Monday, January 5, 2015

အိမ်ရာ ပြဿနာ ဖြေရှင်း နိုင်ရန် (၂၀၀၀၀) တန် အိမ်ရာ စီမံကိန်း ရလဒ်အား အစိုးရထံ တင်ပြမည်


အိမ်ရာ လိုအပ်မှု ပြဿနာအား ဖြေရှင်းနိုင်ရေး အတွက် နှစ်သောင်းတန် အိမ်ရာ စီမံကိန်း အောင်မြင်မှု ရလဒ် များအား သက်ဆိုင်ရာ ၀န်ကြီး ဌာနများနှင့် အစိုးရထံ တင်ပြ သွားမည် ဖြစ်ကြောင်း ပျိုမေ့အိမ် လူမှု ဖွံ့ဖြိုးရေး အသင်း ထံမှ သတင်း ရရှိသည်။


အဆိုပါ နှစ်သောင်းတန် အိမ်ရာ စီမံကိန်း အားရှေ့ပြေး စီမံချက် အနေဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ယင်းအစီအစဉ်၏ အားနည်းချက် အားသာချက်များ အပေါ် အခြေခံ၍ အလားတူ စီမံကိန်းများ အတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ကျွန်မ အဓိက တင်ပြ အစီရင်ခံ လိုတဲ့ အချက်က နိုင်ငံတကာ စံချိန်စံညွှန်း ဆိုတာတွေကို ခဏထား ပြီးတော့ ကျေးလက်နေ ပြည်သူတွေ နေထိုင်တဲ့ အိမ်ရာတွေ နည်းတူ မိမိတို့ နိုင်ငံမှာ အများဆုံး ရှိနေတဲ့ သစ်ဝါးတွေကို အသုံးပြုမယ့် အိမ်ရာမျိုးတွေ ဖန်တီး ပေးနိုင်ရေး အတွက်ကို ဦးစားပေး အနေနဲ့ အိုးအိမ် ဦးစီးဌာန ထံကို တင်ပြ ထားပြီး ဖြစ်ပါတယ် ဟု ပျိုမေ့အိမ် လူမှု ဖွံ့ဖြိုးရေး အသင်း ဒါရိုက်တာ ဒေါ်ဗန်လီဆာအောင်က ပြောသည်။

The Messenger

No comments:

Post a Comment