉ် အများစုမှာ နည်းပညာပိုင်း၌ လွန်စွာမြင့်မားသည်။ ယင်းချို့ယွင်းသည့် လေယာဉ်ကို အချိန်မီ ပြန်လည်ပြုပြင်လိုက်ပြီးဖြစ်ကြောင်း ၎င်းကပြောကြားသည်။

‘‘လေယာဉ်က ကောင်းကင် ပေါ်ရောက်လာတော့ တုန်ပြီး ခါ လာတယ်။ လေယာဉ်ပေါ်မှာ ကြေညာတာတော့ နည်းပညာ ဆိုင်ရာ အသေးစားချို့ယွင်းမှုဖြစ်လို့ ပြန်ဆင်းမယ်လို့ ပြောပါတယ်’’ ဟု အဆိုပါ ခရီးစဉ်တွင် လိုက်ပါ စီးနင်းခဲ့သူ ခရီးသည်အမျိုးသား တစ်ဦးကအတွေ့အကြုံကိုပြော ကြားသည်။

ယင်းလေယာဉ်တွင် မြန်မာ နိုင်ငံသားများထက် မန္တလေးသို့ သွားရောက်မည့် ကမ္ဘာ့လှည့် နိုင်ငံခြား ခရီးသွားဧည်သည်အများဆုံး ပါဝင်ကြောင်း အထက်ပါခရီး သည်ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းအတိအကျ မရရှိ သေးသော်လည်း ယင်းကဲ့သို့ လေယာဉ်ပြန် ဆင်းခြင်းမှာ လေယာဉ်မှူး၏ ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က ပြောသည်။

အဲကမ္ဘောဇ လေကြောင်း လိုင်းသည် ပြည်တွင်းခရီးစဉ်များ အတွက် ပြင်သစ်နိုင်ငံလုပ် ATR -72၊ 500၊ 600 ဖော်ကာ အမျိုး အစားလေယာဉ်များဖြင့် အဓိက ပျံသန်းပြေး ဆွဲပေးနေသည့် လေ ကြောင်းလိုင်းတစ်ခုဖြစ်သည်။

၂၀၁၄ ဒီဇင်ဘာ ၁၄ ရက် ကလည်း အဲကမ္ဘောဇ လေ ကြောင်း လိုင်းပိုင် လေယာဉ် တစ်စီးသည် ရန်ကုန်မှ ကျိုင်းတုံသို့ ပျံ သန်းမည့် ခရီးစဉ်တွင် လေယာဉ် ပြေးလမ်းမှ ဝေဟင်သို့ ပျံတက်စဉ် ငှက်အုပ်နှင့် ၀င်တိုက်မိခြင်းကြောင့် အရေးပေါ်ဆင်းသက်ခဲ့ ရဖူးသည်။

7 Day Daily

No comments:

Post a Comment