Friday, January 16, 2015

သီလရှင်ဆရာလေးများ၏ ကပြတင်ဆက်ခြင်း ဗီဒီယိုဖိုင်မှာ ယဉ်ကျေးလိမ္မာဆရာဖြစ် မွမ်းမံသင်တန်းတစ်ခုမှဟုဆို

ရန်ကုန် - ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့ ခဲ့သည့် သီလရှင်ဆရာလေး ၁၀ ပါးယိမ်းသရုပ်ဖော်အဖြစ် သံပြိုင်သီ ဆို၍ ခြေဟန်လက်ဟန်ဖြင့် ကပြ တင်ဆက်ခြင်း ဗီဒီယိုဖိုင်သည် မန္တလေးမြို့ မန်းရေတံခွန်တောင် ရှိ သစ္စဝေဒဂူရိပ်သာတွင် ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာဆရာဖြစ်မွန်းမံသင်တန်းမှ ဗီဒီယိုဖိုင်ဖြစ် ကြောင်း အဆိုပါသင်တန်းဆင်းပွဲ သို့ တက်ရောက်ခဲ့သည့် မန္တလေး မြို့ ၀ါခင်းကုန်း ငြိမ်းချမ်းရေး ပရိပတ္တိ စာသင်တိုက်မှ ဆရာတော်ဦးနရပတိက မိန့်ကြားသည်။



သီလရှင်ဆရာလေးများက လက်ခုပ် ညီညာတီး၍ လည်း ကောင်း၊ လက်ဟန်ခြေဟန်ဖြင့် လည်းကောင်း တန်ခိုးကြီးတဲ့ သမ္ဗုဒ္ဓေ...ငါ့တို့ရွတ်ဆိုလေ ‘‘အစချီ သည့် ယဉ်ကျေးလိမ္မာဓမ္မတေးသီ ချင်းတစ်ပုဒ်ကို နောက်ခံအသံ တေးဂီတနှင့်အတူ တန်းစီ၍ သီဆို ခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ သီဆို မှုကို ရဟန်းများက စည်းချက်နှင့် အညီ လက်ခုပ်တီး၍ အားပေး သည့် မြင်ကွင်းပါသော ဗီဒီယိုဖိုင် တစ်ခု လွန်ခဲ့သော တစ်ပတ်ခန့်က လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

‘‘အဲဒီကိစ္စက ဒီနှစ်ယဉ်ကျေး လိမ္မာဆရာဖြစ် သင်တန်းဆင်းပွဲ နှုတ်ဆက်ပွဲပါ။ မနှစ်က ဘုန်းဘုန်းတို့ကို ပင့်တော့လည်း အဲဒီလိုလုပ်တာတွေတွေ့လို့ ဘုန်းဘုန်းတို့ ကန့်ကွက်တားမြစ်ခဲ့ပါတယ်’’ဟု ဆရာတော်က မိန့်သည်။

ထိုမြင်ကွင်းကို ကြည့်ရှုသူ အများစုက သာသနာကို ဖျက်ဆီး သည် မြင်ကွင်းသဖွယ် ဝေဖန်ရေး သားခဲ့ကြသည်။ ရဟန်း၊ သီလရှင်များနှင့် ဂီတမအပ်စပ်သည့် သ ဘောတရားများကို ပြန်လည်မျှဝေသူပေါင်း တစ်ထောင်ကျော်လာ ချိန်တွင် ယင်းဗီဒီယိုဖိုင်ကို မူလ တင်ခဲ့သူက ပြန်လည်ဖျက်ခဲ့သည်။သို့သော် ဒေါင်းလုတ်ဆွဲယူထားသူ များက တစ်ဆင့်ပြန်လည် မျှဝေခဲ့ ကြသည်။

‘‘အဲဒီ ယိမ်းသရုပ်ဖော်ဖိုင်ကိုတင်လိုက်တာက ဆရာလေး နန္ဒ စာရီပါ။ သူ့ရဲ့ ရည်ရွယ်ချက်က သံဃာတော်တွေ၊ ဆရာလေးတွေ က ယဉ်ကျေးလိမ္မာသင်တန်းနဲ့ ပတ်သက်ပြီး နိုးကြားလာကြပြီ။ ဒကာ၊ ဒကာမတွေလည်း နိုးကြား ကြပါတော့ဆိုပြီး တင်လိုက်တာ ပါ။ အခုသင်တန်းမှာ အနယ်နယ် အရပ်ရပ်ကလာကြတဲ့ သင်တန်း သားတွေ ခင်မင်ရင်းနှီးမှုအတွက် လုပ်ကြတာပါတဲ့။ သင်တန်းပြ ပေးတဲ့ နေရာတွေမှာ အဲဒီလို မလုပ်ပါဘူးလို့ ပြန်လျှောက်ပါ တယ်’’ဟု ဆရာတော်က တစ်ဆင့်ပြန်လည် ရှင်းလင်းမိန့်ကြားသည်။

မန္တလေးမြို့ရှိ သစ္စဝေဒဂူဝိပ ဿနာရိပ်သာသည် ကျောင်းတွင် နေထိုင်စားသောက်သော၊ ငွေ ကြေးချို့တဲ့သော ကျောင်းသား၊ ကျောင်းသူ ၅၀၀ ခန့်အား အခမဲ့ ပညာသင်ပေးနေကြောင်း၊ နွေရာ သီယဉ်ကျေးလိမ္မာသင်တန်း၌ ကျောင်းသား၊ ကျောင်းသူ နှစ် ထောင်ကျော် တက်ရောက် ကြောင်း၊ ယင်းဗီဒီယိုဖိုင်ကြောင့် အများ ပြည်သူအမြင်မှားမည်ကို စိုးရိမ်မိ ကြောင်း ဆရာတော် ဦးနရပတိ က မိန့်ကြားသည်။

7Day Daily

No comments:

Post a Comment